သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဝန်ကြီး Blinken တောင်အာဖရိက ရောက်ရှိ


Secretary of State Antony Blinken and Antoinette Sithole, the sister of the late Hector Pieterson, right, lay a wreath at the Hector Pieterson Memorial in Soweto, South Africa, Aug. 7, 2022.
Secretary of State Antony Blinken and Antoinette Sithole, the sister of the late Hector Pieterson, right, lay a wreath at the Hector Pieterson Memorial in Soweto, South Africa, Aug. 7, 2022.

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သူ့ရဲ့ အာဖရိက(၃) နိုင်ငံခရီးစဉ်ကို တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။Blinken ဟာ အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေး ၁၉၇၆ ခုနှစ် ဆန္ဒပြပွဲမှာ သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေအတွက် တည်ဆောက်ထားတဲ့ Soweto မြို့က ဗိမာန်တခုကို ပထမဆုံး သွားရောက် ဂါရဝပြုခဲ့တာပါ။

ကန်ဝန်ကြီး Blinken တောင်အာဖရိက ရောက်ရှိ

{{Zawgyi/Unicode}}
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သူ့ရဲ့ အာဖရိက(၃) နိုင်ငံခရီးစဉ်ကို တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။Blinken ဟာ တောင်အာဖရိကကို သူရောက်ရောက်ချင်းမှာပဲ အသားရောင်ခွဲခြားမှု ဆန့်ကျင်ရေး ၁၉၇၆ ခုနှစ် ဆန္ဒပြပွဲမှာ သေဆုံးခဲ့ရတဲ့ ကျောင်းသားတွေအတွက် တည်ဆောက်ထားတဲ့ Soweto မြို့က ဗိမာန်တခုကို ပထမဆုံး သွားရောက် ဂါရဝပြုခဲ့တာပါ။

Blinken ရဲ့ ဒီခရီးစဉ်ဟာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်အင်အားစုနဲ့ ရုရှားနိုင်ငံကြား ပြိုင်ဆိုင်မှုမှာ အာဖရိကနိုင်ငံတွေက အနောက်အုပ်စု ပါလာစေရေး သွားရောက်စည်းရုံးတဲ့ ခရီးစဉ်ဖြစ်ပုံရတယ်လို့ သုံးသပ်ကြပါတယ်။ Blinken ရဲ့ ဒီခရီးစဉ် မတိုင်ခင်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ရော ၊ ပြင်သစ်သမ္မတ Emmanuel Macron ပါ အာဖရိကကို သွားရောက်ခဲ့ကြ တာပါ။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး တောင်အာဖရိကနိုင်ငံ အပါအဝင် အာဖရိကနိုင်ငံအများစုဟာ ရုရှားကို လူသိရှင်ကြား ဝေဖန်တာမျိုး မလုပ်သလို ၊ ကြားနေ ရပ်တည်ခဲ့ကြတာပါ။ ဒါပေမဲ့ ယူကရိန်းစစ်ကြောင့် စားနပ်ရိက္ခာ အကျပ်အတည်း ကြုံနေရတဲ့ ဒေသတွေထဲမှာ အာဖရိကနိုင်ငံတွေလည်း ပါဝင်ပါတယ်။

ဆာဟာရတောင်ပိုင်း အာဖရိကနိုင်ငံတွေနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မဟာဗျူဟာ အဓိကမူဝါဒတွေကို ဝန်ကြီး Blinken က Pretoria တက္ကသိုလ်မှာ တနင်္လာနေ့ ဟောပြောမှာ ဖြစ်ပါတယ်။ Blinken ဟာ တောင်အာဖရိကနိုင်ငံကနေ ကွန်ဂို၊ ရဝမ်ဒါ နိုင်ငံတွေကို ဆက်ပြီး သွားရောက်မှာ ဖြစ်ပါတယ်။

ကန်ဝန်ကြီး Blinken တောင်အာဖရိက ရောက်ရှိ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

.....................................


{{Zawgyi/Unicode}}




XS
SM
MD
LG