သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးဆက်သစ်ကို အာဏာလွှဲမယ်လို့ စင်ကာပူဝန်ကြီးချုပ် ကြေညာ


ဒုတိယခေါင်းဆောင် လောရင့်စ် ဝေါင်း (Lawrence Wong)
ဒုတိယခေါင်းဆောင် လောရင့်စ် ဝေါင်း (Lawrence Wong)

၂၀၂၅ အထွေထွေရွေးကောက်ပွဲမတိုင်မီမှာ လာမယ့်မျိုးဆက်ကို အာဏာလွှဲပြောင်းမယ်လို့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) က တနင်္ဂနွေနေ့ မှာ ကြေညာလိုက်ပါတယ်။

အသက် ၇၁ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာလီဟာ အသက် ၇၀ မွေးနေ့မတိုင်မီ ၂၀၂၂ မှာ ဒုတိယခေါင်းဆောင် လောရင့်စ် ဝေါင်း (Lawrence Wong) ကို လွှဲပေးဖို့စီစဥ်ခဲ့တာပါ။ ဒါပေမဲ့ ကိုဗစ်အကြပ်အတည်းအပြီးထိ စင်္ကာပူကို ဦးဆောင်ရမယ်ဆိုပြီး လွှဲပြောင်းရေးကို ရွှေ့ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

၂၀၂၅ ရွေးကောက်ပွဲမတိုင်မီမှာ လောရင့်စ်ဝေါင်းနဲ့အဖွဲ့ကို ဦးဆောင်မှုလွှဲပေးပြီး ဝန်ကြီးချုပ်သဘောအတိုင်း သူနေမှာ ဖြစ်တယ်လို့ မစ္စတာလီရှန်လွန်းက ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) အဖွဲ့ဝင်တွေကို ပြောကြားခဲ့တာပါ။ အသက် ၅၀ ရှိပြီဖြစ်တဲ့ မစ္စတာဝေါင်းက လက်ရှိ ဘဏ္ဍာရေးဝန်ကြီးဖြစ်ပါတယ်။ ၂၀၀၄ ကတည်းက ဝန်ကြီးချုပ်ဖြစ်လာတဲ့လီရှန်လွန်းက လွှဲပြောင်းချိန် အတိအကျကိုတော့ ပြောမသွားခဲ့ပါဘူး။

မစ္စတာလီရှန်လွန်းဟာ စင်္ကာပူရဲ့ပထမဆုံးဝန်ကြီးချုပ် လီကွမ်းယူရဲ့သားဖြစ်ပြီး မစ္စတာဝေါင်းသာဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် မစ္စတာလီကွမ်းယူ မိသားစုမဟုတ်တဲ့ဒုတိယမြောက်ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

မျိုးဆက်သစ်ကို အာဏာလွှဲမယ်လို့ စင်ကာပူဝန်ကြီးချုပ် ကြေညာ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG