သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားလုံခြုံရေးအကြီးအကဲငါးဦး အဆုံးစီရင်ခံရ


မြောက်ကိုရီးယား လုံခြုံရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူငါးဦးဟာ သတင်းမှားတွေပေးတဲ့အတွက် ခေါင်းဆောင် Kim Jong Un က ဒေါသထွက်တာကြောင့် သူတို့ကို လေယာဉ်ပစ်သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်လိုက်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်း ရေးအဖွဲ့က ဒီကနေ့ပြောပါတယ်။

Kim Jong Un ရဲ့ အဖေတူအမေကွဲအကို Kim Jong Nam အဆိပ်သွင်း အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်အပေါ် မလေးရှားနိုင်ငံက စုံစမ်း စစ်ဆေးနေချိန်မှာပဲ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့ NIS က လွှတ်တော်အမတ်တွေကို သီးခြား အစီရင်ခံ တင်ပြတဲ့ထဲမှာ အဲဒီလိုပြောသွားတာပါ။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကွာလာလမ်ပူလေဆိပ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ကို မလေးရှား တာဝန်ရှိသူတွေက ဆက်ပြီး စုံစမ်းစစ်ဆေးနေပြီး တောင်ကိုရီးယားဘက်ကတော့ အဲဒီလိုသတ်ဖို့ Kim Jong Un က ညွှန်ကြားခဲ့ တာလို့ ယူဆထားပါတယ်။

မကြာသေးခင်က ရာထူးကဖြုတ်ချခဲ့တဲ့ မြောက်ကိုရီးယားလုံခြုံရေးအကြီးအကဲ Kim Won Hong ရဲ့ဌာနက အကြီးတန်း တာဝန်ရှိ သူငါးဦးကို လေယာဉ်ပစ်သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်လိုက်တာကို NIS အဖွဲ့က ပြောခဲ့တယ်လို့ တောင်ကိုရီးယား လွှတ်တော် အမတ် Lee Cheol Woo ကပြောပါတယ်။ ခေါင်းဆောင် Kim ကို သတင်းမှားတွေပေးတာကြောင့် အဲဒီလိုစီရင်လိုက်တာလို့ ဆိုပေမဲ့ ဘယ်လိုသတင်းမှားတွေ ပေးခဲ့တယ်ဆိုတာနဲ့ ဒီသတင်းကို NIS က ဘယ်လိုရခဲ့တယ်ဆိုတာ တော့ မရှင်းပါဘူး။

ဒီအတောအတွင်းမှာပဲ Kim Jong Nam ကို အာရုံကျော ထိခိုက်ပျက်စီး သေဆုံးစေတဲ့ VX ဓာတုအဆိပ်နဲ့ သတ်တာမှာ အဆိပ် ပမာဏအများအပြားကို သုံးခဲ့တာကြောင့် ဆိုးဆိုးရွားရွား အကျောသေတဲ့ဝေဒနာကို ခံစားရပြီး မိနစ် ၂၀ အတွင်းမှာပဲ သေဆုံး သွားခဲ့တယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီး Subramaniam Sathasivam က တနင်္ဂနွေနေ့မှာပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG