သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရွေးစနစ် မကျေနပ်သူတချို့ စင်္ကာပူမှာ ဆန္ဒပြ


စင်္ကာပူက ဆန္ဒပြနေသူများ
စင်္ကာပူက ဆန္ဒပြနေသူများ

စင်္ကာပူနိုင်ငံရဲ့သမ္မတအဖြစ် အမျိုးသမီးတဦး ပထမဆုံးဖြစ်လာပြီးတဲ့နောက် ဒီအပေါ် မကျေနပ်ကြတဲ့ စင်္ကာပူနိုင်ငံသားတွေ စနေနေ့က စုဝေးဆန္ဒပြကြ ပါတယ်။ ရွေးကောက်ပွဲ ကျကျနနမလုပ်တဲ့အပေါ် ပြစ်တင် ဝေဖန်တဲ့ စင်္ကာပူနိုင်ငံသား ရာပေါင်း များစွာ စုဝေးပြီး ရှားရှားပါးပါး နိုင်ငံရေးဆန္ဒပြပွဲတခုအဖြစ် ပန်းခြံတခုမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထိုင်သပိတ် မှောက်ကြတာပါ။ လွှတ်တော်ဥက္ကဌဟောင်းတဦးဖြစ်သူ မလေး မူဆလင် လူနည်းစုဝင် Halimah Yacob ဟာ စင်္ကာပူသမ္မတအဖြစ် ကြာသပတေးနေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ သူနဲ့အတူ ပြိုင်အရွေးခံသူနှစ်ဦးကို အရည်အချင်းမပြည့်မီကြောင်း သတ်မှတ်ပြီးတဲ့နောက် ယှဉ်ပြိုင်သူမရှိ၊ မဲခွဲစရာမလိုဘဲ သမ္မတဖြစ်လာတာပါ။

လူသိများ ထင်ရှားပြီးသားပုဂ္ဂိုလ်တဦး အနိုင်ရအောင် အသေအချာ အကွက်ချစီစဉ်ခဲ့တာဆိုပြီး လူမှုဆက်သွယ်ရေးကွန်ယက် မီဒီယာတွေပေါ်မှာ ဝေဖန် ပြောဆိုတာတွေ ထွက်လာပြီးတဲ့နောက် ဆန္ဒပြပွဲဖြစ်လာတာပါ။

စင်္ကာပူနိုင်ငံမှာ သမ္မတရဲ့အခန်းကဏ္ဍဟာ အများအားဖြင့် ဂုဏ်ထူးဆောင်သဘောလောက်ပဲ ဖြစ်ပေမဲ့ အစိုးရအဖွဲ့ အဓိက ရာထူး နေရာခန့်ထားမှုတွေကို ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်သလို တိုင်းပြည် အရန်ဘဏ္ဍာငွေ အမြောက်အများကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့တာဝန်လည်း ရှိပါတယ်။

ဆန္ဒပြသူတွေကတော့ သူတို့ဟာ သမ္မတကိုကန့်ကွက်တာမဟုတ်ဘဲ ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်ခွင့် မရတဲ့စနစ်ကို ဆန့်ကျင်တာသာဖြစ်တယ်လို့ ပြောကြပါတယ်။ ဆန္ဒပြသူ ၂,၀၀၀ လောက်ရှိတယ်လို့ စီစဉ်သူတွေကပြောပေမဲ့ AFP သတင်း ထောက်တဦး ရေတွက်တာအရတော့ ၈၀၀ လောက်ပဲ ရှိပါတယ်။

သမ္မတရွေးစနစ် မကျေနပ်သူတချို့ စင်္ကာပူမှာ ဆန္ဒပြ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG