ေတာင္ကိုရီးယားဆုိင္ရာ အေမရိကန္သံအမတ္ရဲ႕ ၿခံ၀င္းထဲကို ေတာင္ကိုရီးယား ဆႏၵျပသူ ၂၀ ေလာက္ ေသာၾကာေန႔က က်ဴးေက်ာ္၀င္ေရာက္ခဲ့ၾကတဲ့အတြက္ သံတမန္ေတြရဲ႕ လုံၿခဳံေရး တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ေပးဖို႔ အေမရိကန္ တာ၀န္ရွိသူေတြ ေတာင္းဆိုလာၾကပါတယ္။
အြန္လုိင္းေပၚမွာ ေတြ႔ရတဲ့ ဗီြဒီယိုထဲမွာေတာ့ လူငယ္အုပ္စုတစုက ဆႏၵျပ ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ၿပီး ဆိုးလ္ၿမိဳ႕လယ္က သံအမတ္ Harry Harris ရဲ႕ အုတ္တံတုိင္း ၿခံစည္း႐ိုးေပၚကို ေလွခါးေထာင္ၿပီး ေက်ာ္၀င္ခဲ့ၾကတာကို ေတြ႔ရပါတယ္။
ၿခံ၀င္းေက်ာ္ၿပီး သံအမတ္ရဲ႕အိမ္ထဲ အတင္း၀င္ဖို႔ ႀကိဳးစားခဲ့ၾကတဲ့ ဆႏၵျပသူေတြကို ေတာင္ကိုရီးယားရဲေတြက ဖမ္းဆီးေခၚေဆာင္သြားခဲ့တယ္လို႔ အေမရိကန္သံ႐ုံးက ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
ဆႏၵျပသူတခ်ိဳ႕ ကိုင္ေဆာင္ထားတဲ့ စာတန္းေတြမွာေတာ့ သံအမတ္ Harris ကို ကိုရီးယားကေန ထြက္သြားဖို႔ ေတာင္းဆိုထားသလို အေမရိကန္တပ္ဖြဲ႔ေတြကိုလည္း ျပည္ပက က်ဴးေက်ာ္သူေတြအျဖစ္ ေဖာ္ျပၾကတာပါ။
လူထုစစ္တမ္းေတြအရ အေမရိကန္ျပည္ေထာင္စုနဲ႔ မဟာမိတ္ဖြဲ႔တာကို ေတာင္ကိုရီးယားျပည္သူေတြ တခဲနက္ ေထာက္ခံေပမယ့္လည္း အေမရိကန္ကုိ ဆန္႔က်င္တဲ့သူ လက္တဆုပ္စာ လူေတြေတာ့ ရွိေနပါတယ္။
၂၀၁၅ ခုႏွစ္တုန္းကလည္း ကိုရီးယားစစ္ေသြးႂကြ အမ်ိဳးသားေရး၀ါဒီအျဖစ္ ေနာက္ေၾကာင္းရွိထားတဲ့ ဓားကိုင္လူတေယာက္က အေမရိကန္သံအမတ္ Mark Lippert ကို ဆိုးလ္ၿမိဳ႕လယ္က အေဆာက္အဦတခုရဲ႕ အျပင္ဘက္မွာ တုိက္ခိုက္ခဲ့တဲ့အတြက္ သံအမတ္ Lippert ရဲ႕ မ်က္ႏွာနဲ႔ လက္ေမာင္းမွာ ဓားဒဏ္ရာတခ်ိဳ႕ ရခဲ့ဖူးပါတယ္။
----------------------------------
(Unicode)
တောင်ကိုရီးယားမှာ ကန်သံအမတ်ခြံဝန်းထဲ ဝင်ရောက်ဆန္ဒပြ
တောင်ကိုရီးယားဆိုင်ရာ အမေရိကန်သံအမတ်ရဲ့ ခြံဝင်းထဲကို တောင်ကိုရီးယား ဆန္ဒပြသူ ၂၀ လောက် သောကြာနေ့က ကျူးကျော်ဝင်ရောက်ခဲ့ကြတဲ့အတွက် သံတမန်တွေရဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက်ပေးဖို့ အမေရိကန် တာဝန်ရှိသူတွေ တောင်းဆိုလာကြပါတယ်။
အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ ဗွီဒီယိုထဲမှာတော့ လူငယ်အုပ်စုတစုက ဆန္ဒပြ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ဆိုးလ်မြို့လယ်က သံအမတ် Harry Harris ရဲ့ အုတ်တံတိုင်း ခြံစည်းရိုးပေါ်ကို လှေခါးထောင်ပြီး ကျော်ဝင်ခဲ့ကြတာကို တွေ့ရပါတယ်။
ခြံဝင်းကျော်ပြီး သံအမတ်ရဲ့အိမ်ထဲ အတင်းဝင်ဖို့ ကြိုးစားခဲ့ကြတဲ့ ဆန္ဒပြသူတွေကိုတောင်ကိုရီးယားရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ အမေရိကန်သံရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ဆန္ဒပြသူတချို့ ကိုင်ဆောင်ထားတဲ့ စာတန်းတွေမှာတော့ သံအမတ် Harris ကို ကိုရီးယားကနေ ထွက်သွားဖို့ တောင်းဆိုထားသလို အမေရိကန်တပ်ဖွဲ့တွေကိုလည်း ပြည်ပက ကျူးကျော်သူတွေအဖြစ် ဖော်ပြကြတာပါ။
လူထုစစ်တမ်းတွေအရ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်ဖွဲ့တာကို တောင်ကိုရီးယားပြည်သူတွေ တခဲနက် ထောက်ခံပေမယ့်လည်း အမေရိကန်ကို ဆန့်ကျင်တဲ့သူ လက်တဆုပ်စာ လူတွေတော့ ရှိနေပါတယ်။
၂၀၁၅ ခုနှစ်တုန်းကလည်း ကိုရီးယားစစ်သွေးကြွ အမျိုးသားရေးဝါဒီအဖြစ် နောက်ကြောင်းရှိထားတဲ့ ဓားကိုင်လူတယောက်က အမေရိကန်သံအမတ် Mark Lippert ကို ဆိုးလ်မြို့လယ်က အဆောက်အဦတခုရဲ့ အပြင်ဘက်မှာ တိုက်ခိုက်ခဲ့တဲ့အတွက် သံအမတ် Lippert ရဲ့ မျက်နှာနဲ့ လက်မောင်းမှာ ဓားဒဏ်ရာတချို့ ရခဲ့ဖူးပါတယ်။