သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှိုက်ထုပ်လေပူဖောင်းတွေနဲ့ တောင်မြောက်ကိုရီးယားတင်းမာမှု


မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားဘက်လွှတ်တင်ခဲ့တဲ့ အမှိုက်ထည့်ထားတဲ့ လေပူဖောင်းအိတ်တွေ မြေပြင်ပေါ်ကျရောက်ပြန့်ကျဲနေတဲ့အမှိုက်များ။ (မေ ၂၉၊ ၂၀၂၄)
မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားဘက်လွှတ်တင်ခဲ့တဲ့ အမှိုက်ထည့်ထားတဲ့ လေပူဖောင်းအိတ်တွေ မြေပြင်ပေါ်ကျရောက်ပြန့်ကျဲနေတဲ့အမှိုက်များ။ (မေ ၂၉၊ ၂၀၂၄)

အမှိုက်ထုပ်တွေကို လေပူဖောင်းမှာတပ်ပြီး တောင်ကိုရီးယားနိုင်ငံထဲ ကြဲချခဲ့တဲ့ မြောက်ကိုရီးယားရဲ့ရန်လိုတဲ့လုပ်ရန်ကို လက်တုံ့ပြန်ဖို့အဆင်သင့်ပဲလို့ တောင်ကိုရီးယား စစ်ဘက်ကတနင်္လာနေ့မှာ ပြောပါတယ်။ အထက် အမိန့်ထွက်လာတာနဲ့ ချက်ချင်းလက်တုံ့ပြန်သွားမယ်လို့ ပူးတွဲစစ်ဦးစီးများအဖွဲ့ ပြောခွင့်ရသူ Lee Sung Joon ကပြောဆိုခဲ့ပေမဲ့ ဘယ်လိုဆောင်ရွက်မလဲဆိုတာ ကိုတော့ ပြောမသွားပါဘူး။

တောင်ကိုရီးယားအစိုးရက လက်တုံ့ပြန်မယ်ဆိုတဲ့ ပြောဆိုချက်ထွက်လာပြီးတဲ့နောက် တနင်္ဂနွေနေ့ညမှာပဲ အမှိုက်ထုပ်တွေတပ်ထားတဲ့ မိုးပျံပူဖောင်းတွေ ဆက်မလွှတ်တော့ဘူးလို့ မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယားကိုဆန့်ကျင်တဲ့ လက်ကမ်းစာစောင်တွေ မိုးပျံပူဖောင်းတွေနဲ့ တောင်ကိုရီးယားက ဆက်လွှတ်နေတာရပ်မယ်ဆိုရင် သူတို့ဘက်ကလည်း အမှိုက် မိုးပျံပူဖောင်းတွေ ပြန်လွှတ်မယ်လို့ မြောက်ကိုရီးယားတာဝန်ရှိသူတွေက ပြောပါတယ်။

Koreas Tensions Balloons
Koreas Tensions Balloons

လက်ကမ်းစာစောင်တွေကို ပူဖောင်းတွေနဲ့ လွှတ်နေကြတဲ့ လူမှုအဖွဲ့အစည်းတွေကို စစ်တပ်က တားမြစ်ပိုင်ခွင့်မရှိဘူးလို့ တောင်ကိုရီးယားစစ်ဘက် ပြောခွင့်ရသူ Lee Sung Joon က ပြောပါတယ်။ ဒါဟာ ၇ နှစ်အတွင်း မြောက်ကိုရီးယားရဲ့ပထမ မိုးပျံပူဖောင်းလှုပ်ရှားမှုဖြစ်ပါတယ်။

တောင်ကိုရီးယားကွန်ဆာဗေးတစ်အစိုးရရဲ့ မြောက်ကိုရီးယားအပေါ် တင်းမာတဲ့မူဝါဒတွေနဲ့ပတ်သက်ပြီး ပြည်သူတွေကြား သဘောထားကွဲပြားမှုရှိနေတာကိုလှုံ့ဆော်ဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာပုံရတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်ခင် တင်းမာမှုတွေတိုးလာအောင် မြောက်ကိုရီးယားက ပိုမိုဆောင်ရွက်လာမယ်လို့လည်း စောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ်။

အမှိုက်ထုပ်လေပူဖောင်းတွေနဲ့ တောင်မြောက်ကိုရီးယားတင်းမာမှု
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG