သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆောင်းရာသီ အိုလံပစ် ပူးပေါင်းရေး ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးမည်


ဆောင်းရာသီ အိုလံပစ်ပွဲတော်
ဆောင်းရာသီ အိုလံပစ်ပွဲတော်

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ လာမယ့် အင်္ဂါနေ့မှာ ကျင်းပမယ့် အဆင့်မြင့် ဆွေးနွေးပွဲမှာတော့ ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ မြောက်ကိုရီးယား ပါဝင်ရေးကို အဓိက ဆွေးနွေးကြမှာပါ။

ဒါပေမယ့် မြောက်ကိုရီးယား အစိုးရရဲ့ နျူးကလီးယား ခြိမ်းခြောက်မှု ကြီးထွားလာမှုကြောင့် တင်းမာမှုတွေကို လျှော့ချနိုင်ရေး အတွက် နည်းလမ်းတွေကိုလည်း ရှာဖွေနေကြတာပါ။ ၂၀၁၈ ခုနှစ် ပြုံချမ်း အိုလံပစ် ပွဲတော်ကိုတော့ တောင်ကိုရီးယား နိုင်ငံမှာ ဖေဖော်ဝါရီလ ၉ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပြီး Paralympics မသန်စွမ်း ဆောင်းရာသီ ကစားပွဲတွေကိုလည်း မတ်လ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

အိုလံပစ် ပွဲတော် အတွက် ဆောင်ပုဒ်ကိုလည်း ငြိမ်းချမ်းရေးနဲ့ ပြန်လည် သွေးစည်း ညီညွတ်ရေးကို သမ္မတ မွန်းဂျေအင်းက အလေးထား ပြောဆိုထားပြီး ၂၀၁၆ ခုနှစ် တုန်းက မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှု တခု အပြီးနောက်ပိုင်း ဆိုင်းငံ့ထားတဲ့ ကိုရီးယား နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေကို ပြန်စနိုငမယ့် နည်းလမ်း တခုအနေနဲ့ မြောက်ကိုရီးယား ဘက်က ပါဝင်လာဖို့လည်း အကြိမ်ကြိမ် ဖိတ်ခဲ့တာပါ။

ကိုရီးယား နှစ်နိုင်ငံကြား ဆွေးနွေးပွဲကိုတော့ နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုံထဲက ပါမွန်ဂျွန် အပစ်ရပ်ရွာမှာ လုပ်မှာပါ။ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး Cho Myung-gyon နဲ့ မြောက်ကိုရီးယားဘက်က ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကော်မတီ အကြီးအကဲ Ri Son Gwon တို့ ဆွေးနွေးပွဲကို ဦးဆောင်ကြမှာပါ။ အိုလံပစ် ပွဲတော်တွေ ပြီးချိန်ထိ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ဆိုင်းငံ့ထားဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ဆုံးဖြတ်ချက်ကြောင့်လည်း ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးရေး လမ်းကြောင်းအတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား ကြား အသစ် စီစဉ်ခဲ့ကြတဲ့ ဆွေးနွေးမှုတွေက အိုလံပစ်ပွဲတော် အလွန် အထိ သွားနိုင်ဖို့ မျှော်လင့်ထားပြီး သင့်တော်တဲ့ အချိန်မှာ အမေရိကန် ပြည်ထောင်စုလည်း ပါဝင်မယ်လို့ အမေရိကန် သမ္မတ Donald Trump က ကတိပြု ပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG