သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ မြန်မာ သိပ္ပံနည်းပညာ တိုးတက်မှု


ဂြိုဟ်တုတည်ဆောက်ရေး လုပ်ဆောင်နေတဲ့ မိတ္ထီလာရှိ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်က ပညာရှင်များ။ (ဇွန် ၁၉၊ ၂၀၂၀)
ဂြိုဟ်တုတည်ဆောက်ရေး လုပ်ဆောင်နေတဲ့ မိတ္ထီလာရှိ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်က ပညာရှင်များ။ (ဇွန် ၁၉၊ ၂၀၂၀)

ကိုရိုနာဗိုင်းရပ်စ် ဒဏ်ခံခဲ့ရတဲ့ ၂၀၂၀ အတွင်း မြန်မာနိုင်ငံမှာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ထူးခြားတဲ့ ပြောင်းလဲ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဂျပန် ဂျပန် အဏ္ဏဝါ ဘူမိ သိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို မေးမြန်းပြီး တင်ပြပေးမှာပါ။

တိုက်ရိုက် လင့်ခ်


(Zawgyi/ Unicode)

(Zawgyi)

ကိုရိုနာဗိုင်းရပ်စ် ဒဏ်ခံခဲ့ရတဲ့ ၂၀၂၀ အတွင်း မြန်မာနိုင်ငံမှာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ထူးခြားတဲ့ ပြောင်းလဲ တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဂျပန် အဏ္ဏဝါ ဘူမိ သိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို မေးမြန်း တဲ့အခါ အခုလို စပြောပါတယ်။

ဒေါက်တာမိုးကျော်သူ။.။“သိပ္ပံနဲ့နည်းပညာမှာ ဘာတိုးတက်မှုရှိသလဲဆိုတော့ ဘွဲ့လွန်သင်တန်းတွေ တက်နေတဲ့သူတွေ အတွက်ကတော့ အွန်လိုင်းပေါ်မှာ လှုပ်ရှားမှုကလေးတွေ ရှိတယ်။ လုပ်လည်း လုပ်နေကြတယ်။ သုတေသနမှာတော့ ကျနော်တို့ ဂျပန်နိုင်ငံမှာရော တခြားကမ္ဘာလုံးမှာပါ ကြုံနေရတာက သုတေသနလုပ်ငန်းတွေ နှေးသွားတာ။ ဒါပေမယ့် အဲဒီထဲမှာ မြန်မာနိုင်ငံ အတွက်က ထူးထူးဆန်းဆန်းပဲ ကြိုးစားပြီးတော့ လုပ်လာနိုင်တဲ့ အပိုင်းလေးတွေ တွေ့လာရတယ်။ ဥပမာ အနေနဲ့ ပြောရရင် မြန်မာနိုင်ငံရဲ့ ရာဇဝင် အရှည်ဆုံး ပေါ့နော်။ သုတေသနလုပ်တဲ့ central research ဗဟိုသုတေသန စင်တာ CRO ဟာ အခုတော့ DRI (Department of Research and Innovation) လို့ခေါ်တာပေါ့နော်။ အဲဒီမှာ အပတ်စဉ်နီးပါးလောက်ပဲ အွန်လိုင်းကနေ seminar နဲ့တွေ့ဆုံဆွေးနွေးပွဲတွေ ကြိုးစားပြီးလုပ်တဲ့ အပိုင်းတွေ တွေ့ရပါတယ်။”

မေး။. ။“မြန်မာနိုင်ငံမှာက သုတေသနအတွက် ပစ္စည်းကရိယာရော ကောင်းကောင်း မပေးနိုင်ပါဘူး။ ဒီလို အနေထားမှာ ဘယ်လိုထူးထူးခြားခြားတွေများ တွေ့ရပါသလဲ။ အွန်လိုင်းနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။”

ဖြေ။. ။“ဟုတ်ကဲ့ခင်ဗျ။. Facility အပိုင်းနဲ့ သုတေသန ဓါတ်ခွဲခန်း အပိုင်းတွေမှာ အဲဒီလိုမျိုး အားနဲတာတွေ ရှိတဲ့အတွက်ကြောင့် အဲဒီလို အားနဲတဲ့ အပိုင်းက အခုချိန်မျိုးမှာ လုပ်လို့လည်း မရတဲ့ အတွက် မြန်မာနိုင်ငံသုတေသီ တွေ အတွက် ပြည်ပမှာ လုပ်တဲ့ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ seminar တွေက အခု အွန်လိုင်းမှာ အလကား နီးပါး တက်လို့ရတဲ့ အဆင့် ဖြစ်လာတယ်။ တော်တော် ကောင်းတာပေါ့နော်။ တော်တော်များများ ကြိုးစားချင်တဲ့ လူတွေအတွက်က အခွင့်ရေးတွေ chance တွေ အများကြီး ပေါ်လာတယ်။ အဲဒီမှာ လိုက်ပြီးတော့ ကြိုးစားတဲ့ လူငယ်တွေ တွေ့လာရတယ်။

သုတေသန ပရောဂျက် အနေနဲ့ ပြောရရင်တော့ ဒီ ကိုဗစ် မစခင်ကတည်းကလည်း ဒီဂျပန်နိုင်ငံကနေပြီးတော့ ပုံမှန်ပြဿနာ တွေအတွက် အကူအညီပေးတဲ့ ဒီသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ JICA ရယ်၊ နောက် ဂျပန်ပညာရေးဝန်ကြီးဌာနရယ် ပေါင်းပြီးပေးတဲ့ JASTIP (Japan ASEAN Science and Technology and Innovation Platform) ဆိုတဲ့ သုတေသန ပရောဂျက်က ၅ နှစ်အတွင်းမှာ ဒေါ်လာ ၅ သန်းလောက် ပေးပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံက တတိယမြောက် ရတဲ့အပြင်ကို ရတဲ့ ခေါင်းစဉ်ကလည်း မြန်မာနိုင်ငံရဲ ငလျင် သုတေသနနဲ့ ပတ်သက်ပြီးတော့ ပထမဆုံး အကြိမ်လို့ ပြောရမလား။ အခုဆို မြန်မာနိုင်ငံရဲ့ ငလျင်သုတေသနလုပ်နေတဲ့ အဖွဲ့တွေ အတွက် ရလိုက်တာ။ အဲဒီတခုကတော့ တော်တော်လေး ကောင်းပါတယ်။ ပြီးတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ လူငယ်တွေပဲ ကြိုးစားပြီးတော့ ရန်ကုန်တက္ကသိုလ် အပြင် မိုးလေဝဿနဲ့ ဇလဗေဒ ဦးစီးဌာနနဲ့တွဲ၊ နောက် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ၊ လူမှုဝန်ထမ်း ဦးစီးဌာန တွေနဲ့ တွဲပြီးတော့ သုတေသန ပရောဂျက် လုပ်တဲ့ အဖွဲ့အစည်းတွေ အစီအစဉ်လေးတွေ စလုပ်နေပါပြီ။”

မေး။. ။“တကယ်ဆို မြန်မာနိုင်ငံကလည်း ငလျင်အန္တရာယ် အရမ်းကြီးတဲ့ နိုင်ငံပါ။ ဒီတော့ အခု ဂျပန်က ပေးတဲ့ အကူအညီနဲ့ ဒီ ၂၀၂၀ ထဲမှာ ဘာသုတေသနတွေ လုပ်နိုင်ပါပြီလဲ။”

ဖြေ။. “၂၀၂၀ ထဲမှာကတော့ သူတို့ လုပ်လက်စ သုတေသနတွေပဲ ဆက်ပြီး လုပ်နိုင်မယ်လို့ထင်ပါတယ်။ အဲဒီအပိုင်းမှာလည်း ကွင်းဆင်းပြီးတော့ လုပ်တဲ့သုတေသနက မဖြစ်နိုင်တဲ့အတွက် ကြောင့်မို့လို့ နဂိုက ကောက်ထားတဲ့ data နောက်ပြီးတော့ seismometer ဆိုတဲ့ စက်နဲ့ နေရာတခုမှာ ငလျင် လှုပ်တာကို အချိန်နဲ့ လိုက်ပြီး တိုင်းတာနေတဲ့ ဒေတာတွေက. ကျနော်တို့ တက္ကသိုလ် ၊ မိုးလေဝဿနဲ့ ဇလဗေဒဦးစီးဌာန နောက် ရန်ကုန်တက္ကသိုလ် ငလျင် ကော်မတီတွေမှာ data က အချိန်နဲ့ အမ ျှ ဝင်နေတာတွေ ရှိတဲ့ အတွက် အဲဒီအပိုင်းတွေကို သူတို့ data analysis အချက်လက်ဆန်းစစ်ပြီးတော့ လေ့လာနေတဲ့ အပိုင်းတွေ စောင့်ကြည့်နေတဲ့ အပိုင်းတွေရှိပါတယ်။”

မေး။. ။“မြန်မာနိုင်ငံမှာက နိုင်ငံရပ်ခြားကနေ လာပြီးတော့ အထောက်အပံ့တွေနဲ့ သုတေသန လုပ်တာ များပါတယ်။ အဲဒီသုတေသနတွေ အကြောင်း သီးခြားခွဲပြောပြပေးပါ။ ဥပမာ ဘူမိသိပ္ပံနဲ့ ပတ်သက်ပြီးတော့ ထူးထူးခြားခြား ဘာများလုပ်နိုင်လဲ ပြောပြပေးပါ။”

ဖြေ။. ။“ဟုတ်ကဲ့ ဘူမိသိပ္ပံမှာက ခုနပြောခဲ့တဲ့ ငလျင်နဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တာ တခု။ ဒုတိယက ကျနော်ကိုယ်တိုင်လည်း ထဲထဲဝင်ဝင်နဲ့ ပါနေတဲ့ အပိုင်းကတော့ ပင်လယ်ပိုင်းပေါ့နော်။ အဏ္ဏဝါဘူမိသိပ္ပံဆိုတဲ့ အပိုင်းမှာက ကျနော်တို့ မြေပုံထုတ်တဲ့ ဘူမိဗေဒရော သုတေသရောက ဒီကုန်းပေါ်မှာ မြေပုံထုတ်တာက အဓိက ဆိုပေမယ့် အခုဒီပင်လယ်ပိုင်း မှာ ဒီမြေပုံထုတ်ဖို့ ဆိုတဲ့ အပိုင်းကို မြန်မာ့ရေနံ၊ မြန်မာနိုင်ငံ ဘူမိဗေဒနဲ့ သတ္တုရှာဖွေလေ့လာတဲ့ အဖွဲ့တွေ နောက် တက္ကသိုလ်တွေနဲ့ ကျနော်တို့ ဂျပန်နိုင်ငံက အေဂျင်စီတွေနဲ့ ပေါင်းပြီးတော့မှ ရှိနေပြီးသား မြေပုံတွေကို ပထမစပြီး compile ပေါ့နော် ။ စုနေတဲ့ အပိုင်းလေးတွေ လုပ်ဖြစ်ပါတယ်။

နောက် ကမ်းလွန်ရေနံ တူးဖေါ်ရေးနဲ့ ပတ်သက်ပြီး နည်းပညာ မ ျှဝေတဲ့ အပိုင်းတွေကို ဇန်နဝါရီလထဲမှာ ကျနော်တို့ ဂျပန်နိုင်ငံ အစိုးရကနေ အထောက်အပံ့ပေးဖို့လည်း သဘောတူညီချက် ရပြီးပါပြီ။ ဒါပေမယ့် ကိုရိုနာကြောင့်မို့ နှောင့်နှေးနေတဲ့ အပိုင်းလေးတွေ ရှိပါတယ်။”

နောက်တခု ဒီကိုဗစ်ကာလထဲမှာ ထူးထူးခြားခြား တွေ့လာရတဲ့ အပိုင်းက မြန်မာနိုင်ငံ ရေကြောင်း ပညာ သိပ္ပွံ တက္ကသိုလ်ပါ။ အခုလိုကိုဗစ် အချိန် အတွင်းမှာကိုပဲ ကျောင်းသားသမဂ္ဂက ကျောင်းသားတွေ ကနေ ဦးစီးပြီးတော့ တက္ကသိုလ်ဌာန တွေကပါ ပါဝင်ပြီးတော့ လုပ်တာပါ။ ဒီတက္ကသိုလ်မှာ ဒီပညာရပ်တွေကို သင်ကြားပေးနေတယ်။ ဒီပညာရပ်တွေ သင်ကြားပြီးလို့ တတ်ရင် ဘယ်လို အလုပ်မျိုး ရပြီး ဘယ်လိုကမ္ဘာအထိ ခြေဆန့်နိုင်မယ် ဆိုတဲ့ အပိုင်းလေးတွေကို သူ့ သက်ဆိုင်ရာ အတွေ့အကြုံရှိတဲ့ လူတွေက တင်ပြတဲ့ အစီအစဉ်လေးတွေကိုလည်း တွေ့ရပါတယ်။”

မေး။. ။“အဲဒါက ရေကြောင်းပေါ့နော်။”

ဖြေ။. ။“ရေကြောင်းပါ ခင်ဗျ။ ရေကြောင်း ပညာသိပ္ပံ။ ပထဝီ က ပါပါတယ်။ နောက် ကမ်းရိုးတန်း နဲ့ ပတ်သက်ပြီး ဖွဲ့စည်းတာတွေ၊ ဘေးအန္တရာယ် ကင်းရှင်းအောင် လုပ်တဲ့ အပိုင်းတွေလည်း ပါသလို စိမ်းလန်းအောင် စီမံပေးရတာ တွေလည်း ပါပါတယ်ခင်ဗျ။”

မေး။. ။“လေကြောင်းနဲ့ အာကာသဆိုင်ရာ နည်းပညာတက္ကသိုလ်က မိတ္တီလာမှာလည်း ရှိပါတယ်။ ထူးထူးခြားခြား ဒီနှစ်အတွက် အောင်မြင်တာ ပြောပြပေးပါ။”

ဖြေ။. ။“ကျနော်က အစပိုင်းမှာ နဲနဲပါလိုက်တာလေး တခုက အဓိက ပြောချင်တာကတော့ သတင်းတွေ ထဲမှာ ပေါက်နေတာ ကတော့ ဂြိုဟ်တုပါခင်ဗျ။ ဂြိုဟ်တုကို ဒီ ဂျပန်နိုင်ငံဟော်ကိုင်းဒိုး မှာ ရှိတဲ တက္ကသိုလ်။ ဒီတက္ကသိုလ်က သူ့ရဲ့ နည်းပညာကို ဒီအာဆီယံ ကနေ တဆင့် ကမ္ဘာကို ဖြန့်ချင်နေတယ်။ ဒေါ်လာ သန်း ၄၀၀ - ၅၀၀ တန်တဲ့ ဆက်သွယ်ရေး ဂြိုဟ်တုကြီးတွေ မဟုတ်ပဲနဲ့ မိုက်ခရို စက်တလိုက် micro satellite ဆိုတဲ့ ဒီ ဒေါ်လာ ၄ - ၅ သန်းပဲ တန်ပေမယ့် အကုန်အကျ နဲတယ်။ resolution ဒီ နောက်ဆုံးပေါ် နည်းပညာကိုသုံးလို့ ရတယ်။ ပြီးရင် တခု သက်တမ်း ကုန်သွားရင်လည်း နောက်တခုကို လွယ်လွယ်ကူကူ လဲလို့ ရနိုင်တဲ့ နည်းပညာ။ အဲဒီ နည်းပညာနဲ့ တက်လာတဲ့ အပိုင်းက မိတ္တီလာက လေကြောင်းနဲ့ဆိုင်တဲ့ တက္ကသိုလ်က ပူးတွဲပြီးတော့ လာမယ့် နှစ်ထဲမှာ လွှတ်တော့မှာ ထင်တယ်။”

မေး။. ။“ဒီ ၂၀၂၁ ဇန်နဝါရီလထဲမှာ၊ ဒါမှမဟုတ် ဒီ ဖေဖေါ်ဝါရီလထဲမှာ ဒီဂြိုဟ်တုကို လွှတ်တင်မယ်လို့ ပါမောက္ခ ချုပ်က ပြောပါတယ်။ အခု လာမယ့် ၂၀၂၁ အတွက် ရော ဘယ်လိုများ မြင်ပါသလဲ။ နိုင်ငံတကာက သိပ္ပံပညာရှင်တွေနဲ့ လက်တွဲပြီးတော့ လုပ်နေတဲ့ သူတယောက် အနေနဲ့”

ဖြေ။. ။“ဟုတ်ကဲ့။. အခု ပညာရေးဝန်ကြီး ဌာနက ဒီရက်ပိုင်း အတွင်းမှာ အကြီးအကျယ် ကြိုးစား နေတဲ့ အပိုင်း ရှိပါတယ်။. ဒီမြန်မာနိုင်ငံ အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း ဆိုပြီးတော့ ဒီ ၂၀၂၁ ဖေဖေါ်ဝါရီလ ကနေ စမှာပါ။ ၁၀ နှစ် စီမံကိန်းပေါ့နော်။ အဲဒီ စီမံကိန်းကြီး ထဲမှာ ဆိုရင် အခု ဒီ ကိုဗစ်ကာလက ခံစားခဲ့ရတဲ့ ဒုက္ခတွေကို ကျော်နိုင်ဖို့ ဆိုရင် ဒီ ဒစ်ဂျစ်တယ် infrastructure အခြေခံ အဆောက်အအုံလည်း စလုပ်မယ်။ နောက် open university ။ ဒါဟာ မြန်မာနိုင်ငံမှာ ရှိသင့်တာ ကြာလှပါပြီ။ တယ်လီဗေးရှင်းကနေပြီးတော့ လက်ချာတွေ ပေးမယ်။ ပြီးတော့ ကိုယ်ရောက်နေတဲ့ ဒေသကနေ ဘွဲ့တွေ ရအောင် ကြိုးစားပြီး ယူနိုင်မယ့် တက္ကသိုလ်တွေ စတော့မယ်။ နောက်ပြီးတော့ အမျိုးသား သုတေသန ကောင်စီ။ ဒါလည်း ရှိသင့်တာ ကြာလှပြီ။ ကောင်စီကြီးတခု centralize ပေါ့နော်။ စကော်လားရှစ် ပညာသင်ဆုတွေ ပေးမယ်။ သုတေသန research funding ထောက်ပံ့ငွေတွေ ပေးမယ်ဆိုတဲ့ စံနစ်ကလည်း အရမ်းကို လိုအပ်နေပါတယ်။ ဆိုတော့ အဲဒါမျိုးကလည်း စတင်လာတော့မယ်။ ဆိုတဲ့ အပိုင်းတွေ တော်တော်များများ ပေါ့နော်။ ပြီးရင် ဒေသဆိုင်ရာတွေမှာ သုတေသန စင်တာတွေ research and innovation center သုတေသနနဲ့ တီထွင်မှု ဆိုင်ရာ ဗဟိုဌာနတွေ ကို တက္ကသိုလ် တခုမှာ စင်တာ တခု ဖွင့်မယ် ဆိုတော့ အရမ်းကြီး ကောင်းမယ့် လမ်းကြောင်းတွေ တွေ့လာရတယ်လို့ပဲ ပြောချင်ပါတယ်ခင်ဗျ။ ”

ဒေါက်တာမိုးကျော်သူပါ။

(Unicode)



















XS
SM
MD
LG