သုံးရလွယ်ကူစေသည့် Link များ

တောင်တရုတ်ပင်လယ် အငြင်းပွားကျွန်း ဖိလစ်ပိုင်တပ်ဖွဲ့စေလွှတ်


Thitu ကျွန်းရှိ ဖိလစ်ပိုင်တပ်များ

ဖိလစ်ပိုင်နဲ့ တရုတ် ၂ နိုင်ငံလုံးပိုင်ဆိုင်တယ်လို့အငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ်ထဲက ကျွန်းပေါ်ကို ဖိလစ်ပိုင်က တပ်ဖွဲ့တွေနဲ့ ယန္တရားတွေကို စတင်ပို့ဆောင်နေပါတယ်။

ကျွန်းပေါ်မှာ လေယာဉ်ပြေးလမ်းတိုးချဲ့ဖို့အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ဖိလစ်ပိုင်က စတင်ဖို့ ပြင်ဆင်နေချိန်မှာ ခုလိုပို့ဆောင်နေတာဖြစ်ပါတယ်။ Pag-asa ကျွန်းပေါ်ကို တပ်သားတွေနဲ့ ကနဦးထောက်ပို့ပစ္စည်းတွေ ပြီးခဲ့တဲ့သီတင်းပတ်မှာ ပို့ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ် အနောက်ပိုင်းတိုင်းတပ်မှူးကြီး Raul del Rosario က AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အငြင်းပွားနေတဲ့ကျွန်းပေါ်မှာ လေယာဉ်ပြေးလမ်းကို တိုးချဲ့ဖို့နဲ့ သင်္ဘောကျင်းတခုဆောက်လုပ်ဖို့အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်းနဲ့ ညီမျှတဲ့ ဘဏ္ဍာငွေလျာထားတယ်လို့ ဖိလစ်ပိုင်တာဝန်ရှိသူတွေရဲ့ အပြောကို RT online သတင်းတခုထဲမှာ ဖော်ပြထားပါတယ်။ ဒီလိုဆောက်လုပ်မှုတွေဟာ တရားမဝင်ဘူးလို့ဆိုပြီး ကျွန်းပေါ်မှာဆောက်လုပ်ရေးလုပ်ငန်းတွေ မလုပ်ဖို့ ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံအမတ်ကြီးက ဒီလအစောပိုင်းက သတိပေးခဲ့ပါတယ်။

တရုတ်တို့ကလည်း ပိုင်ဆိုင်တယ်လို့ ပြောနေတဲ့ Pag-asa ကျွန်းပေါ်မှာ ဖိလစ်ပိုင်တပ်ဖွဲ့တွေနဲ့ ငါးဖမ်းသမားတွေရှိနေတာ ဆယ်စုနှစ်နဲ့ချီရှိနေပါပြီ။ ဖိလစ်ပိုင်တပ်တွေဆီကို ဖိလစ်ပိုင် စစ်တပ်အကြီးအကဲတွေ ပြီးခဲ့တဲ့လက သွားရောက်ခဲ့တုန်းကလည်း တရုတ်တို့က ကန့်ကွက်ခဲ့ပါတယ်။

XS
SM
MD
LG