သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားအာဏာရပါတီအမတ် ၂၉ ဦး ပါတီခွဲထောင်


တောင်ကိုရီးယား အာဏာရပါတီအမတ် ၂၉ ဦး ပါတီခွဲထောင်
တောင်ကိုရီးယား အာဏာရပါတီအမတ် ၂၉ ဦး ပါတီခွဲထောင်

အဂတိ လိုက်စားမှု အရှုပ်တော်ပုံနဲ့ အရေးယူဖို့ လွှတ်တော်ကနေ ဆုံးဖြတ်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ Park Geun-hye ရဲ့ တောင်ကိုရီးယား အာဏာရပါတီ Saenuri ကနေ လွှတ်တော် အမတ် ၂၉ ဦးတို့ ခွဲထွက်သွားပါတယ်။

အာဏာရပါတီကနေ ခွဲထွက်သွားတဲ့ လွှတ်တော် အမတ်တွေက New Conservative Party for Reform အမည်နဲ့ နိုင်ငံရေး ပါတီသစ်ကို ထူထောင်လိုက်ပြီး လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တရားဝင် စတင်မှာ ဖြစ်ပါတယ်။

လာမယ့် သမ္မတ ရွေးကောက်ပွဲမတိုင်ခင် အာဏာရပါတီ အပေါ် စိတ်တိုင်းမကျ ဖြစ်နေကြတဲ့ Conservative မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရဖို့ ပါတီသစ်က မျှော်လင့်ထားတာ ဖြစ်ပါတယ်။ တာဝန်ကနေ အနားယူတော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon ကို ပါတီရဲ့ သမ္မတလောင်း အဖြစ် ပါတီသစ်က တင်မြှောက်ဖို့ ကြိုးစားနိုင်ခြေလည်း ရှိနေပါတယ်။

VOA နဲ့ မကြာခင်က လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ ကုလ အတွင်းရေးမှူးချုပ် Ban Ki-moon ကတော့ သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိ မရှိဆိုတာနဲ့ ပတ်သက်ပြီး ယတိပြတ် ထုတ်ဖော် ပြောဆိုမထားပါဘူး။ သမ္မတ Park Geun-hye ကို အရေးယူဖို့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ လက်ရှိ အာဏာရပါတီတွင်း နိုင်ငံရေး အရှုပ်အထွေး ဖြစ်ခဲ့ပြီးနောက်မှာတော့ မစ္စတာ ဘန်ကီမွန်း ကို ကွန်ဆာဗေးတစ်တို့ အတွက် အလားအလာ အရှိဆုံး သမ္မတလောင်း အဖြစ် ရှုမြင်ထားကြပါတယ်။

လက်တလော ကောက်ယူထားတဲ့ လူထုစစ်တမ်းတွေမှာလည်း မစ္စတာ ဘန်ကီမွန်းက လစ်ဘရယ်လ် နိုင်ငံရေး သမား Moon Jae-in ထက် မဲအနည်းငယ် အသာနဲ့ ဦးဆောင်နေပါတယ်။ Moon Jae-in က လွန်ခဲ့တဲ့ လေးနှစ်တုန်းက သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Park Geun-hye ကို ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှု အရှုပ်တော်ပုံမှာ သမ္မတ Park Geun-hye ရဲ့ ပါဝင်ပတ်သက်မှု အပေါ် စုံစမ်းစစ်ဆေးရေးမှူးတွေ တိုးချဲ့ စစ်ဆေးနေချိန်မှာဘဲ လွှတ်တော် အမတ်တွေက ပါတီသစ်ကို ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG