သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာ အသေခံဗုံးခွဲမှု သူတို့လက်ချက်အဖြစ် IS ကြေညာ


သီရိလင်္ကာ အသေခံဗုံးခွဲမှု
သီရိလင်္ကာ အသေခံဗုံးခွဲမှု

သီရိလင်္ကာနိုင်ငံမှာ တနင်္ဂနွေနေ့က ခရစ်ယာန်တွေ အထွဋ်အမြတ်ထားတဲ့ Easter Sunday နေ့မှာ လူပေါင်း အယောက် ၃၀၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရစေတဲ့ ဗုံးဖေါက်ခွဲမှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အထောက်အထားမပြဘဲ IS အစ္စလာမ်မစ်အဖွဲ့က ကြေညာလိုက်ပါတယ်။ IS ပိုင်တဲ့ Amaq သတင်းဌာနက တဆင့်အခုလို ကြေညာလိုက်တာပါ။

နယူးဇီလန်နိုင်ငံ Christchurch က ဗလီ၂ ခုကို ပြီးခဲ့တဲ့ လတုန်းက တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်တဲ့အနေနဲ့ သီရိလင်္ကာတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီး Ruwan Wijewardene က လွှတ်တော်မှာ ဒီကနေ့ ပြောဆိုသွားတာပါ။ ဘာကြောင့် ဒီဖြစ်ရပ်၂ခု အဆက်အစပ်ရှိကြောင်း ကောက်ချက်ချရသလဲဆိုတဲ့အကြောင်း အသေးစိတ်ကိုတော့ သူက ရှင်းပြမသွားပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က နှစ် ၂၀ ကျော် ဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာပြည်တွင်းစစ်နောက်ပိုင်း လူအများဆုံးသေဆုံးတဲ့ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာတော့ သေဆုံးသူတွေကို စုပေါင်း သဂြုႋဟ်တဲ့ အသုဘအခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒီလို လူအများအပြားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ဖြစ်ရပ်နဲ့ ဆက်စပ်နေတဲ့ လူ အယောက် ၄၀ ကို ဖမ်းထားတဲ့အကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့မှာ ပြောပါတယ်။

ဟိုတယ် ၄ ခုနဲ့ ထင်ရှားတဲ့ ဘုရားကျောင်း ၃ ကျောင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေကို National Thowfeek Jamaath (NTJ) အကြမ်းဖက်အဖွဲ့က အသေခံဗုံးခွဲသမား ၇ ယောက်က လုပ်ခဲ့တယ်လို့ လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်သူအကြမ်းဖက်သမားတွေနဲ့ ပြည်ပက အကြမ်းဖက် အုပ်စုတွေ ဆက်စပ်မှု ရှိ-မရှိကို စုံစမ်းစစ်ဆေးနေကြောင်း အစိုးရက ပြောဆိုထားပြီး ဒီတိုက်ခိုက်မှုတွေ မတိုင်ခင် နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီက သတိပေးချက် လက်ခံရရှိခဲ့တဲ့အကြောင်း ဝန်ကြီးချုပ် Ranil Wickremesinghe က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG