သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သီရိလကၤာေထာင္ဆူမႈ ၆ ဦးထက္မနည္း ေသဆုံး


ကိုလံဘိုၿမဳိ႕ေတာ္ေျမာက္ပိုင္းရွိ Mahara အက်ဥ္းေထာင္ရဲ႕ အေဆာက္အဦးတခုေပၚမွာ ဆႏၵျပမႈ ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

သီရိလကၤာႏိုင္ငံက အက်ဥ္းေထာင္ တခုမွာ ေထာင္ဆူပူမႈျဖစ္ခဲ့တဲ့အတြက္ အက်ဥ္းသား ၆ ဦးထက္မနည္း ေသဆံုးၿပီး ၅၀ ေလာက္ ဒဏ္ရာရသြားပါတယ္။ ကိုလံဘိုၿမဳိ႕ေတာ္ေျမာက္ပိုင္း ကိုးမိုင္ေက်ာ္ေလာက္ေဝးတဲ့ Mahara အက်ဥ္းေထာင္ထဲက အက်ဥ္းသားေတြၾကား ကိုဗစ္ - ၁၉ ေရာဂါကူးစက္မႈ ျမင့္တက္လာေနတဲ့ ကိစၥနဲ႔ပတ္သတ္ၿပီး ဆႏၵျပၾကရာကေန ေထာင္ဆူပူမႈ ျဖစ္ခဲ့တယ္လို႔ အရာရွိေတြက ေျပာပါတယ္။ ေထာင္လံုၿခဳံေရးေတြက အက်ဥ္းသားေတြကို ပစ္္ခတ္ႏွိမ္ႏွင္းခဲ့တယ္လို႔လည္း တာဝန္႐ွိသူေတြက ေျပာပါတယ္။

အေျခအေနကို လံုးဝထိန္းထားႏုိင္ၿပီျဖစ္ေၾကာင္းနဲ႔ ဒဏ္ရာရသူေတြကို ေဆး႐ံုပို႔ေပးခဲ့ေၾကာင္း သီရိလကၤာရဲဌာန ဒုတိယစစ္ေဆးေရးမွဴးခ်ဳပ္က ေျပာၾကားခဲ့တာပါ။ ေထာင္ဆူမႈနဲ႔ ပတ္သက္လို႔ စံုစမ္းစစ္ေဆးမႈေတြလည္း လုပ္ေနၿပီလို႔ သူကေျပာပါတယ္။

ေထာင္ဆူပူမႈအတြင္းအက်ဥ္းသားေတြက ေထာင္႐ံုးခန္းအပါအဝင္ အက်ဥ္းေထာင္ေနရာအမ်ားစုကို ဖ်က္ဆီးခဲ့တယ္ဆိုၿပီး ရဲတပ္ဖြဲ႔ ေျပာခြင့္ရသူ Ajith Rohana က AP သတင္းဌာနကို ေျပာပါတယ္။ သီရိလကၤာႏိုင္ငံက အက်ဥ္းေထာင္ေတြမွာ ကိုဗစ္ေရာဂါကူးစက္မႈေတြ မ်ားလာေနတာေၾကာင့္ အက်ဥ္းသားေတြက သူတို႔ကို ရက္မေစ့ခင္ လႊတ္ေပးဖို႔ အခုသတင္းပတ္ေတြအတြင္း ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

သီရိလကၤာေထာင္ဆူမႈ ၆ ဦးထက္မနည္း ေသဆုံး
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သီရိလင်္ကာထောင်ဆူမှု ၆ ဦးထက်မနည်း သေဆုံး

သီရိလင်္ကာနိုင်ငံက အကျဉ်းထောင် တခုမှာ ထောင်ဆူပူမှုဖြစ်ခဲ့တဲ့အတွက် အကျဉ်းသား ၆ ဦးထက်မနည်း သေဆုံးပြီး ၅၀ လောက် ဒဏ်ရာရသွားပါတယ်။ ကိုလံဘိုမြို့တော်မြောက်ပိုင်း ကိုးမိုင်ကျော်လောက်ဝေးတဲ့ Mahara အကျဉ်းထောင်ထဲက အကျဉ်းသားတွေကြား ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မြင့်တက်လာနေတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဆန္ဒပြကြရာကနေ ထောင်ဆူပူမှု ဖြစ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ထောင်လုံခြုံရေးတွေက အကျဉ်းသားတွေကို ပစ်ခတ်နှိမ်နှင်းခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အခြေအနေကို လုံးဝထိန်းထားနိုင်ပြီဖြစ်ကြောင်းနဲ့ ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးခဲ့ကြောင်း သီရိလင်္ကာရဲဌာန ဒုတိယစစ်ဆေးရေးမှူးချုပ်က ပြောကြားခဲ့တာပါ။ ထောင်ဆူမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်နေပြီလို့ သူကပြောပါတယ်။

ထောင်ဆူပူမှုအတွင်းအကျဉ်းသားတွေက ထောင်ရုံးခန်းအပါအဝင် အကျဉ်းထောင်နေရာအများစုကို ဖျက်ဆီးခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့ ပြောခွင့်ရသူ Ajith Rohana က AP သတင်းဌာနကို ပြောပါတယ်။ သီရိလင်္ကာနိုင်ငံက အကျဉ်းထောင်တွေမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ များလာနေတာကြောင့် အကျဉ်းသားတွေက သူတို့ကို ရက်မစေ့ခင် လွှတ်ပေးဖို့ အခုသတင်းပတ်တွေအတွင်း တောင်းဆိုနေကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG