သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ အပစ်ရပ်ပြီးနောက် သယ်ယူပို့ဆောင်ရေး လုပ်ငန်း တချို့ ပြန်စ


(Zawgyi / Unicode)

ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကြား လတ်တလော အပစ်အခတ် ရပ်စဲထားပြီးနောက်မှာ ရခိုင်ပြည်နယ်တွင်း အသုံးများတဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတချို့ ပြန်လည် ဖွင့်လှစ်နေပါတယ်။ ရခိုင်ပြည်နယ် မြို့နယ် တချို့က ခရီးသွားလာရေးနဲ့ သယ်ယူပို့ဆောင်မှု လုပ်ငန်းတွေ ပြန်လည် စတင်တာမှာ လက်ရှိ အချိန်ထိ ဘေးကင်းလုံခြုံမှု ရှိတယ်လို့လည်း သယ်ယူပို့ဆောင်ရေး ကဏ္ဍနဲ့ ဒေသခံ တချို့က ပြောကြပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

“ဆန်ဈေးနှုန်းကတော့ ကျနော်တို့ ၁ သိန်း ကျော်သွားတာပေါ့နော်။ ပေါ်ဆန်းမွှေး တအိတ်က တသိန်းကျော်ကျော် ဖြစ်သွားတာ။ အခုကတော့ နည်းနည်း ငြိမ်းသွားပါပြီ။ ၇ သောင်းခွဲ၊ ၈ သောင်းခွဲ အဲလောက်တော့ ပြန်ဆင်းသွားပါတယ်။ ပြန်ဆင်းတယ်ဆိုတာ ကျနော်တို့ ဒီ ၂၈ ရက်နေ့က သဘောၤတွေ လာတယ်။ နောက် ကုန်သဘောၤတွေ လာတယ် ဆိုတော့ ဆင်းသွားတာပေါ့နော်။”

ရွှေပြည်တန် အမြန်ရေယာဉ် လုပ်ငန်းရဲ့ ဘူးသီးတောင် ကိုယ်စားလှယ် ဦးညီက ဗွီအိုအေကို ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။
ကိုသန်းဝင်းလှိုင်းကတော့ မင်းပြား ဒေသခံ ဖြစ်ပါတယ်။

“ အရေးကြီးတာပေါ့။ ဒီက ကျန်းမာရေး ကဏ္ဍတို့၊ ပညာရေး ကဏ္ဍတို့က ကျတော့ ဒီ ရေလမ်းကိုဘဲ အားထားကြရတာကိုး။ ဒီက လူတွေက။ စစ်တွေကို ဒီက ကျန်းမာရေး၊ ပညာရေး သွားကြရတာကိုး။ ကုန်းလမ်းက ကျရင် သူက သွားရတာ ဝေးတယ်။ ကြာတယ်။ ”

ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းမှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကြား အပစ်အခတ် ရပ်ထားကြောင်း နှစ်ဘက်တို့ အတည်ပြု ပြောဆိုခဲ့ကြတာပါ။ အပစ်အခတ် ရပ်စဲမှုက ဘယ်လောက် ရေရှည် တည်တံ့မလဲ ဆိုတာကိုတော့ နှစ်ဘက်စလုံးက မပြောပါဘူး။ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက အခုလို ပြောပါတယ်။

“ အဓိက ကတော့ ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီးတော့မှ Humanitarian Ceasefire ပေါ့နော် လူသားချင်း စာနာမှု ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့ ဒီ အလွတ်သဘောပေါ့နော် informal လုပ်တာ ဖြစ်ပါတယ်။ ”

“ ဘာကြောင့်လဲ ဆိုလို့ ရှိရင် ဒီ လောလောဆယ်မှာ ရခိုင်ပြည်သူတွေ အတွက် အခြေခံ အကျဆုံး စားနပ်ရိက္ခာ ၊ ဆေးဝါးတွေ အများကြီး လိုအပ်နေပါတယ်။ နောက်ပြီးတော့ အခုရာသီက ဒီ စပါး ရိတ်သိမ်းတဲ့ ရာသီ ဖြစ်တဲ့ အခါကျတော့ ပြည်သူတွေ အတွက် အလေးအနက် ထားပြီးတော့၊ ကျနော်တို့ရဲ့ ပြည်သူတွေ အတွက် အဓိကထား စဉ်းစားပြီးတော့ ဒီ Humanitarian Ceasefire လူသားချင်း စာနာမှု ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျန်တာကတော့ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ နဂို နိုင်ငံရေး ရပ်တည်ချက် အတိုင်းပါဘဲ။ ”

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း အခုလို ပြောပါတယ်။

“ ကျနော်တို့ ညှိနှိုင်း ဆွေးနွေးမှုတွေတော့ ရှိပါတယ်ဗျ။ မြေပြင်မှာတော့ လွန်ခဲ့တဲ့ ၃- ၄ ရက် ကတည်းက ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲပြီး ဖြစ်ပါတယ်။ ”

ရွှေပြည်တန် အမြန်ရေယာဉ် လုပ်ငန်းက စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင် ခရီးစဉ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့ တနလာၤနေ့မှာ စတင်မယ့် အကြောင်း ထုတ်ပြန်ထားသလို စစ်တွေ- ပေါက်တော - မင်းပြား ခရီးစဉ်ကိုလည်း ပြန်လည် ပြေးဆွဲနေပါတယ်။ ရွှေပြည်တန် အမြန်ရေယာဉ် လုပ်ငန်းရဲ့ ဘူးသီးတောင် ကိုယ်စားလှယ် ဦးညီက ရေယာဉ် ခရီးစဉ် ပြန်လည် စတင်ကြောင်း ဗွီအိုအေကို အတည်ပြုပါတယ်။

“ ကျနော်တို့ ဘူးသီးတောင်။ စစ်တွေကနေ ရသေ့တောင်- ဘူးသီးတောင်၊ ဘူးသီးတောင်- ရသေ့တောင်- စစ်တွေ အဲလို ပြေးဆွဲပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က စပြီးတော့လေ ကျနော်တို့ ဘူးသီးတောင်- ရသေ့တောင်- စစ်တွေ နေ့တိုင်း ထွက်ပါတယ်။ ”

မင်းပြားက ရေယာဉ် ခရီးစဉ်တွေ ပြန်စတင်နိုင်သလားဆိုတာကို ဗွီအိုအေက ဆက်သွယ် မေးမြန်းတာမှာလည်း အခုလို အတည်ပြုပါတယ်။

“မင်းပြား - ပေါက်တော- စစ်တွေက ၁ ရက်နေ့က နေ ပုံမှန် ဖြစ်နေပါပြီ။ ၂ ရက်နေ့ စလို့ ပုံမှန်ဆင်းတယ်။ ”

တိုက်ပွဲတွေ ရှိခဲ့စဉ်က လုံခြုံရေးကြောင့် ဒီ ရေယာဉ် ခရီးစဉ်တွေကို တလခွဲ နီးပါးကြား ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က စလို့ ရေယာဉ် ခရီးစဉ်တွေကို ရပ်နားထားခဲ့ရတာလို့လည်း ဘူးသီးတောင်က ဦးညီကရော မင်းပြားက ကိုသန်းဝင်းလှိုင်ကရော ဗွီအိုအေကို ပြောပြပါတယ်။ အခုပြန်စချိန်မှာ အခုအချိန်ထိတော့ လုံခြုံရေး အဆင်ပြေတယ်လို့လည်း သူတို့က ပြောပါတယ်။

“ လုံခြုံရေး အခြေအနေကတော့ အဲဒီ ဖွင့်တဲ့ နေ့မှာ ကျနော်တို့ တက်လာတယ်။ ချက်ချင်းဘဲ ဖွင့်တဲ့နေ့မှာ ကျနော်တို့ တက်လာတယ်။ ဇက် ၂ စီးလောက် တက်လာတယ်ဗျ။ သူတို့ အောင်အောင်မြင်မြင်နဲ့ ပြန်ဆင်းသွားတာ တွေ့ပါတယ်။ အေးဆေးပါ။ ပစ်တာ ခတ်တာတော့ ကျနော်တို့ မကြားဖူးနော်။ ”

“ လုံခြုံရေးကတော့ စိတ်ချရပါတယ်။”

ခရီးသွားသူလည်း များတယ်လို့ ဆိုကြပါတယ်။ “ ရှိပါတယ်။ ခရီးသွားတွေက အပြည့်ပါဘဲ။ ”

“ ခရီးသွားတွေက အပြည့်ပါဘဲ။ ဖွင့်တာနဲ့ အပြည့်ပါဘဲ။ ”

ကုန်စည် သယ်ယူပို့ဆောင်ရေးမှာ ကုန်းလမ်း ကားနဲ့ သယ်ယူပို့ဆောင်မှု များပြီး လူထုရဲ့ သွားရေး လာရေးမှာက ရေလမ်းကို အသုံးပြုကြတာလို့လည်း မင်းပြား ဒေသခံ ကိုသန်းဝင်းလှိုင် က ရှင်းပြပါတယ်။
ဗွီအိုအေက ဆက်သွယ် မေးမြန်းချိန် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေခင်းမှာ ကားလမ်း တချို့ ပြန်ဖွင့်တယ်လို့ တဆင့် စကား ကြရကြောင်း ဒေသခံတွေက ပြောကြပါတယ်။ ဘူးသီးတောင်ဘက်မှာတော့ အစိုးရက ပြေးဆွဲတဲ့ သဘောၤတွေ ပြန်ဖွင့်ပြီး ရက်ပိုင်း အတွင်းမှာဘဲ သုံးစင်း ဆိုက်တယ်လို့ ဦးညီက ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ ဆီမှာက အောင်တံခွန် ဆိုပြီး သဘောၤတွေ ရှိပါတယ်။ ကုန်တင်တဲ့ သဘောၤတွေ။ အစိုးရပိုင်။ အဲဒီကောင်တွေက ဒီကနေ့ ဆို ကျနော်တို့ ၃ စီးတောင် ရောက်ပါပြီ။ ကုန်စည် သဘောၤက ကျနော်တို့ စစ်တွေကနေ ဘူးသီးတောင်ကို လာတာပါ။ ”

တိုက်ပွဲတွေ ရှိခဲ့စဉ်က ရခိုင်ပြည်နယ်တွင်းကို စားနပ်ရိက္ခာနဲ့ ဆေးဝါး အပါအဝင် ကုန်စည် သယ်ယူမှုကို စစ်ကောင်စီဘက်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာကြောင့် ပြည်နယ်တွင်းမှာ

ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ခံနေရသလို ကုန်စည် ရှားပါးမှုနဲ့လည်း ကြုံနေရတာပါ။ တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်တွင်း မြို့နယ် ၆ ခုမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ WFP ရဲ့ ထောက်ပံ့ ကူညီမှုကိုလည်း စက်တင်ဘာ လလယ်ကတည်းက အာဏာပိုင်တို့ ရပ်ဆိုင်းခိုင်းထားတာ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ကုန်သွယ်ရေး လမ်းပန်းဆက်သွယ်ရေး ပြန်လည် ကောင်းမွန်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။

“ အရင်ကတော့ ကျနော်တို့ ကြက်သွန် တပိဿာကို ၁,၀၀၀ - ၁,၂၀၀ ဘဲ ရှိတာကိုး။ နောက် ဘယ်လို ဖြစ်သွားလဲဆို ကြက်သွန်က တပိဿာကို ၇,၀၀၀ - ၈,၀၀၀ - ၁၀,၀၀၀ ထိကို တက်သွားတာ။ အခုကတော့ ပြန်ဆင်းသွားပါပြီ။ အခုတော့ ၄,၀၀၀ - ၅,၀၀၀ လောက် ပြန်ဖြစ်သွားပါတယ်။ ”

တိုက်ရိုက် လင့်ခ်

(Unicode)
























XS
SM
MD
LG