သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Steve Jobs


FILE - In this Sept. 5, 2007, file photo, Apple CEO Steve Jobs introduces the Apple Nano in San Francisco. Walter Isaacson's authorized biography of Steve Jobs comes out on Oct. 24. (AP Photo/Paul Sakuma, File)
FILE - In this Sept. 5, 2007, file photo, Apple CEO Steve Jobs introduces the Apple Nano in San Francisco. Walter Isaacson's authorized biography of Steve Jobs comes out on Oct. 24. (AP Photo/Paul Sakuma, File)

နည်းပညာကို ဈေးကွက်ထဲ၊ နေ့စဉ်လူမှုဘဝထဲ ရင်းနှီးကျွမ်းဝင်အောင် မိတ်ဆက်ပေးခဲ့သလို လူအများ အသုံးတဲ့မယ့် အချက်တွေကို ရွေးပြီး စဉ်းစားတီထွင်လေ့ရှိတဲ့ Steve Jobs ရဲ့ တီထွင်မှုတွေ အကြောင်းကို ဒီတပတ်မှာပြောပြပါရစေ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ရက်နေ့မှာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကွန်ပြူတာလောကရဲ့ တီထွင် ဖန်တီးရှင် Steve Jobs ဟာ ၂၀၀၇ခုနှစ်က iPhone ကို ပထမဆုံး မိတ်ဆက်ပေးခဲ့တာပါ။ နည်းပညာတွေကို သိပ္ပံပညာရှင်တွေနဲ့ ရုံးသုံးသက်သက် မဟုတ်ပဲ အိမ်သုံး လူသုံး ပုဂ္ဂလိကသုံး ဖြစ်လာအောင် တီထွင်ခဲ့သူ Steve Jobs ဟာ ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်လို့ ကာလီဖိုးနီးယား ပြည်နယ်တောင်ပိုင်း POC နည်းပညာ ကုမ္ပဏီက ဒေါက်တာဦးတင်မောင်အေးက ပြောပါတယ်။

“ iPhone ဆိုတာ Apple ကစတာ။ Steve Jobs စပြီး ထွင်လိုက်တာ။ ၂၀၀၇ခုနှစ်မှာ သူက ရောဂါစပြီး ဖြစ်နေတယ်ဆိုတာကို သိတယ်။ ပန်ကရိယ ကင်ဆာဆိုတာ။ အခု ဒီနှစ်အထိပေါ့လေ နေသွားတာ။ အဲဒီတုန်းက သူက စထွင်တာ။ နောက်ဆုံး iPhone က Version 4 S ထုတ်တာက သူဆုံးသွားတာနဲ့ဆို သိပ်မကွာဘူး။ ပစ္စည်း တခုထုတ်ဖို့ ဆိုတာ ရှေ့က အများကြီး Plan (စီမံကိန်း) လုပ်ထားရတာ။ သူကိုယ်တိုင် plan လုပ်ပြီး ဖြစ်အောင်လုပ်ထားတာ။ သူ့အတွက်ကတော့ တော်တော်လေး ဂုဏ်ပြုဖို့ ကောင်းတယ်။ ဘာလို့လဲဆိုတော့ Apple က သူက personal computer trend PC ကွန်ပြူတာ ကနေပြီးတော့ အပြင်ထွက်ပြီးတော့ သူက လူတွေကို တိုက်ရိုက် အသုံးကျစေတယ်။ ဘယ်လိုခေါ်မလဲ။ လူသုံးပစ္စည်းလို ဖြစ်သွားတယ်။ ရုံးမှာတို့ သိပ္ပံဆိုင်ရာမှာတို့ ဌာနဆိုင်ရာ အသုံးထက်ကို သူက လူသုံးအနေမျိုး ဖြစ်အောင် လုပ်ပေးတယ်။ လူအများသုံးအတွက် Apple ကစတာ။

သူဟာ ၁၉၈၄ခုနှစ်မှာ ပန်းသီးအမျိုးစား တမျိုးရဲ့ နံမယ်ဖြစ်တဲ့ McIntosh ကိုယူပြီး Apple ကုမ္ပဏီရဲ့ Macintosh ကွန်ပြူတာကို စထွင်ခဲ့ သလို ၂၀၀၁ခုနှစ်မှာ ကွန်ပြူတာထဲက iTune တို့၊ Podcast တို့ အပြင် ဂီတထုတ်လုပ် ဖြန့်ဖြူးတဲ့ လောကတခုလုံးကို ပြောင်းလဲသွားစေတဲ့ iPod နဲ့ ၂၀၀၇ခုနှစ်မှာ လက်ကိုင်ဖုံး၊ iPod နဲ့ အင်တာနက် သုံးခုစလုံးကို ပေါင်းစပ်ထားတဲ့ iPhone ကိုမိတ်ဆက်ပေးခဲ့သူပါ။

“ Steve Jobs က အသက် ၂၀ပဲရှိသေးတယ်။ အဲဒီတုန်းက ကားဂိုဒေါင်ထဲမှာ စပြီးတော့ လုပ်တာ။ Steve Wozniak စတိဖ် ဝေါ့ဇညက် နဲ့ သူနဲ့ စထွင်တာ။ အသက် ၃၀လဲရောက်ရော ပထမဆုံး Apple ကွန်ပြူတာကို ထုတ်တယ်။ လေးထောင့် သေတ္တာလေးနဲ့ တူတဲ့ဟာ။ အဲဒီကနေပြီး တဖြေးဖြေးနဲ့ ပိုပိုပြီး ကြီးထွားလာတာပေါ့လေ။

ဒါမတိုင်မှီက သူထုတ်ခဲ့တာတွေလည်း အများကြီးပဲ။ ဒါပေမယ့် iPhone စထွက်ကတည်းက အများသုံးနိုင်တဲ့ ပုံစံကွဲဖြစ်ခဲ့တာ။ iPod ဆိုတာ အရင်ဆုံးထွက်တယ်။ iPod က ဂီတနဲ့ ပါတ်သက်တာ။ မြူးစစ် ကုမ္ပဏီတွေနဲ့ ပေါင်းပြီးတော့ iPod ပေါ်မှာ မြူးစစ်ကို ဒေါင်းလုပ် Download လုပ်လို့ ရတယ်။ မြူးစစ်ပေါင်း ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့။ ဆိုတော့ လူငယ်တွေအတွက် အရမ်း အသုံးကျတာပေါ့။ iPod ကို လွန်ခဲ့တဲ့ လေးငါး ဆယ်နှစ်တုန်းက လူငယ်တိုင်းမှာ ရှိတယ်။ အခု iPod က တဖြေးဖြေးနဲ့ ပြောင်းလာပြီးတော့ iPhone ဖြစ်သွားတယ်။

iPhone ဟာ hardware လို့ခေါ်တဲ့ ကွန်ပြူတာနဲ့ software လို့ခေါ်တဲ့ ကိုယ်လိုချင်တာကို ခိုင်းဖို့ ကွန်ပြူတာက နားလည်နိုင်တဲ့ စာနဲ့ ရေးသားတာမျိုးကို နှစ်ပေါင်းများစွာ လေ့လာပြီးမှ တီထွင်ခဲ့တာ ဖြစ်ပြီး၊ ဒီ iPhone ဟာ သုံးစွဲသူတွေအတွက် ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေခဲ့ပါတယ်။ smart phone လို့ခေါ်တဲ့ ဖုံး၊ အီးမေးလ် နဲ့ အင်တာနက်တွဲသုံးလို့ရတဲ့ BlackBerry တို့ Palm Treo တို့ MotoQ တို့အပြင် Nokia E 62 တို့ထက် အသုံးရပိုလွယ်ပြီး ပို smart ဖြစ်စေတဲ့ ဖုံးလို့ သတ်မှတ် ကြပါတယ်။

စမတ်ဖုံးတွေထဲမှာ အပါးဆုံးလို့ သတ်မှတ်တဲ့ iPhone ရဲ့ မျက်နှာပြင်ဟာ တခြားဖုံးတွေထက် ကျယ်ဝန်းသလို home လို့ခေါ်တဲ့ ခလုပ်တခုပဲ ပါပါတယ်။ ဒီခလုပ်ကို နှိပ်ပြီး လက်ချောင်းတွေနဲ့ လိုရာ ခိုင်းနိုင်ပါတယ်။ နောက်ဆုံးပေါ် iPhone 4S မှာတော့ ပါးစပ်နဲ့ ခိုင်းနိုင်ပါတယ်။ အနားကပ်လာတာကို သိနိုင်တဲ့ sensor အလင်းအမှောင်ကိုသိတဲ့ sensor နဲ့ ရွေ့လျားတဲ့အရှိန်ကို သိတဲ့ sensor တွေပါတဲ့ iPhone အပြင် ထူးထူးခြားခြား ထွင်ခဲ့တဲ့ နောက်တမျိုးက iPad ပါ။

“ iPad ဆိုတာ laptop လက်ပတော့ပ်လိုလည်း မဟုတ်ဖူး။ သူက စာအုပ်အငယ်စား ဆိုက်ပဲ။ သူက မြန်မာပြည်က ကျောက်သင်ပုန်းနဲ့ တူတယ်။ မျက်နှာပြင်တခုလုံးမှာ တင်ပြလို့ရတယ်။ စာအုပ်ကလေးလိုပဲ။ ထွက်တာသိပ်မကြာသေးဘူး။ ၂နှစ် သုံးနှစ်လောက်ပဲ ရှိအုံးမယ်။ အဲဒါလည်း သိပ်အသုံးကျတယ်။ ကွန်ပြူတာ အကြီးကြီးတွေထက်ကို လက်ပ်တော့ပ် ဆိုရင်တောင် အတော်ကြီးနေပြီ။ သူကျတော့ စာအုပ်လိုပဲ။ သိပ်ကိုပေါ့တယ်။ နောက် ကွန်ပြူတာမှာ လုပ်နိုင်သမျှ အားလုံး လုပ်လို့ ရတယ်”

နည်းပညာဈေးကွက်မှာ Tablet လို့ခေါ်တဲ့ ကွန်ပြူတာ အပြားပါးပါးလေးတွေ ပေါ်နေတာ ကြာနေပေမယ့် လက်ပ်တော့ ကွန်ပြူတာ တွေကိုသာ သုံးနေကြတာပါ။ ဒါပေမယ့် သူ့ရဲ့ iPad ပေါ်လာတဲ့ နောက်မှာတော့ iPad ဟာ လူတိုင်းအတွက် ဖြစ်ခဲ့ပါတယ်။ Apple ကုမ္ပဏီ က Steve Jobs ရဲ့ တီထွင်မှုတွေဟာ ထူးခြားလှပါတယ်။

“ဆီလီကွန် ဗဲလ်လီ Silicon Valley မှာ အများက လုပ်နေတာ အဲဒီ သူ့ရဲ့ ကွန်ပြူတာ ထွင်တဲ့ ဈေးကွက် (Market Trend) ပေါ်မှာ မူတည်နေတယ်။ Silicon Valley ကသိတဲ့ အတိုင်းပဲ လျှပ်စစ်ပစ္စည်းအများဆုံးထုတ်တဲ့ နေရာ။ လူတွေက အကုန်လိုက်လုပ်ကြတာ။ ဆိုတော့ Silicon Valley ရဲ့ တက်ကနိုလိုဂျီ Technology (နည်းပညာ) တိုးတက်မှု ဖြစ်လာတယ်။ နည်းပညာ သမိုင်း History ဟာ Apple မပါလို့ ရှိရင် ဒီလို ဖြစ်ချင်မှ ဖြစ်မယ်။ Apple ကစလိုက်တာကြောင့် ကျန်တဲ့ နည်းပညာတွေလည်း အများကြီး တိုးတက်လာတာ”

အခု Steve Jobs ဆုံးသွားတဲ့ နောက်ပိုင်းမှာ Apple ရဲ့ တီထွင်နိုင်အား Silicon Valley တခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့တဲ့ နည်းပညာ ထွင်တာမျိုး နောက်ပိုင်းမှာ ဆက်ပေါ်လာဖို့ အလားအလာကိုကြည့်ရအောင်ပါ

“Steve Jobs လိုလူမျိုးကတော့ နဲနဲတော့ ရှားတယ်။ ဒါပေမယ့် software အပိုင်းကတော့ ထူးထူးခြားခြား ထွက်လာသူတွေ အများကြီးပဲ။ ဥပမာ Google စတဲ့သူတို့။ နောက် facebook တို့။ လူငယ်လေးတွေပဲ။ ကျောင်းကို ပြီးအောင်မတက်ကြပဲ အပြင်ထွက်ပြီး အလုပ်လုပ်ကြတဲ့ သူတွေ။ Steve Jobs လဲ ဒီလိုပဲ။ ကျောင်း မပြီးဘူး။ ကျောင်းကနေ ထွက်ပြီးတော့ သူ ကွန်ပြူတာ နည်းပညာကို ဝင်လုပ်တယ်။ အဲဒီလို လူမျိုးတွေ အခုလည်း ရှိတယ်။ ဒါပေမယ့် software အပိုင်းကများတယ်။ ကွန်ပြူတာရှိရင် အဲဒီ ကွန်ပြူတာကို သုံးပြီးတော့ ပစ္စည်းတခု ဘယ်လိုအမျိုးမျိုး သုံးနိုင်မလဲဆိုတာ အဲဒါ software ရေးတာပေါ့လေ။ application software ။ အဲဒီဟာတွေတော့ အများကြီး ရှိတယ်။ Steve Jobs လို hardware နဲ့ ပတ်သက်တာ။ hardware ဆိုတာ ကွန်ပြူတာနဲ့ ပါတ်သက်တာမျိုး သိပ်မတွေ့ရသေးဘူး။

သူ့ trend ထွင်ထားတဲ့ ပုံစံမျိုးကတော့ သူ့ကုမ္ပဏီမှာ ရှိနေတယ်ဆိုတော့ အတူတူ လုပ်ခဲ့တဲ့ သူတွေက ဆက်လုပ်သွားမယ်လို့ ထင်တယ်လေ။ သူ့နေရာကို သူမဆုံးခင်မှာပဲ Tim Cook ကိုခန့်ထားလိုက်တယ် နေရာပေးလိုက်တယ်။ ဆိုတော့ သူတို့ကတော့ Steve Jobs ရဲ့ လိုင်းကို သိထားပြီးပြီ ဆိုတော့ သူတို့ ဆက်လုပ်ကြမှာ ပေါ့လေ”

မြန်မာနိုင်ငံမှာ တီထွင်ပညာရှင်လေးတွေ ပေါ်လာဖို့ အလားအလာကော မြင်ပါလား ဆရာ

“သူက သုံးတဲ့သူ use လုပ်တဲ့သူပေါ်မှာ တည်ပြီးတော့ ဒါတွေက ထွက်တာကိုး။ ဒီအတိုင်း ထွင်ပြီးမှ လူတွေက လိုက်သုံးတာ use လုပ်တာ မဟုတ်ဖူး။ user သုံးသူတွေကို ကြည့်ပြီးတော့ ဘာလိုလဲဆိုတာ ကိုမှ သူတို့က အဲဒါကို ရအောင် ထွင်တာ။ အဲဒီတော့ မြန်မာပြည်မှာက အဲဒီလို openly use ပွင့်ပွင့်လင်းလင်းသုံး နိုင်တဲ့သူ များရင်တော့ အဲဒီလိုမျိုး ပေါ်လာနိုင်မှာပေါ့။ software ကတော့ နေရာတကာမှာ ထွင်လို့ရတယ်။ ကွန်ပြူတာ ရှိရင်ပေါ့လေ။ ဆိုတော့ software နဲ့ ပါတ်သက်လို့ မြန်မာတွေလည်း လုပ်နိုင်တာပဲ။ ဉာဏ်ထက်တဲ့ ကလေးတွေ ရှိတာပဲ။ ဒါပေမယ့် ဒီမှာလိုတော့ environment ခေါ်မှာပေါ့။ ပတ်ဝန်းကျင်က မရှိဘူး။ ဒီလို ပတ်ဝန်ကျင်မရှိရင် နဲနဲခဲယဉ်းတာပေါ့။ ပတ်ဝန်ကျင်ရှိလာအောင် create ဖန်တီးပေးရမယ်”

ဆရာဦးတင်မောင်အေးရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG