သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတကို ဖမ်းဝရမ်းထုတ်ဖို့ စုံစမ်းရေးအဖွဲ့လျှောက်ထား


တောင်ကိုရီးယား သမ္မတ Yoon Suk Yeol 
တောင်ကိုရီးယား သမ္မတ Yoon Suk Yeol 

တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကို ဖမ်းဆီးဖို့အတွက် ဝရမ်းထုတ်ပေးဖို့ စုံစမ်းစစ်ဆေးရေး အဖွဲ့က တရားရုံးကို တနင်္လာနေ့က လျှောက်ထားလိုက်ပါတယ်။ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရဲတပ်ဖွဲ့၊ စစ်တပ် နဲ့ အဆင့်မြင့် တာဝန်ရှိသူများ ဆိုင်ရာ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး ရုံး (CIOHO) တို့နဲ့ ဖွဲ့စည်းထားပြီး ဦးဆောင်အဖွဲ့ CIOHO က ဆိုးလ်မြို့ အနောက်ပိုင်း ခရိုင်တရာရုံးမှာ လျှောက်ထားတာကို အတည်ပြုပါတယ်။

အာဏာ အလွဲသုံးစားပြုမှု၊ နဲ့ ပုန်ကန်မှု မြောက်မမြောက်တို့နဲ့ ပတ်သက်ပြီး သမ္မတကို သူတို့ က မေးမြန်းချင်ကြပေမဲ့၊ သမ္မတရုံးက လက်မခံတာကြောင့် အခုလို ဖမ်းဆီးမိန့် တောင်းခံတာ ဖြစ်ပါတယ်။ သမ္မတ ရှေ့နေ ယွန်ကပ်ပ်ကျွန်း Yoon Kap-keun ကတော့ ဖမ်းဆီးမိန့် တောင်းခံတာက မခိုင်လုံတဲ့အပြင် အကျင့်ပျက် ခြစားမှု စုံစမ်းစစ်ဆေးရေးရုံး အနေနဲ့ ပုန်ကန်မှု မြောက်မမြောက် ကိုင်တွယ်ဖို့ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်မရှိလို့ ပြောပါတယ်။ သူရဲ့ကန့်ကွက်လွှာကို အဲဒီတရားရုံးကိုပဲ တင်သွင်းပါတယ်။

သမ္မတမှာ ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခံရခြင်းက ကင်းလွတ်ခွင့်ရှိပေမဲ့ သူပုန်ထမှု ဒါမှမဟုတ် နိုင်ငံတော် ပုန်ကန်မှုအထိတော့ ကင်းလွတ်ခွင့် ပေးမထားပါဘူး။ အမျိုးသား လွှတ်တော်က ဒီဇင်ဘာ ၁၄ မှာ သမ္မတကို စွပ်စွဲ ပြစ်တင်ခဲ့ပြီး၊ သမ္မတ ယွန်းရဲ့ ကံကြမ္မာဟာ အခုအခါမှာ ဖွဲ့စည်းပုံ ခုံရုံးလက်ထဲမှာ ရှိနေပါတယ်။

တောင်ကိုရီးယားသမ္မတကို ဖမ်းဝရမ်းထုတ်ဖို့ စုံစမ်းရေးအဖွဲ့လျှောက်ထား
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG