သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားယာယီသမ္မတကို တရားစွဲဖို့ လွှတ်တော်ဆုံးဖြတ်


တာဝန်ကနေ ယာယီဆိုင်းငံ့ထားတဲ့ တောင်ကိုရီးယား သမ္မတဟောင်း Yoon Suk Yeol ကို ကာကွယ်တယ်ဆိုပြီး တရားစွဲဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ရသူ ယာယီသမ္မတ Han Duck-soo (Dec 26, 2024)
တာဝန်ကနေ ယာယီဆိုင်းငံ့ထားတဲ့ တောင်ကိုရီးယား သမ္မတဟောင်း Yoon Suk Yeol ကို ကာကွယ်တယ်ဆိုပြီး တရားစွဲဖို့ လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ရသူ ယာယီသမ္မတ Han Duck-soo (Dec 26, 2024)

တောင်ကိုရီးယားနိုင်ငံမှာ ယာယီသမ္မတ Han Duck-soo ကို တရားစွဲဖို့ လွှတ်တော်အမတ်တွေ ဒီနေ့ မဲခွဲ ဆုံးဖြတ်လိုက်ကြပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာခဲ့လို့ ရာထူးကနေ ယာယီဖယ်ရှားခံထားရတဲ့ သမ္မတ Yoon Suk Yeol ကို ယာယီသမ္မတက ကာကွယ်နေတယ်လို့ဆိုပြီး လူများစု အတိုက်အခံ အမတ်တွေက ဒီနေ့ သောကြာနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ကြတာပါ။ မဲခွဲဖို့ ဆုံးဖြတ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌကကြေညာခဲ့ပြီးနောက် အာဏာရပါတီအမတ်တွေက မကျေမနပ် ဆန္ဒပြခဲ့ကြပါတယ်။

အာဏာရပါတီ PPP ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်နေတဲ့ကြားကပဲ ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ယာယီသမ္မတ Han Duck-soo ကိုတရားစွဲဆိုဖို့ မဲခွဲခဲ့တာမှာ လွှတ်တော်ကိုယ်စားလှယ် ၁၉၂ ယောက်က မဲပေးထောက်ခံခဲ့ကြတာြဖစ်ပါတယ်။ ရာထူးကနေ ယာယီဖယ်ရှားခံထားရတဲ့ သမ္မတ Yoon Suk Yeol ရဲ့ အမှုကို ဖွဲ့စည်းပုံတရားရုံးမှာ စစ်ဆေးကြားနာမယ့် တရားသူကြီး ၃ ယောက်ကို ယာယီသမ္မတ Han Duck-soo က လက်မခံ မခန့်အပ်တဲ့အတွက် သူဟာ Yoon Suk Yeol ကို ကာကွယ်နေတယ်လို့ဆိုပြီး ယာယီသမ္မတတာဝန် မထမ်းသင့်ဘူးလို့ အတိုက်အခံအမတ်တွေက ပြောကြားခဲ့ကြပါတယ်။

တောင်ကိုရီးယားမှာ သီတင်းနှစ်ပတ်အတွင်း သမ္မတနှစ်ယောက်ကိုတရားစွဲဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအရ ကွဲပြားမှုတွေ ပိုမိုကြီးထွားလာနေပါတယ်။

ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ Yoon Suk Yeol ကို ဒီဇင်ဘာ ၁၄ ရက်မှာ လွှတ်တော်ကတရားစွဲဖို့ဆုံးဖြတ်ခဲ့တာကြောင့် သမ္မတရာထူးကနေ ယာယီဖယ်ရှားခံခဲ့ရပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံတရားရုံးကနေ ဆုံးဖြတ်အတည်ပြုရမှာဖြစ်ပါတယ်။ ဒီအမှုကို ဖွဲ့စည်းပုံတရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ်ကြားနာခဲ့တာမှာ သမ္မတကို တရားစွဲဖို့ လိုလားတဲ့အဖွဲ့ရော မလိုလားတဲ့အဖွဲ့ပါ တရားရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG