ကန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ဗြီအိုေအ သီးသန္႔ေတြ႕ဆုံေမးျမန္းမႈ အျပည့္အစုံ
{{Zawgyi/Unicode}}
အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ရဲ႔ ထိုင္၀မ္ခရီးစဥ္အေပၚ တ႐ုတ္ႏိုင္ငံရဲ႔ တုံ႔ျပန္မႈဟာ အလြန္အကၽြံႏိုင္ၿပီး၊ အႏၲရာယ္ ရွိတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken က ဗြီအိုေအ ခမာဌာနနဲ႔ ေမးျမန္းခန္းမွာ ေျပာလိုက္ပါတယ္။ အေမရိကန္ဖက္က ရန္လိုတဲ့ တုံ႔ျပန္မႈေတြ လုပ္ဖို႔မရွိေၾကာင္းလည္း ေျပာပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အက်ပ္အတည္းေတြ ၾကံဳေနရတဲ့ ျမန္မာႏိုင္ငံက အေျခအေနေတြအေပၚ အေမရိကန္ရဲ႔ သေဘာထားကိုလည္း ေျပာဆိုခဲ့တာပါ။ အာဆီယံနဲ႔ အစည္းအေ၀းအတြက္ ကေမာၻဒီးယားႏိုင္ငံမွာ ေရာက္ေနတဲ့ ၀န္ႀကီးဘလင္ကန္ကို ဗြီအိုေအ ခမာဌာနက Sun Narin ဆက္သြယ္ေမးျမန္းထားပါတယ္။
ေမး - ေမးခြန္း ၂ ခုေလာက္ေမးလိုပါတယ္။ ပထမ တခုကေတာ့ ကေမာၻဒီးယားကိစၥျဖစ္ပါတယ္။ ေနာက္တခုကေတာ့ ထိုင္၀မ္နဲ႔ ျမန္မာကိစၥပါ။ ေအာက္လႊတ္ေတာ္ဥကၠဌရဲ႔ ထိုင္၀မ္ခရီးစဥ္နဲ႔ ပတ္သက္ၿပီး ၀န္ႀကီးရဲ႔အျမင္ကိုသိပါရေစ။ ဒီခရီးစဥ္နဲ႔ ပတ္သက္ၿပီး တ႐ုတ္အစိုးရကလည္း တုံျ႔ပန္ေျပာဆိုတာေတြ၊ တု႔ံျပန္လုပ္ေဆာင္တာေတြရွိပါတယ္။
ေျဖ - ပထမဆုံးအေနနဲ႔က အခုလိုေတြ႔ဆုံရတာ၀မ္းသာပါတယ္။ ေက်းဇူးလည္း ေက်းဇူးတင္ပါတယ္။ လႊတ္ေတာ္ဥကၠဌ နန္စီပလိုစီဟာ ဥပေဒျပဳေရးအပိုင္းကျဖစ္ပါတယ္။ ဒီအပိုင္းဟာ သီးျခားလြတ္လပ္တဲ့အပိုင္းျဖစ္ပါတယ္။ အစိုးရလိုဘဲ သီးျခားအပိုင္းကျဖစ္ပါတယ္။ သူ႔အေနနဲ႔ အခုလိုသြားခြင့္ရွိပါတယ္။ ဒီႏွစ္အပါအ၀င္ အရင္တုံးက အျခား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ သြားေရာက္သလိုဘဲ၊ သူလည္းသြားခြင့္ရွိပါတယ္။ ဒါေပမယ့္ တ႐ုတ္ရဲ႔ တုံ႔ျပန္မႈဟာ အလြန္အကြ်ံႏိုင္လြန္ၿပီး၊ အႏၲရာယ္မ်ားပါတယ္။ ဒီခရီးစဥ္နဲ႔ ပတ္သက္ၿပီး ဘယ္လိုခံစားရတယ္ဘဲဆိုဆို၊ ပဲ့ထိန္းတပ္မစ္ဇိုင္းဒုံး ၁၁ စင္းပစ္လႊတ္တာ၊ ထိုင္၀မ္ကြ်န္း ပတ္ပတ္လည္ကို စစ္သေဘၤာေတြ ေစလႊတ္တာေတြဟာ အႏၲရယ္ရွိပါတယ္။ အဲဒီအထဲက မစ္ဇိုင္ဒုံး ၅ လုံးက ဂ်ပန္ႏိုင္ငံအနီးကို က်ေရာက္ခဲ့ပါတယ္။ ASEAN အပါအ၀င္ ေဒသတြင္းက ႏိုင္ငံေတြေျပာဆိုေနတာေတြကိုလည္း ၾကားျကမယ္ထင္ပါတယ္။ ဒီလုပ္ရပ္ဟာ ေဒသတြင္း တည္ၿငိမ္မႈကို ထိခိုက္ေစၿပီး၊ အလြန္အႏၲရယ္ရွိတယ္ဆိုတာကို ASEAN ကလည္းေၾကညာခ်က္ထုတ္ထားပါတယ္။
ဒါေၾကာင့္ က်ေနာ္ထင္တာက တာ၀န္ယူမႈရွိရွိ လုပ္ေဆာင္ဖို႔က အေတာ္အေရးႀကီးပါတယ္။ အေမရိကန္ဘက္ကေတာ့ ဘယ္လိုရန္စတဲ့ ကိစၥမ်ိဳးကိုမွ လုပ္မွာမဟုတ္ပါဘူး။ က်ေနာ္တို႔ ယူဆတာက ပယ္လယ္ျပင္ေတြဟာ တည္ၿငိမ္ေအးခ်မ္းသင့္ပါတယ္။ ထိုင္၀မ္ေရလက္ၾကားဟာ ေဒသတြင္းႏိုင္ငံေတြ အားလုံးအတြက္ေရးႀကီးပါတယ္။ ဒီေနရာကိုျဖတ္ၿပီး ကုန္သြယ္မႈလုပ္ငန္းေတြ အမ်ားႀကီးရွိပါတယ္။ ဒီေနရာကိုအေႏွာက္အယွက္ေပးခံရရင္ ကမာၻ႔စီးပြားေရးတခုလုံးကို ဆိုးဆိုးဝါးဝါးထိခိုက္မွာပါ။ အားလုံးက ကိုဗစ္ ၁၉ ေၾကာင့္ထိခိုက္က်ဆင္းသြားတဲ့ စီးပြားေရးကို ျပန္ေကာင္းလာဖို႔ ဆႏၵရွိ ေနၾကတာပါ။ ဒီအတြက္ ႏိုင္ငံတိုင္းမွာတာ၀န္ရွိတယ္လို႔က်ေနာ္ထင္ပါတယ္။ အေမရိကန္မွာတာ၀န္ရွိသလို၊ တ႐ုတ္မွာလည္း တာ၀န္ရွိပါတယ္။ လႊတ္ေတာ္အမတ္တဦး အလည္အပတ္သြားေရာက္တဲ့ ကိစၥကို မမွန္မကန္ အေၾကာင္းျပဳၿပီး အႏၲရယ္ရွိတဲ့၊ တည္ၿငိမ္မႈပ်က္ျပားေစတဲ့လုပ္ရပ္ေတြကိုမလုပ္သင့္ပါဘူး။
ေမး - ျမန္မာႏိုင္ငံမွာ အေျခအေနေတြ ပိုၿပီးဆိုးဝါးလာေနတာ က်ေနာ္ တို႔ေတြ႔ေနရပါတယ္။ အဲေတာ့ အထူးသျဖင့္ ေရနံနဲ႔ ဓါတ္ေငြ႔လုပ္ငန္းေတြအေပၚ အေရးယူမႈအပါအဝင္ ျမန္မာႏိုင္ငံကို အေရးယူပိတ္ဆို႔မႈေတြ လုပ္ဖို႔ အဆိုျပဳသင့္ပါသလား။
ေျဖ။ ။ က်ေနာ္ျမင္တာကေတာ့ အေျခအေနက ဆိုးသထက္ဆိုးလာေနပါတယ္။ အာဆီယံနဲ႔ ကေမာၻဒီးယားႏိုင္ငံက ေမတၱာရပ္ခံေနတဲ့ၾကားက ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ေလးဦးကို ေသဒဏ္စီရင္ သတ္ျဖတ္ခဲ့တာ အင္မတန္ဆိုးပါတယ္။ ဒါက အာဏာသိမ္းၿပီး အေျခအေနေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ ႏိုင္ငံတကာရဲ႔ ႀကိဳးပမ္းမႈနဲ႔ ပန္ၾကားခ်က္ေတြကို စစ္ေကာင္စီက လုံးဝ လွ်စ္လ်ဴရႈေနတာထင္ရွားပါတယ္။ အာဆီယံ အဖြဲ႔ဝင္ႏိုင္ငံေတြ အပါအဝင္ စစ္ေကာင္စီကပါ သေဘာတူထားတဲ့ ျမန္မာ့အေရး အာဆီယံ သေဘာတူညီခ်က္ ၅ ခ်က္မွာဆိုရင္ အၾကမ္းဖက္မႈေတြရပ္ဖို႔၊ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔ နဲ႔ ဒီမိုကေရစီေရး ေရွး႐ႈမႈေတြ ပါဝင္ေပမယ့္ အခုလေပါင္းမ်ားစြာၾကာခဲ့တာေတာင္ ျမန္မာဘက္က ဒါေတြကို အေကာင္အထည္ေဖာ္ဖို႔ဆႏၵ လုံးဝမရွိတာကို ေတြ႔ရပါတယ္။ ဒါေၾကာင့္မို႔လို ႏိုင္ငံတကာအေနနဲ႔ စစ္ေကာင္စီအေပၚ ႏိုင္ငံေရး၊ စီးပြားေရး ဖိအားေတြ တိုးျမႇင့္ေပးရမယ္၊ ဒါ့အျပင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ အပါအဝင္ ျမန္မာႏိုင္ငံထဲက ဘက္ေပါင္းစုံနဲ႔ ထိေတြ႔ဆက္ဆံမႈေတြလုပ္ရပါမယ္။ လူသားခ်င္းစာနာမႈ အကူအညီေတြ ျပည္သူေတြဆီေရာက္ဖို႔၊ လက္နက္ေတြ စစ္ေကာင္စီဆီ မေရာက္ဖို႔ စတာေတြ လုပ္ရပါမယ္။
ေမး။ ။ ျမန္မာစစ္ေကာင္စီကို က်ဥ္ထားတဲ့အျပင္ အာဆီယံအေနနဲ႔ ဒီထက္ပိုၿပီး ဘာေတြ အေရးယူမႈေတြလုပ္သင့္သလဲ။
ေျဖ။ ။ စစ္ေကာင္စီဘက္က အာဆီယံ သေဘာတူညီခ်က္ ၅ ခ်က္ကို လိုက္နာဖို႔ ျငင္းပယ္ထားပါတယ္။ အဲဒီေတာ့ အခု ေလာေလာဆယ္အားျဖင့္ အေရးပါတဲ့ အစည္းအေဝးေတြမွာ ႏိုင္ငံေရးအရ မပတ္သက္တဲ့ ကိုယ္စားလွယ္ကိုပဲ လက္ခံမယ္လို႔ သတ္မွတ္ထားတဲ့ အခ်က္ဟာ မွန္ကန္တဲ့အခ်က္ျဖစ္တယ္။ စစ္ေကာင္စီအေနနဲ႔ ဒီကိစၥအေပၚ လိုက္နာမႈေတြမရွိဘူးဆိုရင္ အာဆီယံအေနနဲ႔ အေျခအေနေတြအေပၚ ျပန္သုံးသပ္ၿပီး အာဆီယံကေန ထုတ္ပယ္တဲ့ အဆင့္အပါအဝင္ လုပ္စရာရွိတာ လုပ္သြားရမွာပါ။
ေမး။ ၀န္ႀကီး Blinken အေနနဲ႔ ကေမာၻဒီးယား၀န္ႀကီးခ်ဳပ္နဲ႔ ေတြဆုံခဲ့တယ္လို႔ က်ေနာ္သိရပါတယ္။ သူ႔ကိုဘာေတြေျပာခဲ့ပါသလဲ။
ေျဖ ။ ။ က်ေနာ္တို႔ အေၾကာင္းအရာ အေတာ္မ်ားမ်ားကို က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးျဖစ္ၾကပါတယ္။ အေရးအႀကီးဆုံးအေၾကာင္း အရာတခု က်ေနာ္ေဆြးေႏြးခဲ့တာကေတာ့ အေမရိကန္က ကေမာၻဒီးယားနဲ႔ အျပဳသေဘာေဆာင္တဲ့ ဆက္ဆံေရး ရွိခ်င္တယ္ဆိုတဲ့အခ်က္ျဖစ္ပါတယ္။ ရွိၿပီးသား အေျခခံေကာင္းေတြကို ဆက္လက္ၿပီး တည္ေဆာက္သြားခ်င္ပါတယ္။ က်ေနာ္တို႔ ဂုဏ္ယူရတဲ့အခ်က္ကေတာ့ အေမရိကန္ျပည္ေထာင္စုဟာ ကေမာၻဒီးယားအတြက္ အႀကီးမားဆုံး ပို႔ကုန္ေစ်းကြက္ျဖစ္တယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။ ၀မ္းေျမာက္စရာ တခုအေနနဲ႔က ကေမာၻဒီးယား က ထုတ္လုပ္တဲ့ သီဟိုေစ့နဲ႔ သရက္သီးေတြကို ႏိုင္ငံတကာေစ်းကြက္ကို တင္ပို႔ႏိုင္ဖို႔ က်ေနာ္တို႔ ကူညီေဆာင္ရြက္ေနတဲ့ကိစၥပါ။ ေနာက္တခုကေတာ့ ကိုဗစ္ ၁၉ ကပ္ေရာဂါတုံ႔ျပန္ေဆာင္ရြက္ေရးအတြက္ က်ေနာ္တို႔က ဘာအက်ိဳးအျမတ္မွ မေမွ်ာ္လင့္ဘဲ ကာကြယ္ ေဆးေတြကူညီေပးႏိုင္ခဲ့တဲ့ကိစၥပါ။ က်ေနာ္တကယ္ကို ဂုဏ္ယူတဲ့ ကိစၥတခုကေတာ့ ကေမာၻဒီးယား ကေန ခိုးယူထားတဲ့ ေရွးေဟာင္းအေမြအႏွစ္ေတြကို က်ေနာ္တို႔ ျပန္လည္ေပးအပ္ေနတဲ့ကိစၥပါဘဲ။ ယဥ္ေက်းမႈေတြ ကာကြယ္ ထိန္းသိမ္းဖို႔ကို က်ေနာ္သိပ္အေလးအနက္ထားပါတယ္။ က်ေနာ္တို႔က အဲဒီလိုဆက္ဆံေရးေတြကို ပိုမိုခိုင္မာေအာင္ ေဆာင္ရြက္ေနတာပါ။ က်ေနာ္တို႔ရဲ႔ စီးပြားေရးအရ ဆက္ဆံေရးေတြကိုလည္း အားေကာင္းလာေအာင္လုပ္ေဆာင္ ေနပါတယ္။ ဒါေပမယ့္ ကေမာၻဒီးယားမွာ ဒီမိုကေရစီပိုမိုအားေကာင္းလာေအာင္ လုပ္ဖို႔ အေရးႀကီးတဲ့အေၾကာင္းေတြကိုလည္း က်ေနာ္ တို႔ေျပာဆိုေဆြးေႏြးပါတယ္။ အထူးသျဖင့္ေတာ့ ေနာက္လာမယ့္ႏွစ္မွာ ေရြးေကာက္ပဲြ က်င္းပမွာျဖစ္တဲ့အတြက္၊ အားလုံးပါ၀င္ၿပီး၊ တကယ့္ကိုယ္စားျပဳမႈရွိဖို႔ ေရြးေကာက္ပဲြျဖစ္ေအာင္လုပ္ဖို႔ပါဘဲ။ ပါတီေပါင္းစုံပါ၀င္တဲ့ ေရြးေကာက္ပဲြေတြကိုလည္း ကေမာၻဒီးယားက အရင္တုန္းကလုပ္ခဲ့ဖူးပါတယ္။ အေမရိကန္ျပည္ေထာင္စု အေနနဲ႔ကေတာ့ ဘယ္ပါတီ၊ ဘယ္သူျဖစ္လာရမယ္ဆိုတာမ်ိဳးမရွိပါဘူး။ က်ေနာ္တို႔ကေတာ့ ဒီမိုကေရစီနည္းလမ္း က်က်လုပ္ေဆာင္တဲ့ ကိစၥကိုဘဲလိုလားတာပါ။ ကေမာၻဒီးယာမွာလူတိုင္းက ဒီေရြးေကာက္ပဲြနဲ႔ အစိုးရဟာ ငါတို႔ကို အမွန္တကယ္ကိုယ္စား ျပဳတယ္လို႔ ခံစားရေစ့ခ်င္တာပါ။
ေမး။ ။ ေနာက္တခုေမးခ်င္တာကာ တကယ္လို႔ ကေမာၻဒီးယားမွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြမျဖစ္ခဲ့ဘူးဆိုရင္ ေနာက္ဆက္တဲြအေနနဲ႔ ဘာေတြျဖစ္လာႏိုင္ပါသလဲ။
ေျဖ။ ။ က်ေနာ့အေနနဲ႔ ကေတာ့ မျဖစ္ေသးတာေတြကို မွန္းဆၿပီး ေျပာတာမ်ိဳး မလုပ္ခ်င္ပါဘူး။ ဒါေပမယ့္ က်ေနာ္ထပ္ ေျပာခ်င္တာက။ ဒါက က်ေနာ္တို႔ ဆက္ဆံေရးနဲ႔ ပတ္သက္တဲ့ေမွ်ာ္လင့္ခ်က္ေတြ ထိေရာက္သြားမွာပါ။ ဒါဟာအထူးသျဖင့္ေတာ့ ကေမာၻဒီးယားျပည္သူေတြအတြက္ အေရးႀကီးပါတယ္။ ဒါဟာ ကေမာၻဒီးယားျပည္သူေတြ တကယ္လိုလားတဲ့ကိစၥ ျဖစ္သလို၊ အေမရိကန္ကလည္း အေလးအနက္ထားတဲ့အရာပါ။ က်ေနာ္တို႔လႊတ္ေတာ္ကလည္း အေလးထားပါတယ္။ သမၼတကလည္း အေလးထားပါတယ္။ ဒါေတြက က်ေနာ္တို႔ အေသြး အသားထဲမွာရွိေနတာေတြပါ။ ဒီမိုကေရစီနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔မွာလည္း ျပႆနာရွိပါတယ္။ ဒါေပမယ့္ ဒီျပႆနာကို က်ေနာ္တို႔က ပြင့္ပြင့္လင္းလင္း၊ မကြယ္မ၀ွက္ဘဲ တည့္တည့္ေျဖရွင္းပါတယ္။ က်ေနာ္တို႔ တကယ္တမ္းေမးရမွာ။ တိုင္းျပည္ေတြမွာရွိတဲ့ႏိုင္ငံေရးနစ္ဟာ ျပည္သူေတြအေနနဲ႔ သူတို႔ကိုကိုယ္စားျပဳတယ္လို႔ ခံစားရသလားဆိုတာပါဘဲ။
ေမး ။ ။ ေနာက္ဆုံးတခုအေနနဲ႔ေမးခ်င္တာကေတာ့ Ream ေရတပ္စခန္းကိစၥပါ။ တ႐ုတ္နဲ႔ အေမရိကန္စစ္တပ္အၾကား ဘာေတြျဖစ္ေနပါသလဲ။ ေဆာက္ၿပီးေတာ့မွ အေမရိကန္က ေနာက္တခါ ေမးခြန္းထုတ္ဦးမွာလား။
ေျဖ ။ ။ ပထမဆုံး ေသျခာေအာင္လုပ္ဖို႔က ကေမာၻဒီးယားရဲ႔ ႏိုင္ငံျခားေရးမူဝါဒဟာ တစုံတေယာက္က ဖိအားေပးတာမခံရဘဲနဲ႔ တကယ္ဘဲ လြတ္လပ္မႈရွိရဲ႔လားဆိုတဲ့အခ်က္ပါဘဲ။ Ream ေရတပ္စခန္းကိစၥမ်ိဳး ျဖစ္လာတဲ့အခါ၊ က်ေနာ္ ထင္တာကေတာ့ တိုင္းျပည္တျပည္က စခန္းတခုကိုပဲျဖစ္ျဖစ္ တစိတ္တပိုင္းကိုပဲျဖစ္ျဖစ္ အထူးအခြင့္အေရးနဲ႔ သုံးခြင့္ရၿပီး ေဒသတြင္းအျခားႏိုင္ငံေတြရဲ႔ လုံျခဳံေရးကို ၿခိမ္းေျခာက္လာမယ္ဆိုရင္ ေဒသတြင္းမွာရွိတဲ့ ဘယ္ႏိုင္ငံမဆို စိုးရိမ္ၾကမွာပါဘဲ။
ဒါေၾကာင့္ က်ေနာ္ထင္တာကေတာ့ ပြင့္လင္းျမင္သာမႈရွိဖို႔ အေရးႀကီးပါတယ္။ ဒီေရတပ္စခန္းဟာလည္း အားလုံးအတြက္ လမ္းဖြင့္ေပးထားၿပီး၊ တိုင္းျပည္တခုထဲအတြက္သီသန္႔ အသုံးျပဳဖို႔ ဆိုတာမ်ိဳး မျဖစ္သင့္ပါဘူး။
......................................
ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းမှု အပြည့်အစုံ
{{Zawgyi/Unicode}}
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်နိုင်ငံရဲ့ တုံ့ပြန်မှုဟာ အလွန်အကျွံနိုင်ပြီး၊ အန္တရာယ် ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗွီအိုအေ ခမာဌာနနဲ့ မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။ အမေရိကန်ဖက်က ရန်လိုတဲ့ တုံ့ပြန်မှုတွေ လုပ်ဖို့မရှိကြောင်းလည်း ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အမေရိကန်ရဲ့ သဘောထားကိုလည်း ပြောဆိုခဲ့တာပါ။ အာဆီယံနဲ့ အစည်းအဝေးအတွက် ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်နေတဲ့ ဝန်ကြီးဘလင်ကန်ကို ဗွီအိုအေ ခမာဌာနက Sun Narin ဆက်သွယ်မေးမြန်းထားပါတယ်။
မေး - မေးခွန်း ၂ ခုလောက်မေးလိုပါတယ်။ ပထမ တခုကတော့ ကမ္ဘောဒီးယားကိစ္စဖြစ်ပါတယ်။ နောက်တခုကတော့ ထိုင်ဝမ်နဲ့ မြန်မာကိစ္စပါ။ အောက်လွှတ်တော်ဥက္ကဌရဲ့ ထိုင်ဝမ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးရဲ့အမြင်ကိုသိပါရစေ။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်အစိုးရကလည်း တုံြ့ပန်ပြောဆိုတာတွေ၊ တုံ့ပြန်လုပ်ဆောင်တာတွေရှိပါတယ်။
ဖြေ - ပထမဆုံးအနေနဲ့က အခုလိုတွေ့ဆုံရတာဝမ်းသာပါတယ်။ ကျေးဇူးလည်း ကျေးဇူးတင်ပါတယ်။ လွှတ်တော်ဥက္ကဌ နန်စီပလိုစီဟာ ဥပဒေပြုရေးအပိုင်းကဖြစ်ပါတယ်။ ဒီအပိုင်းဟာ သီးခြားလွတ်လပ်တဲ့အပိုင်းဖြစ်ပါတယ်။ အစိုးရလိုဘဲ သီးခြားအပိုင်းကဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလိုသွားခွင့်ရှိပါတယ်။ ဒီနှစ်အပါအဝင် အရင်တုံးက အခြား လွှတ်တော်ကိုယ်စားလှယ်တွေ သွားရောက်သလိုဘဲ၊ သူလည်းသွားခွင့်ရှိပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ တုံ့ပြန်မှုဟာ အလွန်အကျွံနိုင်လွန်ပြီး၊ အန္တရာယ်များပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရတယ်ဘဲဆိုဆို၊ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ၁၁ စင်းပစ်လွှတ်တာ၊ ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်ကို စစ်သင်္ဘောတွေ စေလွှတ်တာတွေဟာ အန္တရယ်ရှိပါတယ်။ အဲဒီအထဲက မစ်ဇိုင်ဒုံး ၅ လုံးက ဂျပန်နိုင်ငံအနီးကို ကျရောက်ခဲ့ပါတယ်။ ASEAN အပါအဝင် ဒေသတွင်းက နိုင်ငံတွေပြောဆိုနေတာတွေကိုလည်း ကြားကြမယ်ထင်ပါတယ်။ ဒီလုပ်ရပ်ဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေပြီး၊ အလွန်အန္တရယ်ရှိတယ်ဆိုတာကို ASEAN ကလည်းကြေညာချက်ထုတ်ထားပါတယ်။
ဒါကြောင့် ကျနော်ထင်တာက တာဝန်ယူမှုရှိရှိ လုပ်ဆောင်ဖို့က အတော်အရေးကြီးပါတယ်။ အမေရိကန်ဘက်ကတော့ ဘယ်လိုရန်စတဲ့ ကိစ္စမျိုးကိုမှ လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ ယူဆတာက ပယ်လယ်ပြင်တွေဟာ တည်ငြိမ်အေးချမ်းသင့်ပါတယ်။ ထိုင်ဝမ်ရေလက်ကြားဟာ ဒေသတွင်းနိုင်ငံတွေ အားလုံးအတွက်ရေးကြီးပါတယ်။ ဒီနေရာကိုဖြတ်ပြီး ကုန်သွယ်မှုလုပ်ငန်းတွေ အများကြီးရှိပါတယ်။ ဒီနေရာကိုအနှောက်အယှက်ပေးခံရရင် ကမ္ဘာ့စီးပွားရေးတခုလုံးကို ဆိုးဆိုးဝါးဝါးထိခိုက်မှာပါ။ အားလုံးက ကိုဗစ် ၁၉ ကြောင့်ထိခိုက်ကျဆင်းသွားတဲ့ စီးပွားရေးကို ပြန်ကောင်းလာဖို့ ဆန္ဒရှိ နေကြတာပါ။ ဒီအတွက် နိုင်ငံတိုင်းမှာတာဝန်ရှိတယ်လို့ကျနော်ထင်ပါတယ်။ အမေရိကန်မှာတာဝန်ရှိသလို၊ တရုတ်မှာလည်း တာဝန်ရှိပါတယ်။ လွှတ်တော်အမတ်တဦး အလည်အပတ်သွားရောက်တဲ့ ကိစ္စကို မမှန်မကန် အကြောင်းပြုပြီး အန္တရယ်ရှိတဲ့၊ တည်ငြိမ်မှုပျက်ပြားစေတဲ့လုပ်ရပ်တွေကိုမလုပ်သင့်ပါဘူး။
မေး - မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုပြီးဆိုးဝါးလာနေတာ ကျနော် တို့တွေ့နေရပါတယ်။ အဲတော့ အထူးသဖြင့် ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းတွေအပေါ် အရေးယူမှုအပါအဝင် မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ အဆိုပြုသင့်ပါသလား။
ဖြေ။ ။ ကျနော်မြင်တာကတော့ အခြေအနေက ဆိုးသထက်ဆိုးလာနေပါတယ်။ အာဆီယံနဲ့ ကမ္ဘောဒီးယားနိုင်ငံက မေတ္တာရပ်ခံနေတဲ့ကြားက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦးကို သေဒဏ်စီရင် သတ်ဖြတ်ခဲ့တာ အင်မတန်ဆိုးပါတယ်။ ဒါက အာဏာသိမ်းပြီး အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုနဲ့ ပန်ကြားချက်တွေကို စစ်ကောင်စီက လုံးဝ လျှစ်လျူရှုနေတာထင်ရှားပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် စစ်ကောင်စီကပါ သဘောတူထားတဲ့ မြန်မာ့အရေး အာဆီယံ သဘောတူညီချက် ၅ ချက်မှာဆိုရင် အကြမ်းဖက်မှုတွေရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ နဲ့ ဒီမိုကရေစီရေး ရှေးရှုမှုတွေ ပါဝင်ပေမယ့် အခုလပေါင်းများစွာကြာခဲ့တာတောင် မြန်မာဘက်က ဒါတွေကို အကောင်အထည်ဖော်ဖို့ဆန္ဒ လုံးဝမရှိတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို နိုင်ငံတကာအနေနဲ့ စစ်ကောင်စီအပေါ် နိုင်ငံရေး၊ စီးပွားရေး ဖိအားတွေ တိုးမြှင့်ပေးရမယ်၊ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာနိုင်ငံထဲက ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ရပါမယ်။ လူသားချင်းစာနာမှု အကူအညီတွေ ပြည်သူတွေဆီရောက်ဖို့၊ လက်နက်တွေ စစ်ကောင်စီဆီ မရောက်ဖို့ စတာတွေ လုပ်ရပါမယ်။
မေး။ ။ မြန်မာစစ်ကောင်စီကို ကျဉ်ထားတဲ့အပြင် အာဆီယံအနေနဲ့ ဒီထက်ပိုပြီး ဘာတွေ အရေးယူမှုတွေလုပ်သင့်သလဲ။
ဖြေ။ ။ စစ်ကောင်စီဘက်က အာဆီယံ သဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ ငြင်းပယ်ထားပါတယ်။ အဲဒီတော့ အခု လောလောဆယ်အားဖြင့် အရေးပါတဲ့ အစည်းအဝေးတွေမှာ နိုင်ငံရေးအရ မပတ်သက်တဲ့ ကိုယ်စားလှယ်ကိုပဲ လက်ခံမယ်လို့ သတ်မှတ်ထားတဲ့ အချက်ဟာ မှန်ကန်တဲ့အချက်ဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ ဒီကိစ္စအပေါ် လိုက်နာမှုတွေမရှိဘူးဆိုရင် အာဆီယံအနေနဲ့ အခြေအနေတွေအပေါ် ပြန်သုံးသပ်ပြီး အာဆီယံကနေ ထုတ်ပယ်တဲ့ အဆင့်အပါအဝင် လုပ်စရာရှိတာ လုပ်သွားရမှာပါ။
မေး။ ဝန်ကြီး Blinken အနေနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့ တွေဆုံခဲ့တယ်လို့ ကျနော်သိရပါတယ်။ သူ့ကိုဘာတွေပြောခဲ့ပါသလဲ။
ဖြေ ။ ။ ကျနော်တို့ အကြောင်းအရာ အတော်များများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ကြပါတယ်။ အရေးအကြီးဆုံးအကြောင်း အရာတခု ကျနော်ဆွေးနွေးခဲ့တာကတော့ အမေရိကန်က ကမ္ဘောဒီးယားနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ရှိချင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ရှိပြီးသား အခြေခံကောင်းတွေကို ဆက်လက်ပြီး တည်ဆောက်သွားချင်ပါတယ်။ ကျနော်တို့ ဂုဏ်ယူရတဲ့အချက်ကတော့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘောဒီးယားအတွက် အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဝမ်းမြောက်စရာ တခုအနေနဲ့က ကမ္ဘောဒီးယား က ထုတ်လုပ်တဲ့ သီဟိုစေ့နဲ့ သရက်သီးတွေကို နိုင်ငံတကာဈေးကွက်ကို တင်ပို့နိုင်ဖို့ ကျနော်တို့ ကူညီဆောင်ရွက်နေတဲ့ကိစ္စပါ။ နောက်တခုကတော့ ကိုဗစ် ၁၉ ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေးအတွက် ကျနော်တို့က ဘာအကျိုးအမြတ်မှ မမျှော်လင့်ဘဲ ကာကွယ် ဆေးတွေကူညီပေးနိုင်ခဲ့တဲ့ကိစ္စပါ။ ကျနော်တကယ်ကို ဂုဏ်ယူတဲ့ ကိစ္စတခုကတော့ ကမ္ဘောဒီးယား ကနေ ခိုးယူထားတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကျနော်တို့ ပြန်လည်ပေးအပ်နေတဲ့ကိစ္စပါဘဲ။ ယဉ်ကျေးမှုတွေ ကာကွယ် ထိန်းသိမ်းဖို့ကို ကျနော်သိပ်အလေးအနက်ထားပါတယ်။ ကျနော်တို့က အဲဒီလိုဆက်ဆံရေးတွေကို ပိုမိုခိုင်မာအောင် ဆောင်ရွက်နေတာပါ။ ကျနော်တို့ရဲ့ စီးပွားရေးအရ ဆက်ဆံရေးတွေကိုလည်း အားကောင်းလာအောင်လုပ်ဆောင် နေပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားမှာ ဒီမိုကရေစီပိုမိုအားကောင်းလာအောင် လုပ်ဖို့ အရေးကြီးတဲ့အကြောင်းတွေကိုလည်း ကျနော် တို့ပြောဆိုဆွေးနွေးပါတယ်။ အထူးသဖြင့်တော့ နောက်လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်တဲ့အတွက်၊ အားလုံးပါဝင်ပြီး၊ တကယ့်ကိုယ်စားပြုမှုရှိဖို့ ရွေးကောက်ပွဲဖြစ်အောင်လုပ်ဖို့ပါဘဲ။ ပါတီပေါင်းစုံပါဝင်တဲ့ ရွေးကောက်ပွဲတွေကိုလည်း ကမ္ဘောဒီးယားက အရင်တုန်းကလုပ်ခဲ့ဖူးပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ ဘယ်ပါတီ၊ ဘယ်သူဖြစ်လာရမယ်ဆိုတာမျိုးမရှိပါဘူး။ ကျနော်တို့ကတော့ ဒီမိုကရေစီနည်းလမ်း ကျကျလုပ်ဆောင်တဲ့ ကိစ္စကိုဘဲလိုလားတာပါ။ ကမ္ဘောဒီးယာမှာလူတိုင်းက ဒီရွေးကောက်ပွဲနဲ့ အစိုးရဟာ ငါတို့ကို အမှန်တကယ်ကိုယ်စား ပြုတယ်လို့ ခံစားရစေ့ချင်တာပါ။
မေး။ ။ နောက်တခုမေးချင်တာကာ တကယ်လို့ ကမ္ဘောဒီးယားမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်ခဲ့ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာနိုင်ပါသလဲ။
ဖြေ။ ။ ကျနော့အနေနဲ့ ကတော့ မဖြစ်သေးတာတွေကို မှန်းဆပြီး ပြောတာမျိုး မလုပ်ချင်ပါဘူး။ ဒါပေမယ့် ကျနော်ထပ် ပြောချင်တာက။ ဒါက ကျနော်တို့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့မျှော်လင့်ချက်တွေ ထိရောက်သွားမှာပါ။ ဒါဟာအထူးသဖြင့်တော့ ကမ္ဘောဒီးယားပြည်သူတွေအတွက် အရေးကြီးပါတယ်။ ဒါဟာ ကမ္ဘောဒီးယားပြည်သူတွေ တကယ်လိုလားတဲ့ကိစ္စ ဖြစ်သလို၊ အမေရိကန်ကလည်း အလေးအနက်ထားတဲ့အရာပါ။ ကျနော်တို့လွှတ်တော်ကလည်း အလေးထားပါတယ်။ သမ္မတကလည်း အလေးထားပါတယ်။ ဒါတွေက ကျနော်တို့ အသွေး အသားထဲမှာရှိနေတာတွေပါ။ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ကျနော်တို့မှာလည်း ပြဿနာရှိပါတယ်။ ဒါပေမယ့် ဒီပြဿနာကို ကျနော်တို့က ပွင့်ပွင့်လင်းလင်း၊ မကွယ်မဝှက်ဘဲ တည့်တည့်ဖြေရှင်းပါတယ်။ ကျနော်တို့ တကယ်တမ်းမေးရမှာ။ တိုင်းပြည်တွေမှာရှိတဲ့နိုင်ငံရေးနစ်ဟာ ပြည်သူတွေအနေနဲ့ သူတို့ကိုကိုယ်စားပြုတယ်လို့ ခံစားရသလားဆိုတာပါဘဲ။
မေး ။ ။ နောက်ဆုံးတခုအနေနဲ့မေးချင်တာကတော့ Ream ရေတပ်စခန်းကိစ္စပါ။ တရုတ်နဲ့ အမေရိကန်စစ်တပ်အကြား ဘာတွေဖြစ်နေပါသလဲ။ ဆောက်ပြီးတော့မှ အမေရိကန်က နောက်တခါ မေးခွန်းထုတ်ဦးမှာလား။
ဖြေ ။ ။ ပထမဆုံး သေခြာအောင်လုပ်ဖို့က ကမ္ဘောဒီးယားရဲ့ နိုင်ငံခြားရေးမူဝါဒဟာ တစုံတယောက်က ဖိအားပေးတာမခံရဘဲနဲ့ တကယ်ဘဲ လွတ်လပ်မှုရှိရဲ့လားဆိုတဲ့အချက်ပါဘဲ။ Ream ရေတပ်စခန်းကိစ္စမျိုး ဖြစ်လာတဲ့အခါ၊ ကျနော် ထင်တာကတော့ တိုင်းပြည်တပြည်က စခန်းတခုကိုပဲဖြစ်ဖြစ် တစိတ်တပိုင်းကိုပဲဖြစ်ဖြစ် အထူးအခွင့်အရေးနဲ့ သုံးခွင့်ရပြီး ဒေသတွင်းအခြားနိုင်ငံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာမယ်ဆိုရင် ဒေသတွင်းမှာရှိတဲ့ ဘယ်နိုင်ငံမဆို စိုးရိမ်ကြမှာပါဘဲ။
ဒါကြောင့် ကျနော်ထင်တာကတော့ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ်။ ဒီရေတပ်စခန်းဟာလည်း အားလုံးအတွက် လမ်းဖွင့်ပေးထားပြီး၊ တိုင်းပြည်တခုထဲအတွက်သီသန့် အသုံးပြုဖို့ ဆိုတာမျိုး မဖြစ်သင့်ပါဘူး။