သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအတြက္ ကိုရီးယား Bosingak ေခါင္းေလာင္းႀကီး ထိုးေပးခဲ့


ျမန္မာအတြက္ ကိုရီးယား Bosingak ေခါင္းေလာင္းႀကီး ထိုးေပးခဲ့

ျမန္မာႏိုင္ငံမွာ အေျပာင္းအလဲအသစ္ေတြ ျဖစ္လာေစဖို႔ရည္႐ြယ္ၿပီး ေတာင္ကိုရီးယားႏိုင္ငံမွာ အထြဋ္အျမတ္ထားတဲ့ Bosingak ေခါင္းေလာင္းႀကီးကို ဒီကေန႔မွာ ၁၂ ခ်က္တိတိ ထိုးေပးခဲ့ပါတယ္။

ZAWGYI/UNICODE ျမန္မာႏိုင္ငံမွာ အေျပာင္းအလဲအသစ္ေတြ ျဖစ္လာေစဖို႔ရည္႐ြယ္ၿပီး ေတာင္ကိုရီးယားႏိုင္ငံမွာ အထြဋ္အျမတ္ထားတဲ့ ဘိုရွင္ဂတ္ (Bosingak) ေခါင္းေလာင္းႀကီးကို ဒီကေန႔မွာ ၁၂ ခ်က္တိတိ ထိုးေပးခဲ့ပါတယ္။ ယဥ္ေက်းမႈေပါင္းစုံ ေပါင္းစုထားတဲ့အဖြဲ႕ႀကီးတစ္ခုရဲ႕ အစီအစဥ္နဲ႔ တစ္ႏွစ္တစ္ခါသာ တီးေလ့ရွိတဲ့ ေခါင္းေလာင္းႀကီးကို ျမန္မာႏိုင္ငံအတြက္ ထူးထူးျခားျခား တီးေပးခဲ့တာအေၾကာင္း မစုျမတ္မြန္က ေျပာျပပါမယ္။

ေတာင္ကိုရီးယားႏိုင္ငံ Seoul ၿမိဳ႕ေတာ္မွာရွိတဲ့ သမိုင္းဝင္ ဘိုရွင္ဂတ္ (Bosingak) ေခါင္းေလာင္းႀကီးဟာ ကိုရီးယားျပည္သူေတြ တန္ဖိုးထားတဲ့ ေခါင္းေလာင္းႀကီးတခုျဖစ္ပါတယ္။ ႏွစ္သစ္ကူးခ်ိန္ေရာက္တိုင္း ကံေကာင္းျခင္းေတြနဲ႔ ေအာင္ျမင္ေစေၾကာင္း မဂၤလာယူတဲ့အေနနဲ႔ ဒီေခါင္းေလာင္းႀကီးကိုထိုးၿပီး ႏွစ္သစ္ကို ႀကိဳဆိုၾကေလ့ရွိပါတယ္။

ခုလို ကိုရီးယားႏိုင္ငံအတြက္ အထြဋ္အျမတ္ျဖစ္တဲ့ ေခါင္းေလာင္းႀကီးကို ဒီေန႔ ျမန္မာႏိုင္ငံအတြက္ ၁၂ ခ်က္ ထိုးေပးခဲ့ပါတယ္။ ယဥ္ေက်းမႈေပါင္းစုံ ေပါင္းစုထားတဲ့ Global Village Multicultural Federation အဖြဲ႕ႀကီးရဲ႕ စီစဥ္ေပးမႈနဲ႔ ေခါင္းေလာင္းႀကီးကို ထိုးႏိုင္ခဲ့တဲ့အေၾကာင္း ဒီေန႔ ေခါင္းေလာင္းထိုး ဆုေတာင္းခြင့္ရခဲ့တဲ့ မေ႐ႊမိုးက ဗီအိုေအ ျမန္မာပိုင္းကို ခုလိုေျပာပါတယ္။

" ေတာင္ကိုရီးယားက ေခါင္းေဆာင္ေတြက တႏွစ္မွာတခါ ႏွစ္သစ္ကူးတဲ့အခ်ိန္မွာ ထိုးတဲ့ေခါင္းေလာင္းႀကီးေပါ့။ ဒီေခါင္းေလာင္းကို ၿမိဳ႕ေတာ္ဝန္တို႔ အေရးႀကီးတဲ့ပုဂၢိဳလ္ေတြ တက္ၿပီးေတာ့ ေခါင္းေလာင္းထိုးတာ။ ေနာက္ၿပီး ႏွစ္သစ္အတြက္ ေျခလွမ္းသစ္ဆိုၿပီးေတာ့ မဂၤလာယူတဲ့ေခါင္းေလာင္းေပါ့။ အဲ့တာကို သူတို႔က က်မတို႔ျမန္မာေတြအတြက္ ေခါင္းေလာင္းတီးဖို႔ ခြင့္ျပဳလိုက္ပါတယ္။ အဲ့တာနဲ႔ ညီမတို႔ေတြ ၁၂သြားၿပီးေတာ့ ၁၂နာရီ အတိထိုးထားတာနဲ႔ ဒီအခ်ိန္မွာ ေခါင္းေလာင္း ၁၂ခ်က္ ထိုးပါေတာ့မယ္ဆိုၿပီး ေၾကညာလိုက္ၿပီးတဲ့ေနာက္မွာ ညီမတို႔ ေခါင္းေလာင္း ၁၂ခ်က္ တီးခြင့္ရခဲ့ပါတယ္။ ဒီဟာက ကိုရီးယားမွာဆိုရင္ ေတာ္ေတာ္ႀကီးကို ထူးျခားတဲ့ အဆင့္ဆင့္ခြင့္ျပဳၿပီးမွ ရတဲ့ ထူးျခားတဲ့အခြင့္အလမ္းတခုေပါ့ေနာ္။ ပထမေတာ့ ဘာမွမသိဘူးတခုခု ဆုေတာင္းေပးမယ္ ျမန္မာႏိုင္ငံအတြက္ လုပ္ေပးထားတာရွိတယ္လို႔ေျပာလို႔ ညီမတို႔သြားလိုက္ၾကတာ။ ဟိုေရာက္ေတာ့ ဝင္ဝင္ခ်င္းမွာ နန္းဝတ္နန္းစားေတြနဲ႔ က်မတို႔ကိုႀကိဳဆိုတယ္ ႀကိဳဆိုၿပီးေတာ့ က်မတို႔ကိုရွင္းျပတယ္ ဒီေနရာက အေပၚကိုေတာင္ တက္ခြင့္မရတဲ့ေနရာပါတဲ့။ ျမန္မာႏိုင္ငံအတြက္ ျမန္မာႏိုင္ငံကို ေအာင္ေစခ်င္လြန္းတဲ့အတြက္ ေအာင္ေခါင္းေလာင္းကို ေအာင္ေစလိုတဲ့ရည္ရြယ္ခ်က္နဲ႔ အေရးေတာ္ပံုကို ေအာင္ေစလိုတဲ့ရည္ရြယ္ခ်က္နဲ႔ ဒီေခါင္းေလာင္းကို ထိုးဖို႔အတြက္ သူတို႔ ႀကိဳးစားၿပီးေတာ့ လုပ္ခဲ့ပါတယ္ဆိုၿပီး က်မတို႔ကိုရွင္းျပပါတယ္။ က်မတို႔လည္း အရမ္းကိုအံ့ၾသၿပီးေတာ့ အရမ္းလည္း ဝမ္းသာသြားတယ္။ ဒီေခါင္းေလာင္းကိုထိုးလိုက္တဲ့အခ်ိန္ က်မ မ်က္ရည္ေတြေတာင္အမ်ားႀကီးက်ပါတယ္။ အရမ္းလည္း ဝမ္းသာသြားတယ္ က်မတို႔ေအာင္ျမင္ၿပီဆိုတဲ့ ဒီေတာ္လွန္ေရးႀကီး ေအာင္ျမင္ၿပီဆိုတဲ့ ခံစားခ်က္မ်ိဳး ရတာေပါ့ေနာ္။"

ေတာင္ကိုရီးယားႏိုင္ငံဟာ ျမန္မာႏိုင္ငံဒီမိုကေရစီေရး ႀကိဳးပမ္းမႈေတြကို အေတာ္ေလး တက္တက္ႂကြႂကြအားေပးေနပါတယ္။ အခုလည္းျမန္မာျပည္သူအမ်ား ေမ ွ်ာ္လင့္ေနၾကတဲ့အတိုင္း စစ္အာဏာရွင္စနစ္ က်ဆုံးမယ့္ ေန႔သစ္အတြက္ သူတို႔ရဲ႕ ႏွစ္သစ္ကူးေခါင္းေလာင္းႀကီးကို ထိုးၿပီး ဆုေတာင္းခြင့္ေပးခဲ့တာျဖစ္ပါတယ္။

ေနာင္မွာလည္း ျမန္မာႏိုင္ငံက ဒီမိုကေရစီေရးလႈပ္ရွားမႈ ေအာင္ျမင္ေစေအာင္ ဆုေတာင္းပြဲေတြ လုပ္ဖို႔ စီစဥ္ေပးေနတယ္လို႔ ေတာင္ကိုရီးယားက ျမန္မာ့အေရးလႈပ္ရွားသူ မေ႐ႊမိုးက ေျပာပါတယ္။

"သူတို႔က ေခါင္းေလာင္းက ထိုးခြင့္ရတာက ပထမဆံုးထိုးခြင့္ရၿပီးေတာ့ ေနာက္ထပ္ အဂၤါေန႔က်ရင္ ၁၂နာရီမွာလည္း ေနာက္ထပ္ အခြင့္အေရးတခုထပ္ရဖို႔ေပါ့ေနာ္ ေတာ္လွန္ေရးမၿပီးမခ်င္း ဒီေခါင္းေလာင္းကို ထိုးခြင့္ရဖို႔ သူတို႔ႀကိဳးစားေနပါတယ္ ေပါ့ေနာ္ အဲ့ဒီ့အတြက္ ေနာက္ထပ္ အဂၤါေန႔ေပါ့ေနာ္ ေနာက္ထပ္ ဘယ္ေလာက္အေျခအေနအထိရမလဲ က်မမသိဘူး ေနာက္ထပ္ အဂၤါေန႔မွာ က်မတို႔ အုပ္စုကို ထပ္ဖိတ္ထားပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံက အထြဋ္အျမတ္ထားတဲ့ ဘိုရွင္ဂတ္ (Bosingak) ေခါင္းေလာင္းႀကီးမွာ ျမန္မာႏိုင္ငံက စစ္အာဏာရွင္စနစ္ကို တြန္းလွန္ေနၾကသူေတြအတြက္ ဆုေတာင္းေခါင္းေလာင္း ထိုးႏိုင္ခဲ့ၾကတာမို႔ ကိုရီးယားႏိုင္ငံက ျမန္မာ့အေရးႀကိဳးပမ္းေနၾကသူေတြအတြက္ သမိုင္းဝင္ မွတ္တမ္းတင္ႏိုင္တဲ့ ေအာင္ျမင္မႈတခုျဖစ္တယ္လို႔ သူကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

UNICODE

မြန်မာနိုင်ငံမှာ အပြောင်းအလဲအသစ်တွေ ဖြစ်လာစေဖို့ရည်ရွယ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ အထွဋ်အမြတ်ထားတဲ့ ဘိုရှင်ဂတ် (Bosingak) ခေါင်းလောင်းကြီးကို ဒီကနေ့မှာ ၁၂ ချက်တိတိ ထိုးပေးခဲ့ပါတယ်။ ယဉ်ကျေးမှုပေါင်းစုံ ပေါင်းစုထားတဲ့အဖွဲ့ကြီးတစ်ခုရဲ့ အစီအစဉ်နဲ့ တစ်နှစ်တစ်ခါသာ တီးလေ့ရှိတဲ့ ခေါင်းလောင်းကြီးကို မြန်မာနိုင်ငံအတွက် ထူးထူးခြားခြား တီးပေးခဲ့တာအကြောင်း မစုမြတ်မွန်က ပြောပြပါမယ်။

တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်မှာရှိတဲ့ သမိုင်းဝင် ဘိုရှင်ဂတ် (Bosingak) ခေါင်းလောင်းကြီးဟာ ကိုရီးယားပြည်သူတွေ တန်ဖိုးထားတဲ့ ခေါင်းလောင်းကြီးတခုဖြစ်ပါတယ်။ နှစ်သစ်ကူးချိန်ရောက်တိုင်း ကံကောင်းခြင်းတွေနဲ့ အောင်မြင်စေကြောင်း မင်္ဂလာယူတဲ့အနေနဲ့ ဒီခေါင်းလောင်းကြီးကိုထိုးပြီး နှစ်သစ်ကို ကြိုဆိုကြလေ့ရှိပါတယ်။

ခုလို ကိုရီးယားနိုင်ငံအတွက် အထွဋ်အမြတ်ဖြစ်တဲ့ ခေါင်းလောင်းကြီးကို ဒီနေ့ မြန်မာနိုင်ငံအတွက် ၁၂ ချက် ထိုးပေးခဲ့ပါတယ်။ ယဉ်ကျေးမှုပေါင်းစုံ ပေါင်းစုထားတဲ့ Global Village Multicultural Federation အဖွဲ့ကြီးရဲ့ စီစဉ်ပေးမှုနဲ့ ခေါင်းလောင်းကြီးကို ထိုးနိုင်ခဲ့တဲ့အကြောင်း ဒီနေ့ ခေါင်းလောင်းထိုး ဆုတောင်းခွင့်ရခဲ့တဲ့ မရွှေမိုးက ဗီအိုအေ မြန်မာပိုင်းကို ခုလိုပြောပါတယ်။

" တောင်ကိုရီးယားက ခေါင်းဆောင်တွေက တနှစ်မှာတခါ နှစ်သစ်ကူးတဲ့အချိန်မှာ ထိုးတဲ့ခေါင်းလောင်းကြီးပေါ့။ ဒီခေါင်းလောင်းကို မြို့တော်ဝန်တို့ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေ တက်ပြီးတော့ ခေါင်းလောင်းထိုးတာ။ နောက်ပြီး နှစ်သစ်အတွက် ခြေလှမ်းသစ်ဆိုပြီးတော့ မင်္ဂလာယူတဲ့ခေါင်းလောင်းပေါ့။ အဲ့တာကို သူတို့က ကျမတို့မြန်မာတွေအတွက် ခေါင်းလောင်းတီးဖို့ ခွင့်ပြုလိုက်ပါတယ်။ အဲ့တာနဲ့ ညီမတို့တွေ ၁၂သွားပြီးတော့ ၁၂နာရီ အတိထိုးထားတာနဲ့ ဒီအချိန်မှာ ခေါင်းလောင်း ၁၂ချက် ထိုးပါတော့မယ်ဆိုပြီး ကြေညာလိုက်ပြီးတဲ့နောက်မှာ ညီမတို့ ခေါင်းလောင်း ၁၂ချက် တီးခွင့်ရခဲ့ပါတယ်။ ဒီဟာက ကိုရီးယားမှာဆိုရင် တော်တော်ကြီးကို ထူးခြားတဲ့ အဆင့်ဆင့်ခွင့်ပြုပြီးမှ ရတဲ့ ထူးခြားတဲ့အခွင့်အလမ်းတခုပေါ့နော်။ ပထမတော့ ဘာမှမသိဘူးတခုခု ဆုတောင်းပေးမယ် မြန်မာနိုင်ငံအတွက် လုပ်ပေးထားတာရှိတယ်လို့ပြောလို့ ညီမတို့သွားလိုက်ကြတာ။ ဟိုရောက်တော့ ဝင်ဝင်ချင်းမှာ နန်းဝတ်နန်းစားတွေနဲ့ ကျမတို့ကိုကြိုဆိုတယ် ကြိုဆိုပြီးတော့ ကျမတို့ကိုရှင်းပြတယ် ဒီနေရာက အပေါ်ကိုတောင် တက်ခွင့်မရတဲ့နေရာပါတဲ့။ မြန်မာနိုင်ငံအတွက် မြန်မာနိုင်ငံကို အောင်စေချင်လွန်းတဲ့အတွက် အောင်ခေါင်းလောင်းကို အောင်စေလိုတဲ့ရည်ရွယ်ချက်နဲ့ အရေးတော်ပုံကို အောင်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီခေါင်းလောင်းကို ထိုးဖို့အတွက် သူတို့ ကြိုးစားပြီးတော့ လုပ်ခဲ့ပါတယ်ဆိုပြီး ကျမတို့ကိုရှင်းပြပါတယ်။ ကျမတို့လည်း အရမ်းကိုအံ့သြပြီးတော့ အရမ်းလည်း ဝမ်းသာသွားတယ်။ ဒီခေါင်းလောင်းကိုထိုးလိုက်တဲ့အချိန် ကျမ မျက်ရည်တွေတောင်အများကြီးကျပါတယ်။ အရမ်းလည်း ဝမ်းသာသွားတယ် ကျမတို့အောင်မြင်ပြီဆိုတဲ့ ဒီတော်လှန်ရေးကြီး အောင်မြင်ပြီဆိုတဲ့ ခံစားချက်မျိုး ရတာပေါ့နော်။"

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အတော်လေး တက်တက်ကြွကြွအားပေးနေပါတယ်။ အခုလည်းမြန်မာပြည်သူအများ မေ ျှာ်လင့်နေကြတဲ့အတိုင်း စစ်အာဏာရှင်စနစ် ကျဆုံးမယ့် နေ့သစ်အတွက် သူတို့ရဲ့ နှစ်သစ်ကူးခေါင်းလောင်းကြီးကို ထိုးပြီး ဆုတောင်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။

နောင်မှာလည်း မြန်မာနိုင်ငံက ဒီမိုကရေစီရေးလှုပ်ရှားမှု အောင်မြင်စေအောင် ဆုတောင်းပွဲတွေ လုပ်ဖို့ စီစဉ်ပေးနေတယ်လို့ တောင်ကိုရီးယားက မြန်မာ့အရေးလှုပ်ရှားသူ မရွှေမိုးက ပြောပါတယ်။

"သူတို့က ခေါင်းလောင်းက ထိုးခွင့်ရတာက ပထမဆုံးထိုးခွင့်ရပြီးတော့ နောက်ထပ် အင်္ဂါနေ့ကျရင် ၁၂နာရီမှာလည်း နောက်ထပ် အခွင့်အရေးတခုထပ်ရဖို့ပေါ့နော် တော်လှန်ရေးမပြီးမချင်း ဒီခေါင်းလောင်းကို ထိုးခွင့်ရဖို့ သူတို့ကြိုးစားနေပါတယ် ပေါ့နော် အဲ့ဒီ့အတွက် နောက်ထပ် အင်္ဂါနေ့ပေါ့နော် နောက်ထပ် ဘယ်လောက်အခြေအနေအထိရမလဲ ကျမမသိဘူး နောက်ထပ် အင်္ဂါနေ့မှာ ကျမတို့ အုပ်စုကို ထပ်ဖိတ်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံက အထွဋ်အမြတ်ထားတဲ့ ဘိုရှင်ဂတ် (Bosingak) ခေါင်းလောင်းကြီးမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေကြသူတွေအတွက် ဆုတောင်းခေါင်းလောင်း ထိုးနိုင်ခဲ့ကြတာမို့ ကိုရီးယားနိုင်ငံက မြန်မာ့အရေးကြိုးပမ်းနေကြသူတွေအတွက် သမိုင်းဝင် မှတ်တမ်းတင်နိုင်တဲ့ အောင်မြင်မှုတခုဖြစ်တယ်လို့ သူကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG