သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုအပေါ် တောင်ကိုရီးယားသမ္မတ ခုခံပြောကြား


စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် ဆန္ဒပြခံနေရတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က သမ္မတရုံးကနေ နိုင်ငံတော်ကို မိန့်ခွန်းပြောကြားစဥ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၄)
စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် ဆန္ဒပြခံနေရတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က သမ္မတရုံးကနေ နိုင်ငံတော်ကို မိန့်ခွန်းပြောကြားစဥ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၄)

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့ရတာဟာ သမ္မတယောက်အနေနဲ့ လုပ်သင့်တာကို လုပ်ခဲ့တာလို့ သမ္မတ Yoon Suk Yeol က ပြောလိုက်ပါတယ်။ သူ့အပေါ်တရားစွဲဖို့ အတိုက်အခံ ပါတီအမတ်တွေ ကြိုးစားနေတဲ့အပေါ်လည်း သမ္မတက နိုင်ငံကို ရုပ်မြင်သံကြားပေါ်ကနေ ဒီနေ့ ပြောကြားတဲ့ မိန့်ခွန်းမှာ ပယ်ချခဲ့ပါတယ်။

‘လွှတ်တော်ထဲမှာ အမတ်နေရာအများစုဖြစ်တာကို အခွင့်ကောင်းယူပြီး လူနည်းစုတွေအပေါ် အနိုင်ကျင့် နိုင်လိုမင်းထက်လုပ်တဲ့ လွှတ်တော်အမတ်တွေကြောင့် ကိုရီးယားနိုင်ငံ ဒီမိုကရေစီနဲ့ ဖွဲ့စည်းပုံကို ကာကွယ်ဖို့ သူကြိုးစားခဲ့တာဖြစ်တယ်’ လို့ သမ္မတ Yoon Suk Yeol က ပြောသွားတာ ဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတတယောက်အနေနဲ့ ဖွဲ့စည်းပုံနဲ့အညီလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို သူပုန်ထတဲ့လုပ်ရပ်လို့ ဘယ်လိုပြောလို့ရမလဲလို့လဲ မေးခွန်းထုတ်သွားခဲ့ပါတယ်။ အတိုက်အခံ Democratic ပါတီက သမ္မတအပေါ် တရားစွဲသင့် မစွဲသင့် လွှတ်တော်မှာ နောက်တကြိမ်ဆုံးဖြတ်ဖို့ အဆိုတင်သွင်းခဲ့ပြီး နာရီပိုင်းအကြာမှာပဲ သမ္မတက မိန့်ခွန်းပြောခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က လွှတ်တော်မှာ မဲခွဲစဉ်တုန်းက သမ္မတရဲ့အာဏာရပါတီအမတ်တွေ လွှတ်တော် အစည်းအဝေးခန်းမထဲကနေ ဆန္ဒပြထွက်သွားခဲ့ကြတဲ့အတွက် မဲခွဲမှု မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ သမ္မတရဲ့ တာဝန်ကို ချက်ချင်းဖယ်ရှားသင့်တယ်လို့ အာဏာရပါတီခေါင်းဆောင် Han Dong-hoon က ဒီနေ့ပြောကြားပါတယ်။

ဒါကြောင့် သမ္မတကိုဖြုတ်ချနိုင်ဖို့ တခုတည်ူသောနည်းလမ်းက သူ့ပါတီအမတ်တွေအနေနဲ့ တရားစွဲသင့် မသင့် မဲခွဲရင် ထောက်ခံမဲပေးဖို့သာရှိတယ်လို့ သမ္မတရဲ့ ပါတီခေါင်းဆောင်က ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့က သမ္မတထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးဟာ ၆ နာရီသာ ကြာခဲ့ပေမဲ့ နိုင်ငံရေး မရေမရာဖြစ်နေပြီး သမ္မတရာထူးက ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြနေကြပါတယ်။

 စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုအပေါ် တောင်ကိုရီးယားသမ္မတ ခုခံပြောကြား
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG