သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စကာၤပူထိပ်သီးအတွက် ကန်ရဲ့ မူလရည်မှန်းချက်မပျောက်ပျက်


အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ရဲ့ ပထမဆုံးအကြိမ် ထိပ်သီးစည်းဝေးပွဲ မတိုင်ခင်မှာဘဲ ဒီ ဆွေးနွေးမှုက ထွက်လာတဲ့ ဘယ်ရလာဒ်မျိုးမဆိုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ် ပစ်လွတ်မှုတွေကို အဆုံးသတ်စေမယ့် ရလဒ်မျိုး ဖြစ်မယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ထွက်လာမယ့် သဘောတူညီချက်တွေဟာ အရင်အစိုးရလက်ထက်က ရခဲ့တဲ့ မခိုင်မာတဲ့ သဘောတူညီချက်မျိုး ဖြစ်မှာမဟုတ်ကြောင်း သမ္မတဟောင်း Barack Obama အစိုးရကို ရည်ညွန်းပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းကဘဲ စင်္ကာပူနိုင်ငံမှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ သံတမန်ရေး နည်းလမ်းနဲ့ ညှိနှိုင်း အဖြေရှာခြင်းရဲ့ ဦးတည်ချက်ဖြစ်တဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ကင်းမဲ့ဇုန် ဖြစ်ရေးအတွက် စုံစမ်း စစ်ဆေးခွင့်ရှိတဲ့ ပြီးပြည်စုံတဲ့ ရလဒ်မျိုးကိုသာ လက်ခံမှာ ဖြစ်ကြောင်း ဝန်ကြီး Pompeo က ပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားအနေနဲ့ သူ့ရဲ့ နျူကလီးယား လက်နက်တွေ အကုန်လုံး ဖျက်သိမ်းပြီးကြောင်း အတည်ပြုနိုင်တဲ့ ကာလအထိ ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက် ထားရှိသွားမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Pompeo က ပြောပါတယ်။

သံတမန်ရေးနည်းလမ်းအရ ကြိုးပမ်းမှုတွေကနေ အဲဒီဘက်ကို ဦးတည်မသွားဘူးဆိုရင် ပိတ်ဆို့အရေးယူမှုတွေကို ဆက်ထားသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာ သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ပြုလုပ်မယ့် ထိပ်သီး စည်းဝေးပွဲကနေ အောင်မြင်တဲ့ ရလဒ်တွေ ရရှိလိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းလည်း ဝန်ကြီး Pompeo က ပြောပါတယ်။

စကာၤပူထိပ်သီးအတွက် ကန်ရဲ့ မူလရည်မှန်းချက်မပျောက်ပျက်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG