သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးအဆင့်မြင့် လက်နက်တွေ စစ်ကောင်စီရရှိထားကြောင်းသတင်းထွက်


နေပြည်တော်မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် တပ်မတော်ေန့အခမ်းအနားမြင်ကွင်း၊ မတ် ၂၇၊ ၂၀၂၃
နေပြည်တော်မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် တပ်မတော်ေန့အခမ်းအနားမြင်ကွင်း၊ မတ် ၂၇၊ ၂၀၂၃

အစ္စရေးနိုင်ငံက ကာကွယ်ရေး ပစ္စည်းထုတ် ကုမ္ပဏီနှစ်ခုဟာ မြန်မာစစ်တပ်အတွက် ခေတ်မှီ အဆင့်မြင့် နည်းပညာတွေ ရောင်းချခဲ့တဲ့အကြောင်း အစ္စရေးနိုင်ငံထုတ် Haaretz သတင်းစာမှာ မနေ့က ရေးသားထားတာကို တူရကီနိုင်ငံထုတ် Anadolu Ajansı သတင်းက ပြန်လည်ဖေါ်ပြပါတယ်။

လေကြောင်းဆိုင်ရာ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်တဲ့ အစ္စရေးနိုင်ငံ IAI ကုမ္ပဏီ နဲ့ Elbit Systems ခေါ် နည်းပညာကုမ္ပဏီတို့ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်အထိ အဆင့်မြင့်နည်းပညာတွေ စစ်ကောင်စီကို ရောင်းချခဲ့တဲ့အကြောင်း သတင်းစာမှာ ရေးပါတယ်။

IAI က လေကြောင်း ကာကွယ်ရေး စနစ်အတွက် ပစ္စည်းတွေ မြန်မာနိုင်ငံကို ရောင်းချခဲ့ပြီး တချိန်တည်းလိုလိုမှာ Elbit System ကုမ္ပဏီကလည်း လေကြောင်း ကာကွယ်ရေးဆိုင်ရာ လက်နက်တွေ၊ စက်သေနတ်တွေ ရောင်းချခဲ့တယ်လို့ အစီရင်ခံစာက ရေးပါတယ်။ စစ်လက်နက်ပစ္စည်းတွေကို Istael နိုင်ငံ Ashdod ဆိပ်ကမ်းကနေ ရန်ကုန် ဆိပ်ကမ်းကို ပို့ခဲ့တာလို့လည်း သတင်းစာက ရေးပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့၊ လေယာဉ်ဆီ ပိတ်ပင်ဖို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ တောင်းဆိုနေကြချိန်မှာပဲ အစ္စရေးနိုင်ငံက ကာကွယ်ရေး လက်နက်ထုတ် ကမ္ပဏီတွေရဲ့ စစ်ကောင်စီကို စစ်လက်နက်နဲ့ နည်းပညာရောင်းချတဲ့ သတင်းတွေ ထွက်လာတာပါ။

အစ္စရေးအဆင့်မြင့် လက်နက်တွေ စစ်ကောင်စီရရှိထားကြောင်းသတင်းထွက်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG