သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီ အစိုးရပြောခွင့်ရ ဗုံးခွဲတိုက်ခိုက်ခံရ


ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့ ဆိုမာလီယာအစိုးရ ပြောခွင့်ရ Mohamed Ibrahim Moalimuu ရဲ့ ကား။ (ဇန်နဝါရီ ၁၆၊ ၂၀၂၂)
ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့ ဆိုမာလီယာအစိုးရ ပြောခွင့်ရ Mohamed Ibrahim Moalimuu ရဲ့ ကား။ (ဇန်နဝါရီ ၁၆၊ ၂၀၂၂)

(Zawgyi / Unicode)

ဆိုမာလီနိုင်ငံ မြို့တော် Mogadishu မှာ အသေခံဗုံးခွဲသူတဦး လက်ချက်ကြောင့် အစိုးရ ပြောခွင့်ရသူလည်းဖြစ် သတင်းထောက်ဟောင်းလည်းဖြစ်တဲ့ Mohamed Ibrahim Moalimuu ဒဏ်ရာရခဲ့ပါတယ်။

မြို့ထဲမှာရပ်ထားတဲ့ Moalimuu ရဲ့ကားဆီကို အသေခံဗုံးခွဲသမား ပြေးသွားပြီး သူ့ရဲ့ ဝတ်စကုတ်မှာ တပ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်း ခလုပ်ကို နှိပ်ပြီး ဖောက်ခွဲခဲ့ကြောင်း မျက်မြင်သက်သေတွေက ဗွီအိုအေ ဆိုမာလီဌာနကို ပြောကြားခဲ့ပါတယ်။

ဗုံးကျည်ဆန်တွေ ထိမှန်မှုကြောင့် Moalimuu ရဲ့လက်နဲ့ ခြေထောက်မှာ ဒဏ်ရာတွေ ရခဲ့တာပါ။

ဆိုမာလီ စစ်သွေးကြွအဖွဲ့ al-Shabab ကတော့ ဒီတိုက်ခိုက်မှုအတွက် သူတို့လက်ချက်ဖြစ်ကြောင်း ချက်ချင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Moalimuu ဟာ အရင်က al-Shabab အဖွဲ့ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကနေ အနည်းဆုံး ၃ ကြိမ်ထက်မနည်း လွတ်မြောက်ခဲ့သူပါ။ ၂၀၁၆ ခုနှစ်က တိုက်ခိုက်မှုကနေ လွတ်မြောက်ခဲ့ရာမှာ သူ့အနေနဲ့ အလွန်ကံကောင်းခဲ့ကြောင်း Moalimuu က သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Moalimuu ဟာ BBC ဆိုမာလီဌာနက သတင်းထောက်ဟောင်းတဦးဖြစ်သလို ဆိုမာလီသတင်းသမားများ သမဂ္ဂကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အခုလို Moalimuu ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ ဆိုးရွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ဆိုမာလီဝန်ကြီးချုပ် Mohamed Hussein Roble က ရှုတ်ချခဲ့ပြီး ဒဏ်ရာတွေကနေ အမြန်ဆုံး သက်သာလာစေဖို့လည်း ဆုတောင်းကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)

ဆိုမာလီ အစိုးရပွောခှင့ျရ ဗုံးခှဲတိုကျခိုကျခံရ








XS
SM
MD
LG