(Zawgyi / Unicode)
စပိန္ႏိုင္ငံမွာ Filomena ႏွင္းမုန္တိုင္း တိုက္ခတ္မႈေၾကာင့္ အနည္းဆံုး လူ ၃ ဦး ေသဆံုးခဲ့ရၿပီး မက္ဒရစ္ၿမိဳ႕ေတာ္ အပါအဝင္ ႏိုင္ငံတလႊား လမ္းမေတြေပၚမွာ ထူူထဲတဲ့ႏွင္းေတြ ဖံုးေနတာေၾကာင့္ ကားေတြထဲ ပိတ္မိေနသူေတြကို စစ္တပ္ဦးေဆာင္ၿပီး ကယ္ဆယ္ေရးေတြ လုပ္ေနရပါတယ္။
ကယ္ဆယ္ကူညီေရးေတြက ကားထဲပိတ္မိေနသူ ၁,၅၀၀ ေလာက္ကို ကယ္ထုတ္ေပးႏိုင္ခဲ့ပါတယ္။ စပိန္ေတာင္ပိုင္း မာလာဂါၿမိဳ႕နားမွာ ျမစ္ေရစီးေၾကာင့္ ကမ္းပါးၿပိဳတဲ့အတြက္ ကားတစီး ေရနစ္ျမဳပ္ရာကေန ၂ ဦး ေသဆံုးခဲ့ရသလို စပိန္ေျမာက္ပိုင္း Calatayud မွာေတာ့ အိုးအိမ္မဲ့တဦး အေအးဒဏ္ေၾကာင့္ ေသဆံုးခဲ့ရပါတယ္။
ျပည္ထဲေရးဝန္ႀကီး Fernando Grande-Marlaska ကေတာ့ ဒါဟာ အႏွစ္ ၅၀ အတြင္း အဆုိးဝါးဆံုးမုန္တိုင္း ျဖစ္တဲ့အတြက္ မလိုအပ္ရင္ ခရီးမသြားၾကဖို႔ ျပည္သူေတြကို ပန္ၾကားခဲ့သလို ႏိုင္ငံတြင္း မုန္တိုင္းဒဏ္ခံရမႈ နည္းႏုိင္သမွ် အနည္းဆံုးျဖစ္ေအာင္ ႀကိဳးစားေနေၾကာင္း ေျပာပါတယ္။
“လမ္းမေတြေပၚမွာ ကားထဲပိတ္မိေနသူေတြကို ကယ္ထုတ္ႏုိင္ဖုိ႔ ဦးစားေပးၿပီး ရဲေတြ၊ လံုၿခံဳေရးေတြနဲ႔ အေရးေပၚဌာနေတြက လုပ္ေဆာင္ေနၾကေၾကာင္း” ေျပာသြားတာပါ။
လမ္းေပါင္း ၆၅၀ ေက်ာ္ဟာ ႏွင္းေတြေၾကာင့္ ပိတ္ေနၿပီး ေသာၾကာေန႔ ညကေန စေနေန႔အထိ လမ္းေပၚက ကားေတြထဲမွာ ပိတ္မိေနသူေတြ ရွိေနတယ္လို႔လည္း ေျပာပါတယ္။
ႏွင္းမုန္တိုင္းေၾကာင့္ မက္ဒရစ္ အပါအဝင္ ေလဆိပ္အေတာ္မ်ားမ်ားကို ပိတ္ထားသလို ရထားလမ္းေတြလည္း ပိတ္ထားၿပီး ေက်ာင္းေတြ တကၠသိုလ္ေတြကိုေတာ့ ဗုဒၶဟူးေန႔အထိ ပိတ္ထားမွာ ျဖစ္ပါတယ္။
စပိန္မိုးေလဝသဌာန ထုတ္ျပန္ခ်က္အရ ႏွင္းထုဟာ ၁၀ လက္မကေန လက္မ ၂၀ အထိ က်ခဲ့တဲ့အတြက္ ဒါဟာ ၁၉၆၃ ခုႏွစ္ကစၿပီး အထူထပ္ဆံုးက်ခဲ့တာ ျဖစ္ပါတယ္။
------------------------
(Unicode)
ရာစုဝက်အတွင်း အဆိုးရွားဆုံး နှင်းမုန်တိုင်း စပိန်ကြုံတေ့ွရခြင်း
စပိန်နိုင်ငံမှာ Filomena နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ရပြီး မက်ဒရစ်မြို့တော် အပါအဝင် နိုင်ငံတလွှား လမ်းမတွေပေါ်မှာ ထူူထဲတဲ့နှင်းတွေ ဖုံးနေတာကြောင့် ကားတွေထဲ ပိတ်မိနေသူတွေကို စစ်တပ်ဦးဆောင်ပြီး ကယ်ဆယ်ရေးတွေ လုပ်နေရပါတယ်။
ကယ်ဆယ်ကူညီရေးတွေက ကားထဲပိတ်မိနေသူ ၁,၅၀၀ လောက်ကို ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ စပိန်တောင်ပိုင်း မာလာဂါမြို့နားမှာ မြစ်ရေစီးကြောင့် ကမ်းပါးပြိုတဲ့အတွက် ကားတစီး ရေနစ်မြုပ်ရာကနေ ၂ ဦး သေဆုံးခဲ့ရသလို စပိန်မြောက်ပိုင်း Calatayud မှာတော့ အိုးအိမ်မဲ့တဦး အအေးဒဏ်ကြောင့် သေဆုံးခဲ့ရပါတယ်။
ပြည်ထဲရေးဝန်ကြီး Fernando Grande-Marlaska ကတော့ ဒါဟာ အနှစ် ၅၀ အတွင်း အဆိုးဝါးဆုံးမုန်တိုင်း ဖြစ်တဲ့အတွက် မလိုအပ်ရင် ခရီးမသွားကြဖို့ ပြည်သူတွေကို ပန်ကြားခဲ့သလို နိုင်ငံတွင်း မုန်တိုင်းဒဏ်ခံရမှု နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင် ကြိုးစားနေကြောင်း ပြောပါတယ်။
“လမ်းမတွေပေါ်မှာ ကားထဲပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ ဦးစားပေးပြီး ရဲတွေ၊ လုံခြုံရေးတွေနဲ့ အရေးပေါ်ဌာနတွေက လုပ်ဆောင်နေကြကြောင်း” ပြောသွားတာပါ။
လမ်းပေါင်း ၆၅၀ ကျော်ဟာ နှင်းတွေကြောင့် ပိတ်နေပြီး သောကြာနေ့ ညကနေ စနေနေ့အထိ လမ်းပေါ်က ကားတွေထဲမှာ ပိတ်မိနေသူတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
နှင်းမုန်တိုင်းကြောင့် မက်ဒရစ် အပါအဝင် လေဆိပ်အတော်များများကို ပိတ်ထားသလို ရထားလမ်းတွေလည်း ပိတ်ထားပြီး ကျောင်းတွေ တက္ကသိုလ်တွေကိုတော့ ဗုဒ္ဓဟူးနေ့အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။
စပိန်မိုးလေဝသဌာန ထုတ်ပြန်ချက်အရ နှင်းထုဟာ ၁၀ လက်မကနေ လက်မ ၂၀ အထိ ကျခဲ့တဲ့အတွက် ဒါဟာ ၁၉၆၃ ခုနှစ်ကစပြီး အထူထပ်ဆုံးကျခဲ့တာ ဖြစ်ပါတယ်။