သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန်ရေဘေး သေဆုံးသူ ၂၀၀ ကျော်ပြီ 


စပိန်နိုင်ငံ ဗလန်းစီယာမြို့မှာ မကြုံစဖူး ရုတ်တရက် ရေလွှမ်းခဲ့တဲ့အရှိန်ကြောင့် လမ်းပေါ်စုပုံနေတဲ့ အိမ်စီးကားတွေ။
Oct. 30, 2024.
စပိန်နိုင်ငံ ဗလန်းစီယာမြို့မှာ မကြုံစဖူး ရုတ်တရက် ရေလွှမ်းခဲ့တဲ့အရှိန်ကြောင့် လမ်းပေါ်စုပုံနေတဲ့ အိမ်စီးကားတွေ။ Oct. 30, 2024.


စပိန်နိုင်ငံ အရှေ့ပိုင်းဒေသ Valencia ဗလန်းစီယာ တောင်ပိုင်းမြို့ရွာ အများအပြားမှာ လွန်ခဲ့တဲ့ ၃ ရက်က မကြုံစဖူး ရုတ်တရက် ရေလွှမ်းသွားတဲ့အတွက် သောကြာနေ့အထိဆိုရင် သေဆုံးသူ အနည်းဆုံး ၂၀၅ ယောက်နဲ့ ပျောက်ဆုံးသူ အများအပြား ရှိနေပါတယ်။

ဗလန်းစီယာ ဒေသ တခုထဲမှာတင် သေဆုံးရသူ ၂၀၂ ဦး ရှိနေပြီး လာမယ့် ရက်တွေအတွင်းမှာလည်း မိုးထပ်ရွာဖို့ ရှိနေတယ်လို့ စပိန် အရေးပေါ်ဌာန တာဝန်ခံတွေက သတိပေးထားပါတယ်။ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေက ဝင်ရောက်တဲ့ မုန်တိုင်းကြောင့် ပျက်စီးမှုဟာ စပိန်နိုင်ငံမှာ လူသေဆုံးမှု အများဆုံး သဘာဝဘေးတခု ဖြစ်ခဲ့တာပါ။

လမ်းအများအပြားမှာ အခုထိ မော်တော်ကားတွေ၊ အပျက်အစီးတွေ ပုံနေဆဲဖြစ်ပြီး တချို့ နေရာတွေမှာ အိမ်ထဲက လူတွေ အိမ်ပြင် ထွက်မရ ဖြစ်နေကြပါတယ်။


လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး သောက်သုံးရေ မရတဲ့အပြင် ဖုန်း အဆက်အသွယ်လည်း ပြတ်တောက်နေတာပါ။

အပျက်အစီးတွေကို ဖယ်ရှားဖို့ စက်တွေ၊ ကရိန်းတွေ အပါအဝင် အကူအညီတွေ အများကြီး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗလန်းစီယာမြို့မှာ အင်္ဂါနေ့က ၈ နာရီကြာ မိုးရွာသွန်းခဲ့တာကြောင့် မြို့တခုလုံး ရေလွှမ်းခဲ့သလို လမ်းတွေအိမ်တွေ ပျက်စီးကုန်ပြီး ရွှံ့နွံတွေလည်း ဖုံးလွှမ်းနေတာ ဖြစ်ပါတယ်။

အကူအညီပေးမယ့်သူ အမျာအပြား လာရောက်ကြပေမယ့် အရေးပေါ် ယာဉ်တွေ သွားမယ့် လမ်းတွေကို ပိတ်သလို ဖြစ်နေတာကြောင့် မလာကြဖို့ အရေးပေါ်ဌာနက ပန်ကြားထားပါတယ်။ ကြက်ခြေနီနဲ့ မြို့ကောင်စီဝင်တွေက ဒေသခံတွေအတွက် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ပေးဝေနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG