သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 အာဖရိကအပေါ် အနောက်တိုင်းသဘောထား တောင်အာဖရိက ဝေဖန် 


La ministre sud-africaine des Affaires étrangères Naledi Pandor (D) et le secrétaire d'État américainAntony Blinken (G) lors d'une réunion d'ouverture du dialogue stratégique à Pretoria, Afrique du Sud, le 8 août 2022. (Photo Andrew Harnik / AFP)
La ministre sud-africaine des Affaires étrangères Naledi Pandor (D) et le secrétaire d'État américainAntony Blinken (G) lors d'une réunion d'ouverture du dialogue stratégique à Pretoria, Afrique du Sud, le 8 août 2022. (Photo Andrew Harnik / AFP)

တောင်အာဖရိက ကို ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကို လက်ခံတွေ့ဆုံတဲ့ တောင်အာဖရိကရဲ့ ဝန်ကြီး Naledi Pandor က အနောက်နိုင်ငံတွေဟာ အာဖရိက အပေါ်မှာ အနိုင်ကျင့်တယ်ဆိုပြီး စွပ်စွဲလိုက်ပါတယ်။ Pretoria ကနေ Kate Bartlett ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။ 

အာဖရိကအပေါ် အနောက်တိုင်းသဘောထား တောင်အာဖရိက ဝေဖန်

{{Zawgyi/Unicode}}
အာဖရိက ခရီးစဉ် အစအနေနဲ့ တောင်အာဖရိက ကို ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကို လက်ခံတွေ့ဆုံတဲ့ တောင်အာဖရိကရဲ့ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ဝန်ကြီး Naledi Pandor က အနောက်နိုင်ငံတွေဟာ အာဖရိက အပေါ်မှာ တခါတရံ မောက်မာပြီး အနိုင်ကျင့်တယ်ဆိုပြီး စွပ်စွဲလိုက်ပါတယ်။ ယူကရိန်းအရေး၊ တရုတ်၊ အစ္စရေးလ်နဲ့ ပါလက်စတိုင်း အရေးတို့မှာ တောင်အာဖရိကရဲ့ ရှုမြင်ချက်က အမေရိကန်နဲ့ မတူ ကွဲပြားတယ်ဆိုတာကို တောင်အာဖရိက ဝန်ကြီး Pandor က ရှင်းရှင်းလင်းလင်း ပြသလိုက်တာ ဖြစ်ပါတယ်။ Pretoria ကနေ Kate Bartlett ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

တောင်အာဖရိက နိုင်ငံ မြို့တော်မှာ လုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က သူ့ရဲ့ အာဖရိက သုံးနိုင်ငံ ခရီးစဉ်ဟာဆိုရင် ဒေသတွင်းမှာ ရုရှားနဲ့ တရုတ် အစိုးရ ပိုပြီး သြဇာလွှမ်းမိုးလာတာကို တန်ပြန်ချိန်ညှိဖို့ မဟုတ်ဘူးလို့ အလေးအနက် ပြောပါတယ်။ ပြီးခဲ့တဲ့ လတုန်းက ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov လာရောက်ခဲ့ပြီးနောက်မှာတော့ ဒေသတွင်းမှာ တရုတ်နဲ့ ရုရှား ပိုပြီး သြဇာကြီးလာတယ်လို့ အများက ခန့်မှန်း ပြောဆိုထားကြတာပါ။

အာဖရိကနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုပြီး ခိုင်မာ အားကောင်းရေး ကျနော်တို့ရဲ့ ပိုင်းဖြတ်ချက်ဟာဆိုရင် တခြားသူတွေကို ဖယ်ထုတ်ဖို့ ကြိုးစားမှု မဟုတ်ပါဘူး။

ယူကရိန်း အပေါ် အမေရိကန်ရဲ့ ထောက်ခံမှု အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken က ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ဟာဆိုရင် နိုင်ငံတကာ စည်းမျဉ်းအားလုံးကို ဆန့်ကျင်မှု ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ BRICS အဖွဲ့ဝင် မိတ်ဖက် ဖြစ်တဲ့ ရုရှားနဲ့ ပဋိပက္ခ အရေးမှာတော့ တောင်အာဖရိက ဘက်မလိုက် ရပ်တည်းနေဆဲ ဖြစ်ပြီး ဒီကိစ္စကို ကုလသမဂ္ဂမှာ မဲခွဲတာမှာလည်း မဲမပေးခဲ့ပါဘူး။ ဒါပေမယ့်လည်း တောင်အာဖရိက အနေနဲ့ စစ်ကို စက်ဆုပ်ပြီး ပဋိပက္ခ အဆုံးသတ်တာကို တွေ့မြင်လိုကြောင်း ဝန်ကြီး Pandor က ပြောပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ အနေနဲ့ မတူညီတဲ့ ပဋိပက္ခတွေမှာ တခါတရံ ချဉ်းကပ်မှု မတူညီတာတွေကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ အပေါ်မှာ အဆိုးမြင်စေတယ်လို့လည်း သူမက ပြောပါတယ်။ ပါလက်စတိုင်းတွေရဲ့ အတိဒုက္ခကို သူမက ရည်ညွှန်းပါတယ်။

ယူကရိန်း ပြည်သူတွေ အနေနဲ့ သူတို့ ပိုင်နက် နယ်မြေနဲ့ လွတ်လပ်ခွင့်နဲ့ ထိုက်တန်သလိုဘဲ ပါလက်စတိုင်း ပြည်သူတွေလည်း သူတို့ ပိုင်နက်နဲ့ လွတ်လပ်ခွင့်နဲ့ ထိုက်တန်ပါတယ်။ ယူကရိန်း ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို ကျမတို့ ရပ်တည်သလို ပါလက်စတိုင်း ပြည်သူတွေ အတွက်လည်း တန်းတူ စိုးရိမ်ပူပန်သင်ပါတယ်။ တရားမျှတတဲ့ ချဉ်းကပ်မှုမျိုးတောင် ကျမတို့ မတွေ့ရသေးပါဘူး။

Blinken ထံက မဟုတ်ပေမယ့်လည်း အနောက်နိုင်ငံ တချို့ကတော့ ယူကရိန်း အရေး မူဝါဒကို ချိန်ညှိရေး အတွက် အနောက်နိုင်ငံ တချို့ရဲ့ ဖိအားပေးမှုနဲ့ ကြုံခဲ့ရတယ်လို့လည်း Pandor က ထပ်လောင်း ပြောပါတယ်။

ယူကရိန်း အရေးမှာ သဘောထားကွဲတဲ့ အာဖရိက နိုင်ငံတွေကို အပြစ်ပေးမယ့် လုပ်ရပ် အဖြစ် အာဖရိက နိုင်ငံတချို့က ရှုမြင်ထားကြတဲ့ အမေရိကန်ရဲ့ အာဖရိက ဒေသတွင်း ရုရှားရဲ့ ဆောင်ရွက်ချက်တွေကို တန်ပြန်တဲ့ ဥပဒေကိုလည်း သူမက ဝေဖန်လိုပုံ ရပါတယ်။

ဒါ လုပ်မလား မလုပ်ဘူးလားဆိုတဲ့ ဥရောပနဲ့ တခြားသော မိတ်ဖက် တချို့မှာ မောက်မာ အနိုင်ကျင့်တဲ့ သဘောထားလည်း ရှိနေပါတယ်။ အမေရိကန် အောက်လွှတ်တော်က မကြာခင်က အတည်ပြုပြုလိုက်တဲ့ ဥပဒေဟာဆိုရင်လည်း စိတ်မသက်မသာ ဖြစ်စရာ ဥပဒေ တခု အဖြစ် ကျမတို့ ရှုမြင်ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ Pandor ရဲ့ ပွင့်လင်းတဲ့ မှတ်ချက်တွေဟာဆိုရင် အမေရိကန်နဲ့ တောင်အာဖရိက ကြား တခါးပိတ် ဆွေးနွေးပွဲဟာ သိပ်ပြီး အကြိတ်အနယ် ခက်ခက်ခဲခဲ ဖြစ်ခဲ့မယ်ဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ အမေရိကန် လေ့လာရေးဆိုင်ရာ အာဖရိက စင်တာရဲ့ ညွှန်ကြားရေးမှူး Bob Wekesa က ပြောပါတယ်။

တောင်အာဖရိက ကို အမေရိကန်ဘက်ကို ပါလာအောင် အမေရိကန် ကြိုးစားပုံ ရပြီး တောင်အာဖရိက ဘက်က မလိုက်လျောတာလို့ ကျနော်ကတော့ ယူဆင်ပါတယ်။

ရာသီဥတု ပြောင်းလဲမှု၊ ကုန်သွယ်ရေး၊ ကျန်းမာရေးနဲ့ ရိက္ခာ မလုံလောက်မှု တို့လို အရေးကိစ္စတွေကို အဓိက ထားမယ့် ဆာဟာရ သဲကန္တာရ တောင်ပိုင်း အာဖရိက ဒေသ ဆိုင်ရာ အမေရိကန်ရဲ့ မဟာဗျူဟာသစ်ကို စတင်ဖို့ အတွက် Pretoria မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken ရောက်ရှိနေတာပါ။

အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ရဲ့ ထိုင်ဝမ် ခရီးစဉ် အပေါ်မှာ တရုတ် အစိုးရဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်တာကိုလည်း ဝန်ကြီး Blinken က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝေဖန်ခဲ့ပါတယ်။ ထိုင်ဝမ် အရေးနဲ့ ပတ်သက်လို့ တောင်အာဖရိက ဝန်ကြီး Pandor က သီးသန့် မှတ်ချက် မပေးပါဘူး။ ဒါပေမယ့်လည်း တရုတ်နဲ့ ရုရှား ကြားက ပဋိပက္ခမှာ တောင်အာဖရိက အနေနဲ့ ဘက်မလိုက်လိုဘူးလို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

.....................................................


{{Zawgyi/Unicode}}












XS
SM
MD
LG