သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားမှာ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးခန့်


နိုင်ငံခြားရေးဝန်ကြီး အသစ် Kyung-wha Kang
နိုင်ငံခြားရေးဝန်ကြီး အသစ် Kyung-wha Kang

တောင်ကိုရီးယားနိုင်ငံ သမ္မတ မစ္စတာ Moon Jae-in က မစ္စ KANG KYUNG-WHA ကို နိုင်ငံခြားရေးဝန်ကြီး အသစ်အဖြစ် တနင်္ဂနွေနေ့မှာ ခန့်အပ်လိုက်ပါတယ်။ KANG ဟာ အခုဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်ပါတယ်။

သမ္မတ Moon Jae-in အနေနဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီ မြို့တော်ကို သွားရောက် လည်ပတ်ဖို့ ၁၀ ရက် အလိုမှာ အခုလို နိုင်ငံခြားရေးဝန်ကြီး အသစ်ကို ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

KANG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်လွှာကို Blue House လို့ ခေါ်တဲ့ ဆောင်ကိုရီးယား သမ္မတ ရုံးမှာ ပေးအပ်ခဲ့ပြီး၊ အဲဒီ အခမ်းနားကို ဝန်ကြီးအသစ်တွေနဲ့ တခြားအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။

အတိုက်အခံပါတီတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ၊ ဝန်ကြီးအဖြစ်ခန့်အပ်ဖို့အတွက် ကြားနာစစ်ဆေးပွဲတွေမှာ အတည်ပြုပေးဖို့ အတွက် ငြင်းပယ်တာတွေ ရှိခဲ့ပေမဲ့ သူမရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ပါလီမန်မှာ တလနီးပါး ဆွေးနွေးနေပြီးတဲ့နောက်မှာ သမ္မတ မစ္စတာ Moon က အခုလို ခန့်အပ်လိုက်တာလည်းဖြစ်ပါတယ်။

သံတမန်ရေးရာ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့အတွက် လစ်ဟာနေတာကို ဖြည့်ပေးဖို့အတွက် အရေးတကြီး လိုအပ်နေပြီလို့ မစ္စတာ Moon ကပြောပါတယ်။KANG ဟာ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခန့်အပ်ခြင်းမခံရခင် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးမူဝါဒ ရေးရာ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးခန့်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG