သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ သိပ္ပံဆိုင်ရာ တွေ့ရှိမှုများ


Residents and technicians look at the bones of a dinosaur at a farm in La Flecha, west of Argentina's Patagonian city of Trelew, May 16, 2014. Paleontologists have unearthed in Argentina what they say is the largest set of remains of a dinosaur ever found
Residents and technicians look at the bones of a dinosaur at a farm in La Flecha, west of Argentina's Patagonian city of Trelew, May 16, 2014. Paleontologists have unearthed in Argentina what they say is the largest set of remains of a dinosaur ever found

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၅ နှစ်အတွင်း ၂၀၁၄ ခုနှစ်မှာ အပူဆုံးလတွေနဲ့ ကြုံခဲ့ရတာမို့ ၂၀ ရာစုအတွင်း အပူဆုံးနှစ်အဖြစ် NOAA သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ အမေရိကန် သုတေသန ဌာနက သတ်မှတ်ခဲ့ပါတယ်။ နှစ်ဆန်းပိုင်းမှာ တောင်ဝင်ရိုးစွန်းက အန္တာတိက ရေခဲပြင်ကနေ ကြီးမားတဲ့ ရေခဲထုကြီးတွေ ကွဲထွက်ကုန်တာမို့ ဒါဟာ လာမယ့် နှစ်ပေါင်း တရာအတွင်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနဲ့ နောက်ဆက်တွဲ မလိုလားအပ်တဲ့ ပြဿနာေတွေ ရင်ဆိုင်ရဖို့ ရှိနေပြီ ဆိုတာကို သတိပေးလိုက်တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ထဲမှာ ကြယ်တံခွန်ပေါ်ကို လူလွှတ်တင်တဲ့ အာကာသယာဉ် သွားရောက်နိုင်ခဲ့ပြီး အဲဒီက ရေနမူနာက ကမ္ဘာပေါ်က ရေနဲ့ ကွဲပြားတာကို သိခဲ့ရသလို ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်းများစွာက ရှင်သန်ခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံး ဒိုင်နိုဆော သတ္တဝါရဲ့ အရိုးစု ရုပ်ကြွင်းကိုလည်း တွေ့ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဂျပန်သိပ္ပံပညာရှင်သုံးဦးကို သူတို့ရဲ့ အပြာရောင် LED မီးတီထွင်မှု ကြောင့် နိုဘယ်ဆုချီးမြှင့်ခဲ့တာဟာ ဝေးလံခေါင်ဖျား ဒေသတွေအတွက် မီးထိန်ထိန် ညီးစေတာမို့ တကယ့်ကို ထိုက်တန်တယ်လို့ သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။

ဒါ့အပြင် ဓါတုဗေဒ နိုဘယ်ဆု အချီးမြှင့်ခံရတဲ့ အမေရိကန်နဲ့ ဂျာမဏီက သုတေသန ပညာရှင် ၃ ဦးရဲ့ တီထွင်မှုကလည်း နာနိုနည်းပညာကို ပိုပြီး တိုးတက်လာစေတယ်လို့ ဆိုပါတယ်။ နာနိုနည်းပညာ ဆိုင်ရာ နောက်ထပ် တွေ့ရှိမှု အသစ်တွေ ကလည်း ဒီနှစ်ထဲမှာပဲ ထူးထူးခြားခြား ပေါ်ထွက်လာတာမို့ ကင်ဆာရောဂါလို ကုသရေးမှာ ပိုပြီး ထိရောက် အဆင်ပြေလာစေတာပါ။

၂၀၁၄ ခုနှစ်မှာပဲ ဂျပန်သိပ္ပံပညာရှင်တွေက ဇီဝရုပ် ယိုယွင်းမှုကို ၂ ဆလောက် နှေးအောင် လုပ်နိုင်တဲ့ နည်းပညာကို တီထွင်နိုင်ခဲ့သလို လက်ကိုင်ဖုံးသုံးစွဲသူတွေအတွက် ဝမ်းသာစရာတီထွင်မှု တခုကတော့ မိနစ်ဝက် အတွင်းမှာပဲ ဘက်ထရီကို ပြန်အားဖြည့်နိုင်အောင် အစ္စရေးက ဇီဝရူပဗေဒ ပညာရှင်တွေက တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG