သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာႏိုင္ငံမွာ အာဏာခြဲေဝအုပ္ခ်ဳပ္ဖို႔ အတုိက္အခံေတြကို သမၼတကမ္းလွမ္း


 သိရိလကၤာႏိုင္ငံတြင္း ကုန္ေစ်းႏႈန္းနဲ႔ ေလာင္စာဆီေစ်းေတြ အဆမတန္ျမင့္တက္လာလို႔ သမၼတႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုဆႏၵျပေနသူမ်ား။ (ဧၿပီ ၄၊ ၂၀၂၂)  

[[Zawgyi/Unicode]]


သီရိလကၤာႏိုင္ငံမွာ စားေသာက္ကုန္၊ ေလာင္စာနဲ႔ ေဆးဝါးရွားပါးမႈေတြ ပိုဆိုးလာတာေၾကာင့္ သမၼတႏုတ္ထြက္ေပးေရး ဆႏၵျပေတာင္းဆိုသံေတြ နုိင္ငံတဝန္း အရွိန္ေကာင္းလာခ်ိန္မွာပဲ အာဏာခြဲေဝအုပ္ခ်ဳပ္ဖို႔ အတုိက္အခံေတြကို သမၼတက တနလၤာေန႔မွာ ကမ္းလွမ္းလိုက္ပါတယ္။

၁၉၄၈ ခုႏွစ္ ၿဗိတိန္ဆီကလြတ္လပ္ေရးရခဲ့ၿပီးတဲ့ေနာက္ပိုင္း သိရီလကၤာႏုိင္ငံမွာ အဆိုးရြားဆုံး အေျခခံကုန္စည္ ရွားပါးမႈနဲ႔ရင္ဆုိင္ေနရတာကို အစိုးရကိုယ္တုိင္ အသိအမွတ္ျပဳထားပါတယ္။ ဒီအေျခအေနေတြေၾကာင္ ့ဆႏၵျပပြဲေတြပိုၿပီးအရွိန္ေကာင္းလာၿပီး သမၼတအိမ္ေတာ္ထိ ဝင္ရာက္ဖို႔ ၾကိဳးပမ္းခဲ့ၾကသလို လက္နက္ကိုင္ လုံၿခဳံေရးေတြတိုးခ်ၿပီး အေျခအေနထိန္းေနရတဲ့အခိ်န္မွာ အာဏာခြဲေဝအုပ္ခ်ဳပ္ေရး လႊတ္ေတာ္အမတ္ေတြဆီ သမၼတ Gotabaya Rajapaksa ရဲ႕ ကမ္းလွမ္းခ်က္ထြက္ေပၚလာတာပါ။

ႏိုင္ငံ႔အၾကပ္အတည္းကို ဝိုင္းဝန္းအေျဖရွာႏုိင္ေရးအတြက္ အစိုးရဝန္ႀကီးအဖြဲ႔ ရာထူးေတြလက္ခံဖို႔ သမၼတက ႏုိ္င္ ငံေရးပါတီအားလုံးကို လႊတ္ေတာ္ဆီ ဖိတ္ေခၚထားတယ္လို႔ သမၼတရုံးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ပိုၿပီးဆိုးရြားလာတဲ့ ျပည္တြင္း အၾကပ္အတည္းေတြကို ဒီမိုကေရစီမူေဘာင္ထဲမွာသာ အေျဖရွာႏုိင္မယ္လို႔လည္း ေၾကျငာခ်က္မွာ အေလးထားေဖာ္ျပထားပါတယ္။

တနဂၤေႏြေန႔ေနွာင္းပိုင္းက်င္းပတဲ့ အစိုးရအဖြဲ႔ အစည္းအေ၀းမွာ သမၼတ Rajapaksa နဲ႔ အကိုျဖစ္သူ ဝန္ႀကီးခ်ဳပ္ Mahinda Rajapaksa တို႔ကလြဲလို႔ အစိုးရအဖြဲ႔ဝင္ ဝန္ၾကီး၂၆ ဦးစလုံး ႏုတ္ထြက္သြားၿပီးတဲ့ေနာက္ အတုိက္အခံေတြကို ဝန္ႀကီးအဖြဲ႔ရာထူး လက္ခံရယူၾကဖို႔ သမၼတရဲ ႔ ဖိတ္ၾကားခ်က္ ထြက္လာတာလည္းျဖစ္ပါတယ္။ ဒီကေန႔ တနလၤာေန႔မွာေတာ့ သီရိလကၤာ ဗဟိုဘဏ္ဥကၠ႒ Ajith Cabraal လည္း ရာထူးက ႏုတ္ထြက္သြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============


[[Unicode]]

သီရိလင်္ကာနိုင်ငံမှာ အာဏာခွဲဝေအုပ်ချုပ်ဖို့ အတိုက်အခံတွေကို သမ္မတကမ်းလှမ်း


သီရိလင်္ကာနိုင်ငံမှာ စားသောက်ကုန်၊ လောင်စာနဲ့ ဆေးဝါးရှားပါးမှုတွေ ပိုဆိုးလာတာကြောင့် သမ္မတနုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆိုသံတွေ နိုင်ငံတဝန်း အရှိန်ကောင်းလာချိန်မှာပဲ အာဏာခွဲဝေအုပ်ချုပ်ဖို့ အတိုက်အခံတွေကို သမ္မတက တနင်္လာနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။

၁၉၄၈ ခုနှစ် ဗြိတိန်ဆီကလွတ်လပ်ရေးရခဲ့ပြီးတဲ့နောက်ပိုင်း သိရီလင်္ကာနိုင်ငံမှာ အဆိုးရွားဆုံး အခြေခံကုန်စည် ရှားပါးမှုနဲ့ရင်ဆိုင်နေရတာကို အစိုးရကိုယ်တိုင် အသိအမှတ်ပြုထားပါတယ်။ ဒီအခြေအနေတွေကြောင့်ဆန္ဒပြပွဲတွေပိုပြီးအရှိန်ကောင်းလာပြီး သမ္မတအိမ်တော်ထိ ဝင်ရာက်ဖို့ ကြိုးပမ်းခဲ့ကြသလို လက်နက်ကိုင် လုံခြုံရေးတွေတိုးချပြီး အခြေအနေထိန်းနေရတဲ့အချိန်မှာ အာဏာခွဲဝေအုပ်ချုပ်ရေး လွှတ်တော်အမတ်တွေဆီ သမ္မတ Gotabaya Rajapaksa ရဲ့ ကမ်းလှမ်းချက်ထွက်ပေါ်လာတာပါ။

နိုင်ငံ့အကြပ်အတည်းကို ဝိုင်းဝန်းအဖြေရှာနိုင်ရေးအတွက် အစိုးရဝန်ကြီးအဖွဲ့ ရာထူးတွေလက်ခံဖို့ သမ္မတက နိုင် ငံရေးပါတီအားလုံးကို လွှတ်တော်ဆီ ဖိတ်ခေါ်ထားတယ်လို့ သမ္မတရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပိုပြီးဆိုးရွားလာတဲ့ ပြည်တွင်း အကြပ်အတည်းတွေကို ဒီမိုကရေစီမူဘောင်ထဲမှာသာ အဖြေရှာနိုင်မယ်လို့လည်း ကြေငြာချက်မှာ အလေးထားဖော်ပြထားပါတယ်။

တနင်္ဂနွေနေ့နှောင်းပိုင်းကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ သမ္မတ Rajapaksa နဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ် Mahinda Rajapaksa တို့ကလွဲလို့ အစိုးရအဖွဲ့ဝင် ဝန်ကြီး၂၆ ဦးစလုံး နုတ်ထွက်သွားပြီးတဲ့နောက် အတိုက်အခံတွေကို ဝန်ကြီးအဖွဲ့ရာထူး လက်ခံရယူကြဖို့ သမ္မတရဲ့ ဖိတ်ကြားချက် ထွက်လာတာလည်းဖြစ်ပါတယ်။ ဒီကနေ့ တနင်္လာနေ့မှာတော့ သီရိလင်္ကာ ဗဟိုဘဏ်ဥက္ကဋ္ဌ Ajith Cabraal လည်း ရာထူးက နုတ်ထွက်သွားပါတယ်။
============

XS
SM
MD
LG