သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချက်နိုင်ငံ Prague မြို့ပစ်ခတ်မှု ၁၄ ဦးထက်မနည်း သေဆုံး


ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပရပ်ဂ်မြို့ ချားလ်စ် တက္ကသိုလ်ဝင်းထဲက လူ ၁၄ ဦးသေဆုံးခဲ့တဲ့ပစ်ခတ်မှုဖြစ်ရာ ဒဿနိကဗေဒဌာနအဆောက်အဦးဆီသွားနေတဲ့ အရေးပေါ်ကား။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၃)
ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပရပ်ဂ်မြို့ ချားလ်စ် တက္ကသိုလ်ဝင်းထဲက လူ ၁၄ ဦးသေဆုံးခဲ့တဲ့ပစ်ခတ်မှုဖြစ်ရာ ဒဿနိကဗေဒဌာနအဆောက်အဦးဆီသွားနေတဲ့ အရေးပေါ်ကား။ (ဒီဇင်ဘာ ၂၁၊ ၂၀၂၃)

ချက်ပြည်သူ့သမ္မတနိုင်ငံ မြို့တော် Prague (ပရပ်ဂ်) ရဲ့ တက္ကသိုလ်ပုရဝုဏ်တခုအတွင်း ပစ်ခတ်မှုမှာ လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် အနည်းဆုံး လူ ၂၀ လောက် ဒဏ်ရာရသွားကြတယ်လို့ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာန အရာရှိတွေကကို ကိုးကားပြီး အေပီသတင်းမှာ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။

ဒါဟာ ချက်နိုင်ငံရဲ့သမိုင်းမှာ အဆိုးဝါးဆုံး အစုလိုက်ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။

ပစ်ခတ်သူဟာ ကျောင်းသားတယောက်ဖြစ်ပြီး အခင်းဖြစ်ရာနေရာကတော့ ဒဿနိကဗေဒဌာနရှိရာအဆောက်အဦးထဲမှာဖြစ်ခဲ့တာလို့ ပရပ်ဂ် ရဲချုပ် Martin Vondrasek က ပြောပါတယ်။

ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်မှာ ရဲတပ်ဖွဲ့ဆီကို ဖုန်းဝင်လာပြီး Prague မြို့တော်ရဲ့သမိုင်းဝင် မြို့ဟောင်းနေရာ Jan Palach ရင်ပြင်ရှိရာအရပ်က Charles တက္ကသိုလ်ဝင်းအတွင်း ပစ်ခတ်မှုဖြစ်တယ်လို့ အကြောင်းကြားခဲ့တာပါ။ တက္ကသိုလ်ဝင်းထဲက အဆောက်အဦတခု၊ သမိုင်းဝင်ရင်ပြင်နဲ့ အနီးတဝိုက်လမ်းတွေက လူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွက် သံသယရှိတဲ့သေနတ်သမားကိုတော့ ရှင်းလင်းပစ်ခဲ့ပြီလို့ ချက်−ရဲတွေက နောက်ပိုင်းမှာ ပြောလာပေမယ့် အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ ချက်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီး ဗစ်တာ_ရာကုရှန် (Vit Rakusan) ကတော့ အခင်းဖြစ်တဲ့နေရာမှာ အဲဒီ သေနတ်သမားကလွဲလို့ အခြားရန်ပြုလိုတဲ့ သံသယတရားခံ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လူမှုကွန်ယက်မီဒီယာမှာ ပျံ့နှံ့နေတဲ့ဗွီဒီယိုထဲမှာတော့ Jan Palach ရင်ပြင်မှာ လူတွေ ထိတ်လန့်တကြား ပြေးလွှားနေကြတာ၊ အရေးပေါ်ကားတွေ ရောက်လာတာတွေကို မြင်ရပါတယ်။ အခင်းဖြစ်တဲ့နေရာမှာရှိနေတဲ့ မျက်မြင်တဦးက ချက်ခ် ရုပ်သံဌာနကို ဖြေကြားရာမှာတော့ _ မောင်းပြန်သေနတ် ကိုင်ဆောင်ထားတဲ့ လူငယ်တဦးက လူအုပ်ကြား ဝှေ့ယမ်းပစ်ခတ်တာမြင်ခဲ့ရကြောင်း ပြောပါတယ်။

Charles တက္ကသိုလ်ဟာ Prague ရဲ့ မြို့ဟောင်း သမိုင်းဝင် Charles တံတားကနေ မီတာ ၅၀၀ အကွာလောက်မှာရှိပြီး ခရီးသွားအများစု လာရောက်လေ့ ရှိပါတယ်။

ချက်နိုင်ငံ Prague မြို့ပစ်ခတ်မှု ၁၄ ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG