သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား သမ္မတ ဖမ်းဝရမ်း သက်တမ်းတိုးဖို့ စုံစမ်းစစ်ဆေးသူတွေတောင်းခံ


 ရာထူးကဆိုင်းငံ့ခံထားရတဲ့ သမ္မတ Yoon Suk Yeol ရှိရာ သမ္မတအိမ်တော်ရှေ့မှာ ဖမ်းဆီးဖို့ တောင်းဆိုဆန္ဒပြနေကြသူများ။ (ဇန်နဝါရီ ၅၊ ၂၀၂၅)
ရာထူးကဆိုင်းငံ့ခံထားရတဲ့ သမ္မတ Yoon Suk Yeol ရှိရာ သမ္မတအိမ်တော်ရှေ့မှာ ဖမ်းဆီးဖို့ တောင်းဆိုဆန္ဒပြနေကြသူများ။ (ဇန်နဝါရီ ၅၊ ၂၀၂၅)

ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဖမ်းဖို့ ထုတ်ပြန်ထားတဲ့ဝရမ်းကို သက်တမ်း ထပ်တိုးပေးဖို့ တောင်ကိုရီးယား အကျင့်ပျက်ချစားမှု စုံစမ်းစစ်ဆေးရေးဌာနက တရားရုံးမှာ တောင်းခံထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့တုန်းက အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ Yoon ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် သမ္မတရဲ့စံအိမ်မှာ ရဲတွေနဲ့ သမ္မတ လုံခြုံရေးအဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီးနောက် ဖမ်းဆီးဖို့ အစီအစဥ်ကို ဆိုင်းငံ့ထားတာပါ။

Yoon ကိုဖမ်းဆီးဖို့ တောင်ကိုရီးယားတရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပေမယ့်လည်း အဲဒီဖမ်းဝရမ်းဟာ ဒီကနေ့ ဇန်နဝါရီ ၆ ရက် နေ့လယ်မှာ သက်တမ်းကုန်ဆုံးတာကြောင့် သက်တမ်း ထပ်တိုးပေးဖို့ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးအေးဂျင်စီက တောင်းခံထားတာပါ။ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ ပတ်သက်ပြီး Yoon ကို စုံစမ်းစစ်ဆေးဖို့ ဆင့်ခေါ်ပေမယ့်လည်း ၃ ကြိမ် ပျက်ကွက်ပြီးနောက် တရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

Yoon ကို နိုင်ငံတော်အပေါ် အင်အားသုံး ပုန်ကန်မှု၊ အာဏာအလွဲသုံးစားမှုနဲ့ အစိုးရ ပူးတွဲ စစ်ဆေးရေးအဖွဲ့က စစ်ဆေးနေသလို လူကိုယ်တိုင်လာရောက်စစ်ဆေးခံဖို့ ဆင့်ခေါ်ရာမှာ သုံးကြိမ် ပျက်ကွက်ခဲ့ပြီးနောက် ခုလို ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။ Yoon ရဲ့ ရှေ့နေတွေကတော့ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး အေဂျင်စီရဲ့ လုပ်ပိုင်ခွင့်အပေါ် မေးခွန်းထုတ်ထားပြီး ဖမ်းဝရမ်းဟာ တရားမဝင်ဘူးဆိုပြီး ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG