သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Nam သေဆုံးမှုအကြောင်းအရင်း အဖြေမထွက်သေး


Kim Jong Nam

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ဖအေတူမအေကွဲ အကိုဖြစ်သူဟာ လုပ်ကြံခံလိုက်ရပုံပေါ်ပေမယ့်လည်း၊ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မချရသေးတဲ့အကြောင်း ဒီကနေ့ပဲ မလေးရှားကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းနဲ့ သက်ဆိုင်ရာ ဆွေမျိုးသားချင်း ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း သိနိုင်ဖို့ သေဆုံးသူ Kim Jong Nam ရဲ့ အလောင်းကို ရင်ခွဲ စစ်ဆေးရာက ရရှိခဲ့တဲ့ နမူနာတွေကို ဓာတ်ခွဲခန်းတခုမှာ စစ်ဆေးဖို့ ပေးပို့ထားတဲ့ အကြောင်း မလေးရှား ကျန်းမာရေး ဝန်ကြီးဌာန အထွေထွေကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး Noor Hisham Abdullah က ပြောဆိုခဲ့တာပါ။

အဆိပ်သင့်ခဲ့မှု ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့ ဓာတ်ခွဲခန်းမှာ စစ်ဆေးသွားမှာဖြစ်ပေမဲ့ ဘယ်အချိန်မှာ စစ်ဆေးမှုတွေ ပြီးစီးမလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ရင်ခွဲစစ်ဆေးရာမှာတော့ ရုတ်တရက်နှလုံးရောဂါဖောက်တဲ့ လက္ခဏာမျိုး မတွေ့ရသလို၊ ဒဏ်ရာဒဏ်ချက် တစုံတရာ မတွေ့ရဘူးလို့လည်း မလေးရှား ကျန်းမာရေး ဝန်ကြီးဌာနအရာရှိက ပြောပါတယ်။ သေဆုံးသူဟာ Kim Jong Nam ဖြစ်ကြောင်း အတည်ပြုထားပြီး၊ စစ်ဆေးသူတွေက DNA မျိုးဗီဇ၊ လက်ဗွေနဲ့ သွားနမူနာတွေကို မှတ်တမ်းယူထားပေမဲ့ တိုက်ဆိုင်စစ်ဆေးနိုင်မယ့် အချက်အလက်တွေကိုတော့ မိသားစုဝင်တွေထံက လက်ခံရရှိတာမျိုး မရှိသေးဘူးလို့လည်း ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး Noor Hisham ကပြောပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်အဖြစ် ဆက်သွယ်ပြောဆိုတာမျိုး မရှိသေးဘူး လို့လည်း ပြောပါတယ်။ မြောက်ကိုရီးယား သံအမတ်ကြီး Kang Chol ကတော့ မလေးရှား ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို မယုံကြည်တဲ့အတွက် ပူးတွဲစစ်ဆေး ဖို့လည်း မနေ့တုန်းကပဲ တောင်းဆိုထားပါတယ်။

မလေးရှားဝန်ကြီးချုပ် Najib Razak ကတော့ မြောက်ကိုရီးယားကို နာမည်ပျက်အောင် လုပ်ဖို့ အကြောင်းတစုံတရာ မရှိသလို၊ စုံစမ်းစစ်ဆေးမှုတွေကိုလည်း တိတိကျကျ ဆောင်ရွက် သွားမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Kim Jong Nam သေဆုံးမှုအကြောင်းအရင်း အဖြေမထွက်သေး
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG