သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ စုံစမ်းရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှောင်နေ


တောင်ကိုရီးယား သမ္မတ Yoon Suk Yeol
တောင်ကိုရီးယား သမ္မတ Yoon Suk Yeol

ဖွဲ့စည်းပုံ ခုံရုံးက တနင်္လာနေ့ မှာ ပထမဆုံး အစည်းအဝေးကို စတင်လိုက်ချိန်မှာ နာရီပိုင်းပဲ ခံတဲ့ စစ်အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ဌာနတွေက တွေ့ဆုံဖို့ တောင်းဆိုချက်တွေကို တောင်ကိုရီးယား သမ္မတက ရှောင်နေပါတယ်။ သမ္မတကို ပူးတွဲ စုံစမ်းစစ်ဆေးရေး အဖွဲ့မှာ ရဲတပ်ဖွဲ့၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာန နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ ပါဝင်ကြပါတယ်။

သမ္မတကို မေးမြန်းလိုကြောင်း စုံစမ်းရေးအဖွဲ့က သမ္မတရုံးနဲ့ အိမ်တော်ကို တနင်္လာနေ့က တောင်းဆိုစာ ပို့ခဲ့ပေမဲ့ သက်ဆိုင်ရာ အရာရှိတွေက တောင်းဆိုချက်စာကို လက်ခံဖို့ ငြင်းဆိုလိုက်ကြတယ်လို့ အဆင့်မြင့် အရာရှိကြီးများ ဆိုင်ရာ အကျင့်ပျက် ခြစားမှု စုံစမ်းစစ်ဆေးရေးရုံးက ပြောပါတယ်။ သမ္မတရုံးရဲ့ အတွင်းရေးမှူးရုံး ဝန်ထမ်းတွေက ဒီစာကို ယူသွားဖို့ သူတို့မှာ တာဝန်ရှိ၊ မရှိ မသေချာဘူးလို့ ပြောကြားကြောင်း စုံစမ်းစစ်ဆေးရေး ဌာန အရာရှိ Son Yeong-jo က ပြောပါတယ်။ ဒါကြောင့် စာကို စာတိုက်ကနေ ထည့်လိုက်ရတယ်လို့ ဆိုပါတယ်။

တကယ်လို့ သမ္မတ ယွန်းက အစစ်ဆေးမခံဘူး ဆိုရင် ဘာလုပ်မလဲ မေးတဲ့အခါမှာတော့ တိတိကျကျ ပြန်မဖြေပါဘူး။ သီးခြား စစ်ဆေးဖို့အတွက် ဆိုးလ်မြို့ အစိုးရ ရှေ့နေရုံးကလည်း သမ္မတကို တနင်္ဂနွေနေ့က ဆင့်ခေါ်ခဲ့ပေမဲ့ သမ္မတက လာဖို့ ငြင်းဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သမ္မတရုံးကို ရှာဖွေမှာကိုလည်း သမ္မတ လုံခြုံရေး အဖွဲ့က ငြင်းခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ စုံစမ်းရေးအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှောင်နေ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG