သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတိုင်းစ် ထူထောင်သူ Ross Dunkley ထောင် ၁၃နှစ်ချခံရ


မြန်မာတိုင်းစ် ထူထောင်သူ Ross Dunkley ၂၀၁၁ ခုနှစ်တုန်းက အဖမ်းခံရစဉ်
မြန်မာတိုင်းစ် ထူထောင်သူ Ross Dunkley ၂၀၁၁ ခုနှစ်တုန်းက အဖမ်းခံရစဉ်

Myanmar Times သတင်းဌာနရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းနဲ့ အယ်ဒီတာချုပ်ဟောင်း ဖြစ်သူ အသက် ၆၂ နှစ်အရွယ် သြစတြေးလျနိုင်ငံသား Ross Dunkley ကို မူးယစ်ဆေးဝါးမှုနဲ့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ပါတယ်။

သူနဲ့အတူ ဖမ်းဆီးခံထားရတဲ့ ဗြိတိန်နိုင်ငံသား Johan Stuaet McKenzie ကိုလည်း ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ပြီး အမှုမှာပါဝင် တဲ့ တခြားလူငါးဦးကိုတော့ ထောင်ဒဏ် ၁၁ နှစ်စီ ချမှတ်လိုက်ပါတယ်။

Ross Dunkley နဲ့ အခုအမှုမှာပါဝင်သူတွေကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ဗဟန်း မြို့နေအိမ် မှာ မူးယစ်ဆေးဝါး အမျိုးမျိုးနဲ့ အတူ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စတင်ဖမ်းဆီး ခံရချိန် ကစပြီး ချုပ်ရက်အားလုံးကို ထောင်ဒဏ်ထဲက ထုတ်နုတ် ခံစားခွင့်ရမှာ ဖြစ်ပါတယ်။

Ross Dunkley ဟာ အင်္ဂလိပ်ဘာသာနဲ့ စတင်ထုတ်ဝေတဲ့ မြန်မာတိုင်းမ်ဂျာနယ်ကို ပူးတွဲ တည်ထောင်ခဲ့သူဖြစ်ပြီး ဆယ်နှစ်ကျော် ကြာ လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှာ မြန်မာတိုင်းမ်ကို ထွန်းကော်မာရှယ်ဘဏ်ဥက္ကဌ ဦးသိန်းထွန်းက အပြီးဝယ်ယူလိုက်ပြီးတဲ့နောက် မြန်မာသတင်းမီဒီယာလောကမှာ အဲဒီအချိန်ကတည်းက ဆက်မလုပ်တော့တာပါ။

သူဟာ ၂၀၁၁ ခုနှစ်တုန်းကလည်း အမျိုးသမီးတဦးကို ရိုက်နှက်မှု၊ ဗီဇာ စည်းကမ်း ဖောက်ဖျက်မှုနဲ့ အဖမ်းခံခဲ့ရပါသေးတယ်။

အခုပြစ်ဒဏ်အပေါ် အယူခံ ဝင်မယ် မဝင်ဘူးဆိုတာ မစ္စတာ Dunkley နဲ့ တိုင်ပင်ပြီး တဲ့နောက် ဆုံးဖြတ်မယ်လို့ သူ့ရဲ့ရှေ့နေ ဖြစ်သူ Khun Ring Pan က သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG