သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနဲ့ မြောက်ကိုရီယား သံတမန်ရေး တင်းမာ


မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး Kang Chol

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un ရဲ့ အဖေတူအမေကွဲအကို လုပ်ကြံခံရပုံပေါ်တဲ့ ဖြစ်ရပ်နောက်ပိုင်း မြောက်ကိုရီး ယားနဲ့ မလေးရှားအကြား သံတမန်ရေးအရ ပိုပြီး တင်းမာလာနေပါတယ်။

Kim Jong Nam သေဆုံးမှုအပေါ် ပူးတွဲ စုံစမ်းစစ်ဆေးဖို့ မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး Kang Chol က တောင်းဆိုထားပြီး မလေးရှားရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို သူတို့ဘက်အနေနဲ့ မယုံကြည်နိုင်ဘူးလို့ သတင်းထောက်တွေကို ပြော ပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားကို အဆိုးမြင်သဘောနဲ့ ပုံဖော်စရာအကြောင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုရဲ့ ဖြောင့်မတ် မှန်ကန်မှုအပေါ် လုံး၀ စိတ်ချယုံကြည်တယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က်က တုန့်ပြန်ပြောဆိုပါတယ်။

Kim Jong Nam ကို ရင်ခွဲစစ်ဆေးထားတဲ့ရလဒ်ကို ဗုဒ္ဓဟူးနေ့အစောဆုံးထားပြီး ထုတ်ပြန်ပေးနိုင်မယ်လို့ မလေးရှား ကျန်းမာရေး ဝန်ကြီးကပြောပါတယ်။

Kim Jon Nam ရဲ့ အလောင်းကို ပြန်ပေးဖို့နဲ့ ရင်ခွဲစစ်ဆေးချိန်မှာ မြောက်ကိုရီးယားသံရုံးက ကိုယ်စားလှယ်တဦး လာကြည့်ခွင့် ပြုဖို့ မြောက်ကိုရီးယားက တောင်းဆိုတာကို မလေးရှားတာဝန်ရှိသူတွေက ပယ်ချပြီးတဲ့နောက် သံအမတ်ကြီးက ဝေဖန်ပြောဆို တာပါ။ အဲဒီနောက်မှာ မလေးရှားနိုင်ငံခြားရေးဌာနက သူ့ကို ဒီကနေ့ ဆင့်ခေါ်ပါတယ်။ သံအမတ်ကြီးရဲ့ စွပ်စွဲချက်တွေဟာ ကျိုးကြောင်းခိုင်လုံမှု မရှိဘူးလို့ မလေးရှားနိုင်ငံခြားရေးဌာနက ပယ်ချပြီး မြောက်ကိုရီးယားဆိုင်ရာ မလေးရှားသံအမတ်ကြီးကို ပြန်ခေါ်ခဲ့ပါတယ်။

မလေးရှားနဲ့ မြောက်ကိုရီယား သံတမန်ရေး တင်းမာ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG