သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥတုရာသီေဖာက္ျပန္မႈေၾကာင့္ ကမာၻ႔ေရမ်က္ႏွာျပင္ျမင့္တက္


ကုလသမဂၢရဲ႕ ဥတုရာသီေဖါက္ျပန္ ေျပာင္းလဲမႈဆိုင္ရာ ႏိုင္ငံတကာအဖြဲ႕ IPCC က ဗုဒၶဟူးေန႔မွာ ထုတ္ျပန္လိုက္တဲ့ အစီရင္ခံစာထဲမွာ ကမာၻတလႊား ဥတုရာသီ ေဖါက္ျပန္မႈဟာ သမုဒၵရာေတြ၊ ေရခဲျပင္နဲ႔ တျခား ေရခဲေနတဲ့ မ်က္ႏွာျပင္ေတြ အေပၚ သိသာတဲ့ သက္ေရာက္မႈနဲ႔ အေျပာင္းအလဲေတြ ျဖစ္ေစတယ္လို႔ ေဖၚျပထားပါတယ္။
ဒီေျပာင္းလဲမႈေတြ အတြက္ အေရးယူ ကိုင္တြယ္ဖို႔ အခ်ိန္မေႏွာင္းေသးေပမဲ့ ဒါကို အခု စတင္ဖို႔ အခ်ိန္ေရာက္ေနၿပီလို႔ အစီရင္ခံစာက သတိေပးထားေၾကာင္း ျပင္သစ္ႏိုင္ငံ ၿမိဳ႕ေတာ္ ပါရီက VOA သတင္းေထာက္ Lisa Bryant ေပးပို႔တဲ့ သတင္းကို ေဒၚခင္မ်ိဳးသက္က ေျပာျပေပးမွာပါ။

ကုလသမဂၢရဲ႕ ႏိုင္ငံတကာ IPCC အဖြဲ႕က ကမာၻတလႊား ေရခဲျပင္ေတြ အရည္ေပ်ာ္ကုန္တဲ့ အတြက္ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္မႈဟာ လာမယ့္ သကၠရာဇ္ ၂၁၀၀ မွာ ၃ ေပ ေက်ာ္အထိ ျမင့္တက္လာႏိုင္ၿပီး ဒါဟာ လက္ရွိျမင့္တက္ႏႈန္းထက္ ၅ ဆ ျဖစ္လာမယ္လို႔ ခန႔္မွန္းထားပါတယ္။

ဒါ့အျပင္ ပင္လယ္ေန သတၱဝါေတြ ေလ်ာ့ပါးသြားႏိုင္သလို ျမစ္ေတြ ခန္းေျခာက္ၿပီး ကမ္း႐ိုးတန္းေဒသေတြမွာ ျပင္းထန္တဲ့ မုန္တိုင္းဒဏ္ကို ပိုခံစားလာရမယ့္ အျပင္ တခ်ိဳ႕ ကြၽန္းႏိုင္ငံေလးေတြမွာ လူေတြေနထိုင္လို႔ မရတဲ့ အေနထားအထိ ျဖစ္လာႏိုင္တယ္လို႔လည္း ခန႔္မွန္းထားတာပါ။

အခု ထုတ္ျပန္လိုက္တဲ့ အစီရင္ခံစာထဲမွာ လူသားေတြရဲ႕ လုပ္ေဆာင္မႈကေန ေရခဲျပင္ေဒသေတြ၊ အာရွ၊ ဥေရာပနဲ႔ ေျမာက္အေမရိကတိုက္ ေျမာက္ပိုင္းက ေအးခဲေနတဲ့ တန္ျဒာေဒသေတြနဲ႔ ကမာၻတလႊား သမုဒၵရာေတြအေပၚ ဘာေတြ အေျပာင္းအလဲ ျဖစ္ေစတယ္ဆိုတာကို ေလ့လာ ေဖၚျပထားတယ္လို႔ IPCC ဒုဥကၠဌ Ko Barrett ကေျပာပါတယ္။
“ကမာၻ႔အပူခ်ိန္ကို ထိန္းညႇိႏႈိင္ဖို႔အတြက္ ကမာၻတလႊားက ထြက္လာတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္နဲ႔ အပူရွိန္ကို ပင္လယ္သမုဒၵရာကေန ဘယ္လိုနည္းေတြနဲ႔ စုပ္ယူတယ္ ဆိုတာကို မွတ္တမ္းတင္ထားတာပါ။ ဒါေပမယ့္ သူက ဆက္ၿပီး စုပ္ယူဖို႔ မလုပ္ႏိုင္ေတာ့ပါဘူး”
မိုနာကိုမွာ က်င္းပတဲ့ IPCC အစည္းေဝးမွာ ကမာၻတလႊားက သိပၸံပညာရွင္ေတြ တက္ေရာက္လာၾကတာ ျဖစ္ၿပီး ဒီျပႆနာအတြက္ အေျဖရွာဖို႔ ႀကိဳးစားေနၾကတာပါ။
“က်မတို႔ လက္တြဲလုပ္ေဆာင္မႈေၾကာင့္ ေတြ႕လာရတဲ့ အေျပာင္းအလဲေတြ ကေန သိလာရတာ ကေတာ့ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး ဥတုရာသီ ေျပာင္းလဲမႈ ျဖစ္လာဖို႔အတြက္ ကမာၻ႔သမုဒၵရာေတြနဲ႔ cryosphere လို႔ေခၚတဲ့ ေရခဲေနတဲ့ ေဒသေတြဟာ အပူဓါတ္ေတြ ရေနတယ္ ဆိုတာပါပဲ။ သဘာဝနဲ႔ လူသားေတြအတြက္ အက်ိဳးဆက္ေတြ ကေတာ့ ပိုက်ယ္ျပန႔္လာသလို ပိုၿပီးလည္း ျပင္းထန္လာတာပါ။”

စက္တင္ဘာ ၂၅ ရက္ ဗုဒၶဟူးေန႔ ထုတ္ျပန္တဲ့ အစီရင္ခံစာဟာ ၂၀၁၉ ခုႏွစ္အတြက္ ဥတုရာသီေျပာင္းလဲမႈရဲ႕ ႐ိုက္ခတ္မႈေတြနဲ႔ ပတ္သက္ၿပီး တတိယေျမာက္ အစီရင္ခံစာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရးအတြက္ ကမာၻတလြား လူေပါင္း သန္းနဲ႔ခ်ီၿပီး ဆႏၵျပမႈေတြ ျဖစ္ပြါးခဲ့ၿပီး၊ တနလၤာေန႔ နယူးေရာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က ဥတုရာသီေျပာင္းလဲမႈ ဆိုင္ရာ ညီလာခံအၿပီးမွာ ဒီအစီရင္ခံစာ ထြက္လာတာျဖစ္ပါတယ္။ ကုလသမဂၢက အလုပ္ထက္ အေျပာပိုမ်ားေနတယ္လို႔ သဘာဝ ဝန္းက်င္အေရး ေဆာင္႐ြက္သူ ေတြက ေဝဖန္ေနၾကတာပါ။

အစီရင္ခံစာ ေရးသားသူေတြထဲက တဦးျဖစ္တဲ့ ရာသီဥတုဆိုင္ရာ သိပၸံပညာရွင္ Hans-Otto Porter ကေတာ့ တခ်ိ႕ကိစၥရပ္ေတြအတြက္ ပ်က္စီးဆုံးရႈံးမႈဟာ ျပန္ျပင္လို႔ မရႏိုင္ဘူးလို႔ ေျပာပါတယ္။
“နားမလည္ႏိုင္ေလာက္ေအာင္ ေရေတြ ပူေႏြးလာတာနဲ႔ သႏၲာေက်ာက္တန္းေတြ အေၾကာင္းကိုပဲ စဥ္းစားၾကည့္ပါ။ သႏၲာေက်ာက္တန္းေတြဟာ ေတာ္႐ုံ အပူလႈိင္း ႐ိုက္ခတ္မႈ ဒဏ္ခံကို ခံႏိုင္ေပမယ့္ အခု သူတို႔မွာ ခံႏိုင္ရည္မရွိေတာ့တဲ့ အတြက္ အေရအတြက္က ပိုနည္းပါးလာေနတာပါ”

အခုလို အေနထားေတြကို လုံးဝေျပာင္းလဲသြားေအာင္ လုပ္ႏိုင္တဲ့အေျခေနက ရွိေနဆဲ ျဖစ္တာေၾကာင့္ အမ်ားပိုသိလာေအာင္ လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ျပင္သစ္ ရာသီဥတုဆိုင္ရာ သိပၸံပညာရွင္ Valerie Masson-Delmotte က ေျပာပါတယ္။
“ကမာ့ၻေဒသ အမ်ားအျပား၊ ၿမိဳ႕႐ြာေတြ၊ ႏိုင္ငံေတြမွာ ဒီကိစၥကို စၿပီး အေရးယူေဆာင္႐ြက္ ေနၾကပါၿပီ။ ဒါက ဖန္လုံအိမ္ ဓါတ္ေငြ႕ ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ရင္း လူသားေတြေကာင္းက်ိဳးအတြက္ တိုးတက္ေအာင္၊ ဖြံ႕ၿဖိဳးမႈရွိေအာင္၊ က်မတို႔ လုပ္ႏိုင္တယ္ဆိုတာကို ျပေနပါတယ္။”

ဒါေပမယ့္ အခုလို လုပ္ေဆာင္မႈေတြ ထိေရာက္မႈ ရွိေစဖို႔ကေတာ့ ကမာၻ႔အပူရွိန္ ၂ ဒီဂရီ စင္တီဂရိတ္ ေအာက္မွာပဲ ရွိေနေအာင္ ကမာၻလုံး အတိုင္းအတာနဲ႔ အျမန္ဆုံးစတင္ လုပ္ေဆာင္ဖို႔လိုအပ္တယ္လို႔ သိပၸံပညာရွင္ေတြက ေျပာၾကပါတယ္။

(ယူနီကုဒ္)

ဥတုရာသီဖောက်ပြန်မှုကြောင့် ကမ္ဘာ့ရေမျက်နှာပြင်မြင့်တက်

ကုလသမဂ္ဂရဲ့ ဥတုရာသီဖေါက်ပြန် ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ IPCC က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ကမ္ဘာတလွှား ဥတုရာသီ ဖေါက်ပြန်မှုဟာ သမုဒ္ဒရာတွေ၊ ရေခဲပြင်နဲ့ တခြား ရေခဲနေတဲ့ မျက်နှာပြင်တွေ အပေါ် သိသာတဲ့ သက်ရောက်မှုနဲ့ အပြောင်းအလဲတွေ ဖြစ်စေတယ်လို့ ဖေါ်ပြထားပါတယ်။
ဒီပြောင်းလဲမှုတွေ အတွက် အရေးယူ ကိုင်တွယ်ဖို့ အချိန်မနှောင်းသေးပေမဲ့ ဒါကို အခု စတင်ဖို့ အချိန်ရောက်နေပြီလို့ အစီရင်ခံစာက သတိပေးထားကြောင်း ပြင်သစ်နိုင်ငံ မြို့တော် ပါရီက VOA သတင်းထောက် Lisa Bryant ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ကုလသမဂ္ဂရဲ့ နိုင်ငံတကာ IPCC အဖွဲ့က ကမ္ဘာတလွှား ရေခဲပြင်တွေ အရည်ပျော်ကုန်တဲ့ အတွက် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဟာ လာမယ့် သက္ကရာဇ် ၂၁၀၀ မှာ ၃ ပေ ကျော်အထိ မြင့်တက်လာနိုင်ပြီး ဒါဟာ လက်ရှိမြင့်တက်နှုန်းထက် ၅ ဆ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ပင်လယ်နေ သတ္တဝါတွေ လျော့ပါးသွားနိုင်သလို မြစ်တွေ ခန်းခြောက်ပြီး ကမ်းရိုးတန်းဒေသတွေမှာ ပြင်းထန်တဲ့ မုန်တိုင်းဒဏ်ကို ပိုခံစားလာရမယ့် အပြင် တချို့ ကျွန်းနိုင်ငံလေးတွေမှာ လူတွေနေထိုင်လို့ မရတဲ့ အနေထားအထိ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းထားတာပါ။
အခု ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ လူသားတွေရဲ့ လုပ်ဆောင်မှုကနေ ရေခဲပြင်ဒေသတွေ၊ အာရှ၊ ဥရောပနဲ့ မြောက်အမေရိကတိုက် မြောက်ပိုင်းက အေးခဲနေတဲ့ တန်ဒြာဒေသတွေနဲ့ ကမ္ဘာတလွှား သမုဒ္ဒရာတွေအပေါ် ဘာတွေ အပြောင်းအလဲ ဖြစ်စေတယ်ဆိုတာကို လေ့လာ ဖေါ်ပြထားတယ်လို့ IPCC ဒုဥက္ကဌ Ko Barrett ကပြောပါတယ်။
“ကမ္ဘာ့အပူချိန်ကို ထိန်းညှိနှိုင်ဖို့အတွက် ကမ္ဘာတလွှားက ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အပူရှိန်ကို ပင်လယ်သမုဒ္ဒရာကနေ ဘယ်လိုနည်းတွေနဲ့ စုပ်ယူတယ် ဆိုတာကို မှတ်တမ်းတင်ထားတာပါ။ ဒါပေမယ့် သူက ဆက်ပြီး စုပ်ယူဖို့ မလုပ်နိုင်တော့ပါဘူး”
မိုနာကိုမှာ ကျင်းပတဲ့ IPCC အစည်းဝေးမှာ ကမ္ဘာတလွှားက သိပ္ပံပညာရှင်တွေ တက်ရောက်လာကြတာ ဖြစ်ပြီး ဒီပြဿနာအတွက် အဖြေရှာဖို့ ကြိုးစားနေကြတာပါ။
“ကျမတို့ လက်တွဲလုပ်ဆောင်မှုကြောင့် တွေ့လာရတဲ့ အပြောင်းအလဲတွေ ကနေ သိလာရတာ ကတော့ ဆယ်စုနှစ်နဲ့ချီပြီး ဥတုရာသီ ပြောင်းလဲမှု ဖြစ်လာဖို့အတွက် ကမ္ဘာ့သမုဒ္ဒရာတွေနဲ့ cryosphere လို့ခေါ်တဲ့ ရေခဲနေတဲ့ ဒေသတွေဟာ အပူဓါတ်တွေ ရနေတယ် ဆိုတာပါပဲ။ သဘာဝနဲ့ လူသားတွေအတွက် အကျိုးဆက်တွေ ကတော့ ပိုကျယ်ပြန့်လာသလို ပိုပြီးလည်း ပြင်းထန်လာတာပါ။”
စက်တင်ဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ ၂၀၁၉ ခုနှစ်အတွက် ဥတုရာသီပြောင်းလဲမှုရဲ့ ရိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး တတိယမြောက် အစီရင်ခံစာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာတလွား လူပေါင်း သန်းနဲ့ချီပြီး ဆန္ဒပြမှုတွေ ဖြစ်ပွါးခဲ့ပြီး၊ တနင်္လာနေ့ နယူးရောက် ကုလသမဂ္ဂ ရုံးချုပ်က ဥတုရာသီပြောင်းလဲမှု ဆိုင်ရာ ညီလာခံအပြီးမှာ ဒီအစီရင်ခံစာ ထွက်လာတာဖြစ်ပါတယ်။ ကုလသမဂ္ဂက အလုပ်ထက် အပြောပိုများနေတယ်လို့ သဘာဝ ဝန်းကျင်အရေး ဆောင်ရွက်သူ တွေက ဝေဖန်နေကြတာပါ။
အစီရင်ခံစာ ရေးသားသူတွေထဲက တဦးဖြစ်တဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် Hans-Otto Porter ကတော့ တချိ့ကိစ္စရပ်တွေအတွက် ပျက်စီးဆုံးရှုံးမှုဟာ ပြန်ပြင်လို့ မရနိုင်ဘူးလို့ ပြောပါတယ်။
“နားမလည်နိုင်လောက်အောင် ရေတွေ ပူနွေးလာတာနဲ့ သန္တာကျောက်တန်းတွေ အကြောင်းကိုပဲ စဉ်းစားကြည့်ပါ။ သန္တာကျောက်တန်းတွေဟာ တော်ရုံ အပူလှိုင်း ရိုက်ခတ်မှု ဒဏ်ခံကို ခံနိုင်ပေမယ့် အခု သူတို့မှာ ခံနိုင်ရည်မရှိတော့တဲ့ အတွက် အရေအတွက်က ပိုနည်းပါးလာနေတာပါ”
အခုလို အနေထားတွေကို လုံးဝပြောင်းလဲသွားအောင် လုပ်နိုင်တဲ့အခြေနေက ရှိနေဆဲ ဖြစ်တာကြောင့် အများပိုသိလာအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြင်သစ် ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် Valerie Masson-Delmotte က ပြောပါတယ်။
“ကမာ့္ဘဒေသ အများအပြား၊ မြို့ရွာတွေ၊ နိုင်ငံတွေမှာ ဒီကိစ္စကို စပြီး အရေးယူဆောင်ရွက် နေကြပါပြီ။ ဒါက ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရင်း လူသားတွေကောင်းကျိုးအတွက် တိုးတက်အောင်၊ ဖွံ့ဖြိုးမှုရှိအောင်၊ ကျမတို့ လုပ်နိုင်တယ်ဆိုတာကို ပြနေပါတယ်။”
ဒါပေမယ့် အခုလို လုပ်ဆောင်မှုတွေ ထိရောက်မှု ရှိစေဖို့ကတော့ ကမ္ဘာ့အပူရှိန် ၂ ဒီဂရီ စင်တီဂရိတ် အောက်မှာပဲ ရှိနေအောင် ကမ္ဘာလုံး အတိုင်းအတာနဲ့ အမြန်ဆုံးစတင် လုပ်ဆောင်ဖို့လိုအပ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG