သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်သတင်း ခိုင်လုံမှုတိုင်းတာတဲ့စနစ် တည်ထွင်မည်


အင်တာနက် online ပေါ်မှာ တင်နေတဲ့ သတင်းတွေရဲ့ သတင်းအရင်းအမြစ်တွေ ဘယ်လောက်ယုံကြည်စိတ်ချရမှု ရှိတယ်ဆိုတာကို ဆန်းစစ် ခွဲခြား ဖေါ်ထုတ်နိုင်ဖို့အတွက် သတင်းအဖွဲ့အစည်း ၇၅ ဖွဲ့နဲ့ ဒိတ်ဒိတ်ကြဲ လူမှုမီဒီယာတွေဖြစ်ကြတဲ့ Facebook, Twitter, Google စတာတွေနဲ့အတူ တခြားနည်းပညာ ကုမ္ပဏီတွေပူးပေါင်းထားတဲ့ အဖွဲ့ကို ကြာသပတေးနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

သတင်းဌာနတွေနဲ့ နည်းပညာကုမ္ပဏီတွေ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ “Trust Project” လို့ အမည်ပေးထားတဲ့ အဖွဲ့ဟာ ကာလီဖိုးနီးယားပြည်နယ် Santa Clara မှာ တွေ့ဆုံကြပြီး စာဖတ်သူတွေအနေနဲ့ သတင်းတပုဒ်အပေါ် ဘယ်လောက်ယုံကြည် လက်ခံနိုင်လောက်တယ် ဆိုတာကို တိုင်းတာနိုင်ဖို့ ညှိနှိုင်းစီစဉ် ခဲ့ကြပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာသုံးပြီးတော့ လူမှုဆက်သွယ်မှုကွန်ယက်တွေ အသုံးပြုလာတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ ဘယ်ကြော်ငြာက အမှန်ဖြစ်တယ် ဘယ်သတင်းက ယုံကြည်စိတ်ချရတယ်၊ ဘယ်ဟာကတော့ အတုအယောင် သတင်းမှား ဖြစ်တယ်ဆိုတာကို ပြောရဖို့ ပိုပြီး ခက်ခဲလာနေပါတယ်လို့ project director လည်းဖြစ် Santa Clara တက္ကသိုလ် ကျင့်ဝတ်ပြထန်းမှုဆိုင်ရာဌာနက Sally Lehrman ကပြောပါတယ်။

တိုင်းတာမှုတွေအရ အွန်လိုင်းမှာ ဖေါ်ပြထားတဲ့ သတင်း၊ သတင်းဆောင်းပါးနဲ့အတူ အင်္ဂလိပ် အက္ခရာ အိုင် “I” အမှတ်အသား ပူးတွဲဖေါ်ပြပြီး၊ ဒီသတင်းကို ဘယ်လိုရေးသားတယ်၊ မီဒီယာအဖွဲ့အစည်းရဲ့ အဆင့်အတန်း၊ ရေးသားသူဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတဲ့ အထောက်အထား စတာတွေကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။

Google, Facebook နဲ့ Twitter အစရှိတဲ့ လူမှုကွန်ယက် မီဒီယာတွေဟာ သတင်းမှားတွေ ဖြန့်ချီပေးနေတယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။ အထူးသဖြင့် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလအတွင်း ရုရှားက ပြုလုပ်ခဲ့ပါတယ်။

လူမှုကွန်ယက်သတင်း ခိုင်လုံမှုတိုင်းတာတဲ့စနစ် တည်ထွင်မည်
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG