သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူေပါင္း ၂ဝဝဝ ေက်ာ္ ေနရာစရာမဲ့ျဖစ္ေစတဲ႔ ပုသိမ္လုျံခံဳေရးတိုးျမွင္႔မႈ 


လူေပါင္း ၂၀၀၀ ေက်ာ္ ေနရာစရာမဲ့ျဖစ္ေစတဲ႔ ပုသိမ္လုျံခံဳေရးတိုးျမွင္႔မႈ

လူေပါင္း ၂ဝဝဝ ေက်ာ္ ေနရာစရာမဲ့ျဖစ္ေစတဲ႔ ပုသိမ္လုျံခံဳေရးတိုးျမွင္႔မႈ

{{Zawgyi/Unicode}}
ဧရာ၀တီတိုင္း ၊ ပုသိမ္ဘူတာႀကီး နဲ႔ ငဝန္ျမစ္ၾကားက ရထားလမ္း တဖက္တခ်က္မွာရွိေနတဲ့ လူေနအိမ္ေျခ ၄၀၀ နီးပါးကို အျမန္ဆုံးေျပာင္းေ႐ႊ႕ေပးဖို႔ စာထုတ္ထားၿပီး အိမ္တခ်ိဳ႕ကို ဒီေန႔စတင္ၿဖိဳဖ်က္ေနၿပီလို႔ ေဒသခံေတြက ဗြီအိုေအ ကို ေျပာပါတယ္။ စစ္ေကာင္စီက ဧရာဝတီတိုင္းမွာ ဒီရက္ပိုင္း လုံၿခဳံေရးကိုပိုၿပီး တိုးျမႇင့္လုပ္ေဆာင္ေနၿပီး ရန္ကုန္-ပုသိမ္ - ေခ်ာင္းသာ သြားလာေနတဲ့ ကားေတြနဲ႔ တည္းခိုခန္းေတြကို ပိုၿပီးစစ္ေဆးလာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဧရာဝတီတိုင္းအတြင္း လုံျခဳံေရးတင္းၾကပ္လာတဲ့အေၾကာင္း သတင္းေပးပို႔ခ်က္ ကို ကိုရဲမြန္ က ေျပာျပမွာပါ။

လူဦးေရ ၂,၀၀၀ နီးပါးေနထိုင္ေနၾကတဲ့ ပုသိမ္ၿမိဳ႕ ၆ ရပ္ကြက္၊ ရထားလမ္း တဖက္တခ်က္မွာရွိတဲ့ ပိုင္ဆိုင္မႈ အေထာက္အထား အခိုင္အမာမရွိတဲ့ ေနအိမ္ေတြကို စစ္ေကာင္စီ လုံၿခဳံေရးအဖြဲ႕ေတြက ဒီကေန႔စၿပီး ၿဖိဳဖ်က္ေနၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိေနတဲ့ေနရာကေန ထြက္ခြာေပးရမယ္ဆိုတဲ့ ေၾကညာခ်က္ကို ထုတ္ျပန္ထားတဲ့အတြက္ တခ်ိဳ႕ကနီးစပ္ရာ လူမႈကူညီေရးအဖြဲ႕ေတြကို အကူအညီေတာင္းထားတယ္လို႔ အသင္းတခုရဲ႕ တာဝန္ခံက ဗြီအိုေအကို ေျပာပါတယ္။

" က်ေနာ္တို႔ အၿမဲေထာက္ပံ့ေပးေနတဲ့ ရပ္ကြက္ကေလးတခုေပါ့ေနာ္၊ သူတို႔ေတြက အဲဒီ ရထားနယ္ေျမထဲပါလို႔ သူတို႔လည္းဖ်က္ေပးရမယ္တဲ့ အခုေတာင္ က်ေနာ့ကို လွမ္းအကူအညီ ေတာင္းထားတာ၊ ဌာနဆိုင္ရာေတြကေန သူတို႔ဖာသာ လုပ္ပိုင္ခြင့္ေတြနဲ႔ လုပ္သြားၾကတာေပါ့ေနာ္။ က်ေနာ္တို႔ကေတာ့လည္း က်ေနာ္တို႔ကို လွမ္းအကူအညီေတာင္းေတာ့ သူတို႔စားဝတ္ေနေရးေလာက္ပဲ တတ္ႏိုင္ေပးမယ္၊ ေနဖို႔ထိုင္ဖို႔က် က်ေနာ္တို႔အေနအထားနဲ႔ ဘာမွ အကူအညီေပးလို႔ မရႏိုင္ဘူးေပါ့။"

က်ဴးေက်ာ္ပ်ံက်ေနထိုင္တဲ့ ေနရာေတြကို ရွင္းလင္းတာနဲ႔ ပတ္သက္ၿပီး ေဒသခံေတြကေတာ့ လုံၿခဳံေရးအရ လုပ္ေဆာင္တာလို႔ ျမင္ေၾကာင္းေျပာပါတယ္။ ပုသိမ္ၿမိဳ႔ အပါအဝင္ ဧရာဝတီတိုင္းက ၿမိဳ႕နယ္အမ်ားစုမွာ လုံၿခဳံေရး တိုးျမႇင့္ထားသလို ကမ္းေျခနဲ႔ ထိစပ္တဲ့ ေဒသေတြကို ပိုၿပီးစစ္ေဆးေနတဲ့အေၾကာင္းလည္း ပုသိမ္ၿမိဳ႕ခံတဦးက ဗြီအိုေအကို ေျပာပါတယ္။

" ဒီရက္ပိုင္းထဲမွာ ငါးဦးစီးတို႔၊ သစ္ေတာတို႔ အဲဒီလို အထဲကေန အေကာင္ႀကီးႀကီးေတြ ဆင္းဖို႔ရွိတယ္လို႔ သတင္းၾကားတယ္၊ သတင္းၾကားၿပီးတာနဲ႔ တၿပိဳင္နက္ တိုက္ေလယာဥ္ေတြဝဲတယ္၊ ၿပီးသြားရင္ စစ္ေၾကာင္းေတြ လွည့္ပတ္ထိုးတယ္၊ ကင္းပုန္းေတြ ခ်တယ္ေပါ့ေနာ္။ ကမ္းေျခေတြ။ ကမ္းေျခေဒသေတြကို ဒီရက္ပိုင္းမွာ ပိုၿပီးဖိတယ္၊ PDF ေတြ ရွိေနတယ္ အထင္နဲ႔ေပါ့ဗ်ာ။"

မ်ားေသာအားျဖင့္ ဘဏ္ေတြေရွ႕မွာ လုံၿခဳံေရး အျပည့္ခ်ထားၿပီး ျဖတ္သြားတဲ့ ဆိုင္ကယ္ေတြကို အဓိက ေမးျမန္းစစ္ေဆးတာေတြ လုပ္ေဆာင္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္-ပုသိမ္ လမ္းမႀကီးေပၚမွာေတာ့ အေဝးေျပးကားေတြေပၚမွာ သယ္ေဆာင္လာတဲ့ ကုန္ပစၥည္းေတြကို စစ္ေဆးေတြ လုပ္ေနတယ္လို႔ ယာဥ္ေမာင္း တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ဧရာဝတီတိုင္း ၿမိဳ႕နယ္တခ်ိဳ႕မွာ ဒီရက္ပိုင္းအတြင္း ဗုံးေပါက္ကြဲမႈေတြရွိခဲ့သလို လုံျခဳံေရးအရ စုံစမ္းစစ္ေဆးမႈေတြလည္း တိုးလာတဲ့အေၾကာင္း ေဒသ သတင္းမီဒီယာေတြမွာ ေရးသားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............................................................................

လူပေါင်း ၂ဝဝဝ ကျော် နေရာစရာမဲ့ဖြစ်စေတဲ့ ပုသိမ်လုြံခုံရေးတိုးမြှင့်မှု

{{Zawgyi/Unicode}}
ဧရာဝတီတိုင်း ၊ ပုသိမ်ဘူတာကြီး နဲ့ ငဝန်မြစ်ကြားက ရထားလမ်း တဖက်တချက်မှာရှိနေတဲ့ လူနေအိမ်ခြေ ၄၀၀ နီးပါးကို အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ စာထုတ်ထားပြီး အိမ်တချို့ကို ဒီနေ့စတင်ဖြိုဖျက်နေပြီလို့ ဒေသခံတွေက ဗွီအိုအေ ကို ပြောပါတယ်။ စစ်ကောင်စီက ဧရာဝတီတိုင်းမှာ ဒီရက်ပိုင်း လုံခြုံရေးကိုပိုပြီး တိုးမြှင့်လုပ်ဆောင်နေပြီး ရန်ကုန်-ပုသိမ် - ချောင်းသာ သွားလာနေတဲ့ ကားတွေနဲ့ တည်းခိုခန်းတွေကို ပိုပြီးစစ်ဆေးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်း လုံခြုံရေးတင်းကြပ်လာတဲ့အကြောင်း သတင်းပေးပို့ချက် ကို ကိုရဲမွန် က ပြောပြမှာပါ။

လူဦးရေ ၂,၀၀၀ နီးပါးနေထိုင်နေကြတဲ့ ပုသိမ်မြို့ ၆ ရပ်ကွက်၊ ရထားလမ်း တဖက်တချက်မှာရှိတဲ့ ပိုင်ဆိုင်မှု အထောက်အထား အခိုင်အမာမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီ လုံခြုံရေးအဖွဲ့တွေက ဒီကနေ့စပြီး ဖြိုဖျက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိနေတဲ့နေရာကနေ ထွက်ခွာပေးရမယ်ဆိုတဲ့ ကြေညာချက်ကို ထုတ်ပြန်ထားတဲ့အတွက် တချို့ကနီးစပ်ရာ လူမှုကူညီရေးအဖွဲ့တွေကို အကူအညီတောင်းထားတယ်လို့ အသင်းတခုရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ အမြဲထောက်ပံ့ပေးနေတဲ့ ရပ်ကွက်ကလေးတခုပေါ့နော်၊ သူတို့တွေက အဲဒီ ရထားနယ်မြေထဲပါလို့ သူတို့လည်းဖျက်ပေးရမယ်တဲ့ အခုတောင် ကျနော့ကို လှမ်းအကူအညီ တောင်းထားတာ၊ ဌာနဆိုင်ရာတွေကနေ သူတို့ဖာသာ လုပ်ပိုင်ခွင့်တွေနဲ့ လုပ်သွားကြတာပေါ့နော်။ ကျနော်တို့ကတော့လည်း ကျနော်တို့ကို လှမ်းအကူအညီတောင်းတော့ သူတို့စားဝတ်နေရေးလောက်ပဲ တတ်နိုင်ပေးမယ်၊ နေဖို့ထိုင်ဖို့ကျ ကျနော်တို့အနေအထားနဲ့ ဘာမှ အကူအညီပေးလို့ မရနိုင်ဘူးပေါ့။"

ကျူးကျော်ပျံကျနေထိုင်တဲ့ နေရာတွေကို ရှင်းလင်းတာနဲ့ ပတ်သက်ပြီး ဒေသခံတွေကတော့ လုံခြုံရေးအရ လုပ်ဆောင်တာလို့ မြင်ကြောင်းပြောပါတယ်။ ပုသိမ်မြို့ အပါအဝင် ဧရာဝတီတိုင်းက မြို့နယ်အများစုမှာ လုံခြုံရေး တိုးမြှင့်ထားသလို ကမ်းခြေနဲ့ ထိစပ်တဲ့ ဒေသတွေကို ပိုပြီးစစ်ဆေးနေတဲ့အကြောင်းလည်း ပုသိမ်မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" ဒီရက်ပိုင်းထဲမှာ ငါးဦးစီးတို့၊ သစ်တောတို့ အဲဒီလို အထဲကနေ အကောင်ကြီးကြီးတွေ ဆင်းဖို့ရှိတယ်လို့ သတင်းကြားတယ်၊ သတင်းကြားပြီးတာနဲ့ တပြိုင်နက် တိုက်လေယာဉ်တွေဝဲတယ်၊ ပြီးသွားရင် စစ်ကြောင်းတွေ လှည့်ပတ်ထိုးတယ်၊ ကင်းပုန်းတွေ ချတယ်ပေါ့နော်။ ကမ်းခြေတွေ။ ကမ်းခြေဒေသတွေကို ဒီရက်ပိုင်းမှာ ပိုပြီးဖိတယ်၊ PDF တွေ ရှိနေတယ် အထင်နဲ့ပေါ့ဗျာ။"

များသောအားဖြင့် ဘဏ်တွေရှေ့မှာ လုံခြုံရေး အပြည့်ချထားပြီး ဖြတ်သွားတဲ့ ဆိုင်ကယ်တွေကို အဓိက မေးမြန်းစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ်မှာတော့ အဝေးပြေးကားတွေပေါ်မှာ သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးတွေ လုပ်နေတယ်လို့ ယာဉ်မောင်း တချို့က ဗွီအိုအေကို ပြောပါတယ်။ ဧရာဝတီတိုင်း မြို့နယ်တချို့မှာ ဒီရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုတွေရှိခဲ့သလို လုံခြုံရေးအရ စုံစမ်းစစ်ဆေးမှုတွေလည်း တိုးလာတဲ့အကြောင်း ဒေသ သတင်းမီဒီယာတွေမှာ ရေးသားကြပါတယ်။

XS
SM
MD
LG