သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန်ရေဘေးဒုက္ခသည်တွေ ဘုရင်ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြ


စပိန်ဘုရင် Felipe VI ရေဘေးသင့်ဒေသကို လှည့်လည်ကြည့်ရှုစဥ် အစိုးရရဲ့ရေဘေးကိုင်တွယ်ဖြေရှင်းပုံကိုမကျေနပ်တဲ့ပြည်သူတွေက ရွှံ့တွေနဲ့ပစ်ပေါက်ဆန္ဒပြနေကြစဥ်။(နိုဝင်ဘာ ၃၊ ၂၀၂၄)
စပိန်ဘုရင် Felipe VI ရေဘေးသင့်ဒေသကို လှည့်လည်ကြည့်ရှုစဥ် အစိုးရရဲ့ရေဘေးကိုင်တွယ်ဖြေရှင်းပုံကိုမကျေနပ်တဲ့ပြည်သူတွေက ရွှံ့တွေနဲ့ပစ်ပေါက်ဆန္ဒပြနေကြစဥ်။(နိုဝင်ဘာ ၃၊ ၂၀၂၄)

စပိန်နိုင်ငံမှာ ရေဘေးဒုက္ခကြုံခဲ့ရတဲ့လူမှုအသိုက်အဝန်းကို ပြန်လည်ထူထောင်ရေး မျှော်လင့်ချက် ထားဖို့ စပိန်ဘုရင် Felipe VI က ကတိပေးပါတယ်။ စပိန်မှာ မကြုံစဖူး ရေလွှမ်းမိုးမှုတွေကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

ရေဘေးဒဏ်အဆိုးဝါးဆုံး ခံရတဲ့ Paiporta (ပိုင်ပိုတာ) မြို့ကို စပိန်ဘုရင်နဲ့မိဖုရား မနေ့က ရောက်လာတဲ့အချိန် ဒေါသဖြစ်နေတဲ့ မြို့ခံလူအုပ်ကြီးက လမ်းပေါ်မှာကျန်ခဲ့တဲ့ ရွှံ့ဗွက်တွေနဲ့ ပစ်ပေါက် အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က စပိန်နိုင်ငံအရှေ့ပိုင်းဒေသမှာ မကြုံစဖူး ရုတ်တရက်ရေလွှမ်းခဲ့တဲ့အတွက် မြို့နဲ့ကျေးရွာတော်တော်များများက လမ်းတွေပေါ်မှာ မော်တော်ကားတွေအပျက်အစီးတွေပုံနေခဲ့သလို တချို့နေရာတွေမှာ လူတွေအိမ်ပြင်ထွက်မရဘဲ ပိတ်မိနေခဲ့ပါတယ်။

ဥရောပမှာ ရာစုနှစ်အတွင်း သေဆုံးမှု ဒုတိယအများဆုံးရေကြီးမှုဖြစ်ပြီး ပုံမှန်ပြန်ဖြစ်ဖို့ စပိန်အစိုးရ အပြင်းအထန် ကြိုးပမ်းနေပါတယ်။ ရေဘေးကို ထိရောက်အောင်မကာကွယ်နိုင်ခဲ့သလို အတိဒုက္ခရောက်နေသူတွေရဲ့ လိုအပ်ချက်တွေကို အစိုးရက ထိရောက်အောင် ကူညီမပေးနိုင်ဘူးဆိုပြီး မြို့ခံတွေက ဒေါသနဲ့ ဝေဖန်ပြစ်တင်ကြတာပါ။

ဘုရင် Felipe ကတော့ လူထုရဲ့ ဒေါသနဲ့ မကျေနပ်ချက်ကိုနားလည်တဲ့အကြောင်းနဲ့ စိတ်ထိန်းကြဖို့ ပြောဆိုသလို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ တွေဆုံဆွေးနွေးပြီး ပြန်လည်ထူထောင်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG