သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယား နဲ႔ အင္ဒိုနီးရွား ေခါင္းေဆာင္ ၂ ဦး ျမန္မာ႔အေရးေဆြးေႏြး


(Zawgyi / Unicode)

ေတာင္ကုိရီးယားႏုိင္ငံမွာ ေရာက္ရွိေနတဲ့ အင္ဒုိနီးရွားသမၼတနဲ႔ ေတာင္ကုိရီးယားသမၼတတုိ႔ ေဆြးေႏြးခဲ့ၾကၿပီး ျမန္မာႏုိင္ငံ အပါအ၀င္ ေဒသတြင္းနဲ႔ ႏိုင္ငံတကာ ကိစၥေတြမွာ ႏွစ္ႏုိင္ငံ ပူးေပါင္းေဆာင္ရြက္ဖုိ႔ သေဘာတူညီခ်က္ေတြ ရရွိခဲ့တယ္လို႔ ေတာင္ကုိရီးယား သမၼတက ၾကာသပေတးေန႔မွာ ေျပာဆုိပါတယ္။
“ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီ ျပန္လည္ရရွိေရးနဲ႔ လူသားခ်င္း စာနာမႈ ျပႆနာေတြကုိ ေျဖရွင္း ႏုိင္ေရး အတြက္ ဆက္လက္ကူညီ လုပ္ေဆာင္သြားဖုိ႔ကုိလည္း ႏွစ္ႏုိင္ငံ သေဘာတူညီခဲ့ၾကပါတယ္” လို႔ အင္ဒုိနီးရွားသမၼတ Joko Widodo နဲ႔ ေတြ႕ဆုံခဲ့တဲ့ ေတာင္ကုိရီးယားသမၼတ Yoon Seok-youl ကေျပာဆုိသြားတာပါ။

ျမန္မာစစ္ေကာင္စီက ကြပ္မ်က္လိုက္တဲ့ လႊတ္ေတာ္အမတ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္၊ ဒီမိုကေရစီေရး လႈပ္ရွားသူ ကိုဂ်င္မီ၊ ကိုေအာင္သူရေဇာ္နဲ႔ ကိုလွမ်ဳိးေအာင္တို႔အတြက္ ၾကာသပေတးေန႔မွာပဲ ေတာင္ကိုရီးယား သံဃာေတြနဲ႔ ဗုဒၶဘာသာ၀င္ေတြ ဆိုးလ္ၿမိဳ႕ေတာ္မွာ စုေ၀းၿပီး ဆုေတာင္းေမတၱာ ပို႔သခဲ့ၾကပါတယ္။

ဒီမိုကေရစီေရး လႈပ္ရွားသူ ၄ ဦးကုိ ေသ ဒဏ္စီရင္ခဲ့တဲ့အတြက္ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝိုင္းအျပင္ ေဒသတြင္း ႏိိုင္ငံေတြကလည္း စိုးရိမ္တဲ့ သေဘာထားေတြ ေျပာဆိုေနၾကတာပါ။ ASEAN ရဲ႔ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ ေဖာ္ရမယ့္အစား ေနာက္ျပန္ဆုတ္တဲ့ လုပ္ရပ္အျဖစ္နဲ႔လည္း အင္ဒုိနီးရွားႏုိင္ငံျခားေရး၀န္ႀကီး Retno Marsudi ကၾကာသပေတး ေန႔မွာပဲေျပာဆုိခဲ့ပါတယ္။ စီးပြားေရး အင္အားႀကီး ၇ ႏိုင္ငံ G-7 ႏိုင္ငံျခားေရး၀န္ႀကီးေတြကလည္း ဒီမိုကေရစီေရး လႈပ္ရွားသူ ၄ ေယာက္ ကြပ္မ်က္ခံရတဲ့အေပၚ အျပင္းအထန္ ရႈတ္ခ်ခဲ႔ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

တောင်ကိုရီးယား နဲ့ အင်ဒိုနီးရှား ခေါင်းဆောင် ၂ ဦး မြန်မာ့အရေးဆွေးနွေး

တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတနဲ့ တောင်ကိုရီးယားသမ္မတတို့ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတက ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးနဲ့ လူသားချင်း စာနာမှု ပြဿနာတွေကို ဖြေရှင်း နိုင်ရေး အတွက် ဆက်လက်ကူညီ လုပ်ဆောင်သွားဖို့ကိုလည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်” လို့ အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့ တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယားသမ္မတ Yoon Seok-youl ကပြောဆိုသွားတာပါ။

မြန်မာစစ်ကောင်စီက ကွပ်မျက်လိုက်တဲ့ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့အတွက် ကြာသပတေးနေ့မှာပဲ တောင်ကိုရီးယား သံဃာတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ ဆိုးလ်မြို့တော်မှာ စုဝေးပြီး ဆုတောင်းမေတ္တာ ပို့သခဲ့ကြပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို သေ ဒဏ်စီရင်ခဲ့တဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအပြင် ဒေသတွင်း နိုင်ငံတွေကလည်း စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုနေကြတာပါ။ ASEAN ရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်ရမယ့်အစား နောက်ပြန်ဆုတ်တဲ့ လုပ်ရပ်အဖြစ်နဲ့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကကြာသပတေး နေ့မှာပဲပြောဆိုခဲ့ပါတယ်။ စီးပွားရေး အင်အားကြီး ၇ နိုင်ငံ G-7 နိုင်ငံခြားရေးဝန်ကြီးတွေကလည်း ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ယောက် ကွပ်မျက်ခံရတဲ့အပေါ် အပြင်းအထန် ရှုတ်ချခဲ့ကြပါတယ်။

XS
SM
MD
LG