သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ နာဆာရဲ့ အောင်မြင်မှုများ အပိုင်း - ၂


California-Drought
California-Drought

နာဆာအဖွဲ့ဟာ အာကာသ စူးစမ်းရေးအပြင် သိပ္ပံနဲ့ နည်းပညာ တိုးတက်ရေးအတွက် အများအပြား လုပ်ဆောင်ခဲ့တယ်လို့ နာဆာက ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှု ဒဏ်ခံနေရတဲ့ ကမ္ဘာကြီးမှာ အပူရှိန် မြင့်မားရာကနေ မိုးခေါင်ရေရှား ခြောက်သွေ့မှုကြောင့် တနှစ်ကို ဧကပေါင်း ၇ သန်းလောက် တောမီးလောင်ကျွမ်းတဲ့ ဒဏ်ကို ခံနေရတာပါ။ ဒီ့အတွက် အထူးအာရုံခံ စက်တွေ ပါတဲ့ NPP - Suomi National Polar- Obiting Partnership ဂြိုဟ်တုကို လွှတ်တင်ပြီး တောမီးလောင်နေတဲ့ ဒေသရဲ့ အခြေနေတွေကို သိအောင် အနီအောက်ရောင်ခြည်နဲ့ တိုင်းတဲ့ VIIRS ပုံတွေကိုထုတ်ပေး နေတာမို့ အမေရိကန်နိုင်ငံမှာသာမက တောင်အာဖရိကက ကျယ်ပြောတဲ့ Kruger ဘေးမဲ့တောလို နေရာမျိုးတွေက တောမီးလောင်ကျွမ်းမှု မျိုးတွေကိုပါ အပျက်အစီးနဲပါးအောင် လုပ်ပေးနိုင်ခဲ့ ပါတယ်။

အပူဒဏ်ကြောင့် Antarctic နဲ့ ဂရင်းလန် က ရေခဲစိုင်တွေ အရည်ပျော်နှုံးဟာ သမုဒရာအောက်က ရေပူစီးကြောင်းတွေကြောင့် ထင်တာထက် ပိုမြန်နေတာ အပြင် ပင်လယ်ရေ မျက်နှာပြင် ဟာ နှစ်ပေါင်း အစိတ်လောက်အတွင်း ၃ လက်မ မြင့်တက်လာတာနဲ့ တချို့နေရာတွေမှာ သဘာဝအလေ ျှာက် ၉ လက်မ လောက်အထိ အတက်အကျ ရှိနေတာကို ဂြိုဟ်တု ဓါတ်ပုံတွေနဲ့ အသိပေးနိုင်ခဲ့ပါတယ်။

သုတေသနလုပ်ငန်းတွေကို အားပေးတဲ့အနေနဲ့ နှစ်တိုင်း အကောင်းဆုံး သုတေသန စာတမ်းတွေကို ဆုပေးလေ့ရှိပြီး၊ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးသုတေသနဆု ရ ခဲ့တဲ့ OASIS (Observation and Analysis of Smectic Islands In Space) လေ့လာမှု ကတော့ အရည်နဲ့ အရည်ပုံဆောင်ခဲ ရူပဗေဒ ဆိုင်ရာကို လေ့လာတာပါ။

ဒါကို Colorado တက္ကသိုလ်က ပါမောက္ခ Noel Clark အပါအဝင် သိပ္ပွံပညာရှင်တွေ နဲ့ နာဆာက ဒေါက်တာ ပဒေသာတင်က သုတေသန လုပ်နေတာပါ။ ဒီ liquid crystal လေ့လာမှုဟာ ကွန်ပြူတာကစပြီး ဆေးပစည်းတွေကနေ အာကာသဆိုင်ရာ အထိ လက်ညှှိုး ထိုးမလွဲ သုံးစွဲတဲ့ ပစည်းတွေမှာ ပါဝင်မှာမို့ ကုမဏီကြီးတွေ အပြိုင်အဆိုင် ဖြစ်နေကြတာ ဖြစ်ပါတယ်။

နာဆာကနေ သုတေသနပညာရှင်တွေအတွက် တီထွင်မှုတွေကို ပံ့ပိုးပေးသလို တက္ကသိုလ်တွေမှာလည်း သုတေသန လုပ်ငန်းတွေလုပ်နိုင်ဖို့ အထောက်အပံ့တွေ ပေးတာမို့ သိပ္ပံနဲ့ နည်းပညာအတွက် တိုးတက်မှုတွေ ဖြစ်စေတာပါ။

XS
SM
MD
LG