သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဘက်ခိုလှုံမည့် မြောက်ကိုရီးယားအရာရှိများအတွက် ဆုကြေးငွေ တိုးမြင့်မည်


တောင်ဘက်ခိုလှုံခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တဦး
တောင်ဘက်ခိုလှုံခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တဦး

မြောက်ကိုရီးယား အစိုးရရဲ့ လျှို့ဝှက်သတင်း အချက်အလက်တွေနဲ့အတူ တောင်ကိုရီးယားဘက် ထွက်ပြေးခိုလှုံ လာသူတွေကို အမေရိကန် ဒေါ်လာ ၉ သိန်းနီးပါး ဆုကြေးချီးမြှင့်သွားဖို့ ဥပဒေတရပ် ပြဌာန်းနိုင်ရေးကို တောင်ကိုရီးယားလွှတ်တော်အမတ်တွေ ပြင်ဆင် နေကြပါတယ်။

လျှို့ဝှက်သတင်းတွေနဲ့အတူ မြောက်ကိုရီးယားဘက်က ထွက်ပြေးလာသူတွေကို လက်ရှိပေးနေတဲ့ ဆုကြေးငွေထက် ၄ ဆ ပိုများတဲ့ ဆုကြေးငွေ ပေးနိုင်ဖို့ ဒီတနင်္ဂနွေနေ့မှာ ဥပဒေကြမ်းတရပ်ကို ပြင်ဆင်နေကြောင်း တောင်ကိုရီးယား Yonhap သတင်းမှာဖေါ်ပြပါတယ်။

မြောက်ကိုရီးယားထိပ်ပိုင်းခေါင်းဆောင်တွေထဲက အခုထက်ပိုပြီး ဘက်ပြောင်းခိုလှုံလာရေးကို ဒီဥပဒေကြမ်းက ရည်ရွယ်ချက် ထားတယ်လို့ Yonhap သတင်းက ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က ဘာမှ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ လောလောဆယ် အထိတော့ မြောက်ကိုရီးယားက ဘက်ပြောင်းခိုလှုံသူတွေကို အမြင့်ဆုံးပေးတဲ့ ဆုငွေဟာ ဒေါ်လာ ၂ သိန်း ၁ သောင်း ၇ ထောင်ရှိတယ်လို့ တောင်ကိုရီးယားအစိုးရကို ကိုးကားပြီး Yonhap သတင်မှာ ဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG