သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ဓါတု ႏိုဘဲလ္ဆု အပိုင္း ၁ - မ်ိဳးဗီဇ တည္းျဖတ္နည္းသစ္


2020 Nobel Prize in Chemistry

မ်ိဳးဗီဇ DNA ကို ကိုယ္လိုခ်င္တဲ့ ေနရာအစိတ္ပိုင္းမွာ ေျပာင္းလဲေပးႏိုင္ဖုိ႔ တိတိက်က် ျဖတ္ေတာက္ေပးႏိုင္တဲ့ မ်ိဳးဗီဇကပ္ေက်း ေခၚ Crispr-Cas9 "genetic scissors" ကို ေတြ႔ရွိခဲ့တဲ့ သိပၸံပညာရွင္ ၂ ဦးကို ၂၀၂၀ အတြက္ ဓါတုေဗဒ ႏုိဘယ္ဆု ပူးတြဲေပးအပ္ခဲ့ပါတယ္။ နာဆာသိပၸံပညာရွင္ ေဒါက္တာ ပေဒသာတင္က ေျပာျပေပးမွာပါ။

တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

(Zawgyi)

သက္ရွိေတြရဲ့ မ်ိဳးဗီဇ DNA ကို ကိုယ္လိုခ်င္တဲ့ ေနရာအစိတ္အပိုင္းမွာ ေျပာင္းလဲေပးႏိုင္ဖုိ႔ တိတိက်က် ျဖတ္ေတာက္ႏိုင္တဲ့

မ်ိဳးဗီဇကပ္ေက်း လုိ႔ေခၚတဲ့ Crispr-Cas9 "genetic scissors" ကို ရွာေဖြေတြ႔ရွိခဲ့တဲ့ အမ်ိးသမီးသိပၸံပညာရွင္ ၂ ဦးကို ၂၀၂၀ အတြက္ ဓါတုေဗဒ ႏုိဘယ္ဆု ပူးတြဲ ေပးအပ္ခဲ့ ပါတယ္။

သူတို႔ဟာ သိပၸံဆုိင္ရာမွာ ထူးျခားတဲ့ ေျပာင္းလဲမႈေတြကို ျဖစ္ေစနိုင္တဲ့ မ်ိဳးဗီဇတည္းျဖတ္တဲ့ gene editing နည္းသစ္ကို ရွာေဖြေတြ႔ရွိတာလို႔ နာဆာ သိပၸံပညာရွင္ ေဒါက္တာ ပေဒသာတင္က ေျပာပါတယ္။

ေဒါက္တာပေဒသာတင္။. ။“ကယ္လီဖိုးနီးယား တကၠသိုလ္ Berkeley က (Howard Hughes Medical Institute) က ပါေမာကၡ Jennifer Doudna ရယ္ ျပင္သစ္ႏိုင္ငံသူ ျဖစ္တဲ့ ဂ်ာမဏီက (Max Planck Unit for the Science of Pathogens ) ေရာဂါေဗဒဌာနက သုေတသနပညာရွင္ ေဒါက္တာ Emmanuelle Charpentier သူတို႔ ၂ ေယာက္တြဲၿပီး gene editing ဆုိတဲ့ မ်ိဳးဗီဇ နဲ႔ပတ္သက္တဲ့ ဓါတုေဗဒ ႏိုဘဲလ္ဆု ရတာျဖစ္ပါတယ္။”

ေမး။. ။“gene editing ဆိုတာ ဘာလဲေျပာျပေပးပါ။”

ေဒါက္တာပေဒသာတင္။. ။“က်ေနာ္တို႔ ကုိယ္ခႏၶာထဲမွာ ဖြဲ႔စည္းထားတဲ့ ကလပ္စည္း ဆဲလ္ေတြက သန္း ေထာင္ေပါင္း မေရမတြက္ႏိုင္ေအာင္ မ်ားစြာ ရွိပါတယ္။ ဆဲလ္ ေတြမွာ ေမာ္လီက်ဴးး အတန္းေလးပါလာတယ္။ အဲဒါကို DNA လို႔ေခၚပါတယ္။ deoxyribonucleic acid ။ အဲဒါကို Francis Crick နဲ႔ James Watson တို႔က ၁၉ ၆၀ ေလာက္မွာ စေတြ႔တာပါ။ ဒီပံုစံေလးက။ သူ႔ပံုစံေလးက ဘာနဲ႔ သြားတူ သလဲ ဆိုေတာ့ ထန္းတက္တဲ့ ေလွကားလို ေပါ့ေနာ္။ လက္ရမ္းမပါတဲ့ ေလွကားေလးနဲ႔ တူတယ္။ ေဘးမွာက ဘာလဲ ဆိုေတာ့ ႏိုက္ထရိုဂ်င္ ေမာ္လီက်ဴး ပါတယ္။ အဲဒီ ၂ ခုကို အလယ္မွာ တြဲထားတယ္။ အဲဒီ ေလွကားပံုေလးကို လိမ္လိုက္ရင္ သူ႔ပံုစံက double helix လို႔ေခၚတယ္။ ၂ ပင္လိမ္ေနတဲ့ အေနထား။ အဲဒီလို လိမ္လိုက္တဲ့ ပံုစံေလး အတိုင္း ဒီဆဲလ္ေလးေတြက ဖြဲ႔စည္း ထားတာပါ။ ဒီ ဆဲလ္ ထဲမွာ DNA chromosome ေတြက ရွိပါတယ္။ အဲဒီ ခရိုမိုစုန္း ကေလးေတြက ခ်ိဳ႕ယြင္းသြားတယ္။ ပ်က္စီးသြားတယ္ ဆိုလုိ႔ရွိရင္ ဒါမွမဟုတ္ ဗိုင္းရပ္စ္ ဝင္လာတဲ့ အခါက်ရင္ ေရာဂါရတယ္။ ေနာက္ တခုကလည္း ဒီခရိုမုိစုန္း ကေလးေတြကေန၊ မ်က္လံုးေမွးတယ္၊ ဆံပင္နက္တယ္၊ ဆံပင္ ေရႊေရာင္ရွိတယ္။ အရပ္ရွည္တယ္။ အရပ္ပုတယ္။ ေနာက္ေမြးကတည္းက ဗီဇ မေကာင္းဘူး။ဗီဇ ေကာင္းတယ္ ဆိုတာက ဒါကေန ဆံုးျဖတ္သြားတာပါ။

gene editing ဆိုတာက ဘာလဲ ဆိုေတာ့ ဗီဇ တည္းျဖတ္တာ ေပါ့ေနာ္။ တည္းျဖတ္တယ္ ဆိုတာ တကယ့္တည္းျဖတ္တဲ့ အတိုင္းပဲ သူ႔ကို ေမာ္လီက်ဴး ကပ္ေက်း - molecular scissors - အျပင္ကေနၿပီး ေမာ္လီက်ဴး အရြယ္ရွိတဲ့ RNA လို ေမာ္လီက်ဴး အစုေလးကို ထည့္ေပးလိုက္ၿပီးေတာ့ သူနဲ႔ ကိုက္တဲ့ ေနရာမွာ သြားၿပီးေတာ့ ျဖတ္ခိုင္းလိုက္တာ။ အဲဒါ gene editing တည္းျဖတ္တယ္ဆိုတာပါ။ ၿပီးေတာ့မွ အျပင္ကေနၿပီးေတာ့မွ မေကာင္းတဲ့ ဗီဇ ပါတဲ့ DNA ကိုဖယ္၊ ၿပီးေတာ့ ေကာင္းတဲ့ဟာ ဒါမွမဟုတ္ မ်ိဳး မတူတဲ့ဟာကို ျပန္ၿပီးေတာ့ ထည့္ေပးလိုက္လို႔ ရွိရင္ သူ႔ အလိုလို ျပန္တြဲၿပီးေတာ့ ေမာ္လီက်ဴး chain ေလး အဲဒါ DNA အသစ္ကေလး ျပန္ျဖစ္သြားတယ္။ အဲဒီလို အသစ္ကေလး ျပန္ျဖစ္သြားတာနဲ႔ ေရာဂါကုသြားလို႔ရတယ္။ မ်ိဳးရိုးကို ေျပာင္းပစ္လိုက္လို႔ ရတယ္။ အဲဒါနဲ႔ ပတ္သက္တာကို ႏိုဘဲလ္ဆု ေပးတာပါ။”

ေမး။. ။“၂၀ ရာစု အစပိုင္းကတည္းက ေတြ႔ရွိခဲ့တဲ့ gene editing လုပ္နည္းနဲ႔ အခု သူတုိ႔ေတြ႔တဲ့ နည္း ဘာကြာပါသလဲ။

ေဒါက္တာပေဒသာတင္။. ။“သူတို႔ ဒါကို ၂၀၁၄ ခုႏွစ္မွာ စေတြ႔တာပါ။ ဒီ ဗီဇ gene တည္းျဖတ္တာကို သုေတသနလုပ္တာက ၁၉ ၉ ၀ လြန္ခဲ့တဲ့ ၂၀ ရာစုေလာက္ကတည္းက စလုပ္ေနၿပီ။ ဒါေပမယ့္ အဲဒီတုန္းက လုပ္ရတာ ခဲယဥ္းတယ္။ အတိအက် မရဘူး။ အတိအက် မရတဲ့ အတြက္ ကိုယ္လိုခ်င္တဲ့၊ ဗီဇ မ်ိဳးရိုး၊ ေမာ္လီက်ဴးအတန္ူေလးကို ထည့္လိုက္ေပမယ့္ သူက ေရာက္ခ်င္တဲ့ ေနရာ ေရာက္တယ္။ အဲလိုဆိုေတာ့ အခ်ိဳးမက်ဘူး။ လိုခ်င္တဲ့ အေျဖ ခ်က္ခ်င္း မရဘူး။ ေနာက္တခုက အဲဒီလိုမ်ိဳး ဗီဇကို တည္းျဖတ္ဖို႔ အတြက္ ပိုက္ဆံသိပ္ကုန္တယ္။ အရင္တုန္းကဆို ဗီဇဆဲလ္ေလး တခု ရဖုိ႔ ေထာင္နဲ႔ခ်ီၿပီး ကုန္ပါတယ္။ ေနာက္ သုေတသနလုပ္တဲ့ ဓါတ္ခြဲခန္း ေတြမွာပဲ လုပ္ရတယ္။

သူတို႔ထြင္လိုက္တဲ့ဟာက ဘယ္ေလာက္ ျမန္သြားသလဲ ဆိုေတာ့ နာရီပိုင္း အတြင္းမွာ မ်ိဳးရိုးဗီဇ အသစ္ကေလးကို ကိုယ့္ဟာကိုယ္ ဖန္တီးယူလို႔ရတယ္။ ေျပာင္းခ်င္တဲ့ ဗီဇကို အျပင္မွာ ေမြးယူၿပီးေတာ့ DNA ထဲကို အျမန္ဆံုး ထည့္လို႔ရေအာင္ လုပ္ေပးလို႔ ရတယ္။ ကိုယ္လိုခ်င္တဲ့ ဗီဇကိုလည္း ရွာၿပီးေတာ့ အျမန္ဆံုး တြဲေပးလို႔ရေအာင္ သူတို႔က နည္းသစ္ ထြင္လိုက္တာ။ သူတုိ႔ထြင္တာက သဘာဝ ကေနၿပီးေတာ့ အျပင္က ဝင္လာတဲ့ ဗိုင္းရပ္စ္ေတြကို ဘယ္လိုခုခံ ကာကြယ္မလဲ ဆိုတာ သဘာဝက ရွိၿပီးသား။ အဲဒီ သဘာဝ ပံုုစံ အတိုင္း ရေအာင္ သူက အဲဒီနည္းကိုယူၿပီးေတာ့ သဘာဝ အတိုင္း ျဖစ္ေအာင္ လုပ္ေပးလိုက္ၿပီးေတာ့ ကိုယ္လိုခ်င္တဲ့ ဆဲလ္ပံုစံကို DNA ကို သူက ထည့္ေပးလိုက္တာ။ အဲဒီအခါ သူက အတြဲလိုက္ႀကီး ခ်က္ခ်င္း သြားၿပီးေတာ့ ျဖတ္လည္းျဖတ္၊ ကပ္လည္းကပ္ ဆိုေတာ့ အျမန္ဆံုးေပါ့ သူတုိ႔ ျပင္လို႔ ရသြားတာပါ။

ေမး။. ။“သူတို႔ရွာေဖြေတြ႔ရွိတဲ့ နည္းဟာ လူသားေတြ အတြက္ အက်ိဳးသိပ္ရွိေပမယ့္ မွားယြင္းစြာ အသံုးခ်ရင္ေတာ့ အႏၱရာယ္က သိပ္ႀကီးပါတယ္။

ေဒါက္တာပေဒသာတင္။. ။“ဘာျပႆနာ ေပၚလာလည္း ဆိုေတာ့ မ်ိဳးရိုးဗီဇ သေႏၶသားကိုပါ ေျပာင္းလို႔ ရတယ္။ gene tharapy တင္မဟုတ္ေတာ့ဘူး။ gene editing ကေန genetic code ႀကီး ေပါ့ေနာ္။ လူေတြရဲ့ မ်ိဳးရိုးဗီဇကို ေျပာင္းလို႔ရတဲ့ အတြက္ သူတို႔က ဒီဟာကို စေတြ႔ေတြ႔ခ်င္းမွာ သူတုိ႔ ၂ ဦးက ေဆးပညာရွင္ေတြ၊ ႏိုဘဲလ္သိပၸံပညာရွင္ေတြကို သူတုိ႔က အျမန္ဆံုးသြားၿပီးေတာ့ အေၾကာင္းၾကားတယ္။ က်မတို႔ ၂ ေယာက္ေတာ့ ဒါေတြ႔ၿပီ။ ေတြ႔တဲ့ အခါက်ေတာ့ လူသားကို အက်ိဳးျပဳဖုိ႔ အတြက္ကေတာ့ အမ်ားႀကီးပဲ။ ဒါေပမဲ့ ဒါကို မေကာင္းတဲ့ သူက အသံုးခ်လိုက္ၿပီး မ်ိဳးရိုးစိတ္တမ်ိဳး လူေတြမွာ လုပ္လိုက္လို႔ ရွိရင္ - gene တည္းျဖတ္တဲ့ ဟာနဲ႔ထည့္ၿပီး သေႏၶသားကို ေမြးလိုက္လို႔ရွိရင္လည္း ရၿပီ။ အဲဒါအတြက္ကို regulate လုပ္ေပးပါ ဆိုၿပီး အျမန္ဆံုး အေၾကာင္းၾကားရပါတယ္။ တခါတည္း တကမာၻလံုးကို သိမ့္သိမ့္ လႈပ္သြား ႏုိင္ေလာင္ေအာင္ေပါ့ေနာ္၊ မ်ိဳးရိုးဗီဇကို ေျပာင္းလို႔ရႏိုင္တဲ့ နည္းသစ္ကို ထြင္လိုက္တဲ့ဟာ၊ ျမန္လည္ျမန္တယ္။ အခုဆို အျပင္မွာကို ဝယ္လို႔ရၿပီ။ အဲဒီေတာ့ လူေတူြက အကုန္လံုး သံုးၾကၿပီ။”

ေမး။. ။“ဘယ္လိုေနရာမ်ိဳးေတြမွာ အသံုးက်လည္း ေျပာျပေပးပါ။”

ေဒါက္တာပေဒသာတင္။. ။“ဗီဇကို တည္းျဖတ္ႏိုင္တဲ့ဟာ ေပါ့ေနာ္။ ဒီဆဲလ္ေတြထဲမွာ ရွိတဲ့ ဗီဇကိုတည္းျဖတ္ ႏိုင္တဲ့ဟာက သိပ္ျမန္ၿပီးေတာ့ သိပ္ၿပီးထိထိေရာက္ေရာက္ လုပ္ႏုိင္တဲ့အတြက္ အသံုးခ်လုိ႔ရတာက အမ်ားႀကီးပါပဲ။”

ေဒါက္တာပေဒသာတင္ပါ။ ေနာက္တပတ္မွာေတာ့ သူတုိ႔ ၂ ဦး ရွာေဖြေတြ႔ရွိခဲ့တဲ့ နည္းသစ္ကို ဘယ္ေနရာ ေတြမွာအသံုးခ်ႏုိင္တယ္ ဆိုတာကို ဆက္ၿပီးေျပာျပေပးပါမယ္ဆိုတာ တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸြံနဲ႔ နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

(Unicode)

သက်ရှိတွေရဲ့ မျိုးဗီဇ DNA ကို ကိုယ်လိုချင်တဲ့ နေရာအစိတ်အပိုင်းမှာ ပြောင်းလဲပေးနိုင်ဖို့ တိတိကျကျ ဖြတ်တောက်နိုင်တဲ့

မျိုးဗီဇကပ်ကျေး လို့ခေါ်တဲ့ Crispr-Cas9 "genetic scissors" ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အမျိးသမီးသိပ္ပံပညာရှင် ၂ ဦးကို ၂၀၂၀ အတွက် ဓါတုဗေဒ နိုဘယ်ဆု ပူးတွဲ ပေးအပ်ခဲ့ ပါတယ်။

သူတို့ဟာ သိပ္ပံဆိုင်ရာမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်တဲ့ မျိုးဗီဇတည်းဖြတ်တဲ့ gene editing နည်းသစ်ကို ရှာဖွေတွေ့ရှိတာလို့ နာဆာ သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။

ဒေါက်တာပဒေသာတင်။. ။“ကယ်လီဖိုးနီးယား တက္ကသိုလ် Berkeley က (Howard Hughes Medical Institute) က ပါမောက္ခ Jennifer Doudna ရယ် ပြင်သစ်နိုင်ငံသူ ဖြစ်တဲ့ ဂျာမဏီက (Max Planck Unit for the Science of Pathogens ) ရောဂါဗေဒဌာနက သုတေသနပညာရှင် ဒေါက်တာ Emmanuelle Charpentier သူတို့ ၂ ယောက်တွဲပြီး gene editing ဆိုတဲ့ မျိုးဗီဇ နဲ့ပတ်သက်တဲ့ ဓါတုဗေဒ နိုဘဲလ်ဆု ရတာဖြစ်ပါတယ်။”

မေး။. ။“gene editing ဆိုတာ ဘာလဲပြောပြပေးပါ။”

ဒေါက်တာပဒေသာတင်။. ။“ကျနော်တို့ ကိုယ်ခန္ဓာထဲမှာ ဖွဲ့စည်းထားတဲ့ ကလပ်စည်း ဆဲလ်တွေက သန်း ထောင်ပေါင်း မရေမတွက်နိုင်အောင် များစွာ ရှိပါတယ်။ ဆဲလ် တွေမှာ မော်လီကျူးး အတန်းလေးပါလာတယ်။ အဲဒါကို DNA လို့ခေါ်ပါတယ်။ deoxyribonucleic acid ။ အဲဒါကို Francis Crick နဲ့ James Watson တို့က ၁၉ ၆၀ လောက်မှာ စတွေ့တာပါ။ ဒီပုံစံလေးက။ သူ့ပုံစံလေးက ဘာနဲ့ သွားတူ သလဲ ဆိုတော့ ထန်းတက်တဲ့ လှေကားလို ပေါ့နော်။ လက်ရမ်းမပါတဲ့ လှေကားလေးနဲ့ တူတယ်။ ဘေးမှာက ဘာလဲ ဆိုတော့ နိုက်ထရိုဂျင် မော်လီကျူး ပါတယ်။ အဲဒီ ၂ ခုကို အလယ်မှာ တွဲထားတယ်။ အဲဒီ လှေကားပုံလေးကို လိမ်လိုက်ရင် သူ့ပုံစံက double helix လို့ခေါ်တယ်။ ၂ ပင်လိမ်နေတဲ့ အနေထား။ အဲဒီလို လိမ်လိုက်တဲ့ ပုံစံလေး အတိုင်း ဒီဆဲလ်လေးတွေက ဖွဲ့စည်း ထားတာပါ။ ဒီ ဆဲလ် ထဲမှာ DNA chromosome တွေက ရှိပါတယ်။ အဲဒီ ခရိုမိုစုန်း ကလေးတွေက ချို့ယွင်းသွားတယ်။ ပျက်စီးသွားတယ် ဆိုလို့ရှိရင် ဒါမှမဟုတ် ဗိုင်းရပ်စ် ဝင်လာတဲ့ အခါကျရင် ရောဂါရတယ်။ နောက် တခုကလည်း ဒီခရိုမိုစုန်း ကလေးတွေကနေ၊ မျက်လုံးမှေးတယ်၊ ဆံပင်နက်တယ်၊ ဆံပင် ရွှေရောင်ရှိတယ်။ အရပ်ရှည်တယ်။ အရပ်ပုတယ်။ နောက် မွေးကတည်းက ဗီဇ မကောင်းဘူး။ဗီဇ ကောင်းတယ် ဆိုတာက ဒါကနေ ဆုံးဖြတ်သွားတာပါ။

gene editingဆိုတာက ဘာလဲ ဆိုတော့ ဗီဇ တည်းဖြတ်တာ ပေါ့နော်။ တည်းဖြတ်တယ် ဆိုတာ တကယ့်တည်းဖြတ်တဲ့ အတိုင်းပဲ သူ့ကို မော်လီကျူး ကပ်ကျေး - molecular scissors - အပြင်ကနေပြီး မော်လီကျူး အရွယ်ရှိတဲ့ RNA လို မော်လီကျူး အစုလေးကို ထည့်ပေးလိုက်ပြီးတော့ သူနဲ့ ကိုက်တဲ့ နေရာမှာ သွားပြီးတော့ ဖြတ်ခိုင်းလိုက်တာ။ အဲဒါ gene editing တည်းဖြတ်တယ်ဆိုတာပါ။ ပြီးတော့မှ အပြင်ကနေပြီးတော့မှ မကောင်းတဲ့ ဗီဇ ပါတဲ့ DNA ကိုဖယ်၊ ပြီးတော့ ကောင်းတဲ့ဟာ ဒါမှမဟုတ် မျိုး မတူတဲ့ဟာကို ပြန်ပြီးတော့ ထည့်ပေးလိုက်လို့ ရှိရင် သူ့ အလိုလို ပြန်တွဲပြီးတော့ မော်လီကျူး chain လေး အဲဒါ DNA အသစ်ကလေး ပြန်ဖြစ်သွားတယ်။ အဲဒီလို အသစ်ကလေး ပြန်ဖြစ်သွားတာနဲ့ ရောဂါကုသွားလို့ရတယ်။ မျိုးရိုးကို ပြောင်းပစ်လိုက်လို့ ရတယ်။ အဲဒါနဲ့ ပတ်သက်တာကို နိုဘဲလ်ဆု ပေးတာပါ။”

မေး။. ။“၂၀ ရာစု အစပိုင်းကတည်းက တွေ့ရှိခဲ့တဲ့ gene editing လုပ်နည်းနဲ့ အခု သူတို့တွေ့တဲ့ နည်း ဘာကွာပါသလဲ။

ဒေါက်တာပဒေသာတင်။. ။“သူတို့ ဒါကို ၂၀၁၄ ခုနှစ်မှာ စတွေ့တာပါ။ ဒီ ဗီဇ gene တည်းဖြတ်တာကို သုတေသနလုပ်တာက ၁၉ ၉ ၀ လွန်ခဲ့တဲ့ ၂၀ ရာစုလောက်ကတည်းက စလုပ်နေပြီ။ ဒါပေမယ့် အဲဒီတုန်းက လုပ်ရတာ ခဲယဉ်းတယ်။ အတိအကျ မရဘူး။ အတိအကျ မရတဲ့ အတွက် ကိုယ်လိုချင်တဲ့၊ ဗီဇ မျိုးရိုး၊ မော်လီကျူးအတန်ူလေးကို ထည့်လိုက်ပေမယ့် သူက ရောက်ချင်တဲ့ နေရာ ရောက်တယ်။ အဲလိုဆိုတော့ အချိုးမကျဘူး။ လိုချင်တဲ့ အဖြေ ချက်ချင်း မရဘူး။ နောက်တခုက အဲဒီလိုမျိုး ဗီဇကို တည်းဖြတ်ဖို့ အတွက် ပိုက်ဆံသိပ်ကုန်တယ်။ အရင်တုန်းကဆို ဗီဇဆဲလ်လေး တခု ရဖို့ ထောင်နဲ့ချီပြီး ကုန်ပါတယ်။ နောက် သုတေသနလုပ်တဲ့ ဓါတ်ခွဲခန်း တွေမှာပဲ လုပ်ရတယ်။

သူတို့ထွင်လိုက်တဲ့ဟာက ဘယ်လောက် မြန်သွားသလဲ ဆိုတော့ နာရီပိုင်း အတွင်းမှာ မျိုးရိုးဗီဇ အသစ်ကလေးကို ကိုယ့်ဟာကိုယ် ဖန်တီးယူလို့ရတယ်။ ပြောင်းချင်တဲ့ ဗီဇကို အပြင်မှာ မွေးယူပြီးတော့ DNA ထဲကို အမြန်ဆုံး ထည့်လို့ရအောင် လုပ်ပေးလို့ ရတယ်။ ကိုယ်လိုချင်တဲ့ ဗီဇကိုလည်း ရှာပြီးတော့ အမြန်ဆုံး တွဲပေးလို့ရအောင် သူတို့က နည်းသစ် ထွင်လိုက်တာ။ သူတို့ထွင်တာက သဘာဝ ကနေပြီးတော့ အပြင်က ဝင်လာတဲ့ ဗိုင်းရပ်စ်တွေကို ဘယ်လိုခုခံ ကာကွယ်မလဲ ဆိုတာ သဘာဝက ရှိပြီးသား။ အဲဒီ သဘာဝ ပုံစံ အတိုင်း ရအောင် သူက အဲဒီနည်းကိုယူပြီးတော့ သဘာဝ အတိုင်း ဖြစ်အောင် လုပ်ပေးလိုက်ပြီးတော့ ကိုယ်လိုချင်တဲ့ ဆဲလ်ပုံစံကို DNA ကို သူက ထည့်ပေးလိုက်တာ။ အဲဒီအခါ သူက အတွဲလိုက်ကြီး ချက်ချင်း သွားပြီးတော့ ဖြတ်လည်းဖြတ်၊ ကပ်လည်းကပ် ဆိုတော့ အမြန်ဆုံးပေါ့ သူတို့ ပြင်လို့ ရသွားတာပါ။

မေး။. ။“သူတို့ရှာဖွေတွေ့ရှိတဲ့ နည်းဟာ လူသားတွေ အတွက် အကျိုးသိပ်ရှိပေမယ့် မှားယွင်းစွာ အသုံးချရင်တော့ အန္တရာယ်က သိပ်ကြီးပါတယ်။

ဒေါက်တာပဒေသာတင်။. ။“ဘာပြဿနာ ပေါ်လာလည်း ဆိုတော့ မျိုးရိုးဗီဇ သန္ဓေသားကိုပါ ပြောင်းလို့ ရတယ်။ gene tharapy တင်မဟုတ်တော့ဘူး။ gene editing ကနေ genetic code ကြီး ပေါ့နော်။ လူတွေရဲ့ မျိုးရိုးဗီဇကို ပြောင်းလို့ရတဲ့ အတွက် သူတို့က ဒီဟာကို စတွေ့တွေ့ချင်းမှာ သူတို့ ၂ ဦးက ဆေးပညာရှင်တွေ၊ နိုဘဲလ်သိပ္ပံပညာရှင်တွေကို သူတို့က အမြန်ဆုံးသွားပြီးတော့ အကြောင်းကြားတယ်။ ကျမတို့ ၂ ယောက်တော့ ဒါတွေ့ပြီ။ တွေ့တဲ့ အခါကျတော့ လူသားကို အကျိုးပြုဖို့ အတွက်ကတော့ အများကြီးပဲ။ ဒါပေမဲ့ ဒါကို မကောင်းတဲ့ သူက အသုံးချလိုက်ပြီး မျိုးရိုးစိတ်တမျိုး လူတွေမှာ လုပ်လိုက်လို့ ရှိရင် - gene တည်းဖြတ်တဲ့ ဟာနဲ့ထည့်ပြီး သန္ဓေသားကို မွေးလိုက်လို့ရှိရင်လည်း ရပြီ။ အဲဒါအတွက်ကို regulate လုပ်ပေးပါ ဆိုပြီး အမြန်ဆုံး အကြောင်းကြားရပါတယ်။ တခါတည်း တကမ္ဘာလုံးကို သိမ့်သိမ့် လှုပ်သွား နိုင်လောင်အောင်ပေါ့နော်၊ မျိုးရိုးဗီဇကို ပြောင်းလို့ရနိုင်တဲ့ နည်းသစ်ကို ထွင်လိုက်တဲ့ဟာ၊ မြန်လည်မြန်တယ်။ အခုဆို အပြင်မှာကို ဝယ်လို့ရပြီ။ အဲဒီတော့ လူတေူွက အကုန်လုံး သုံးကြပြီ။”

မေး။. ။“ဘယ်လိုနေရာမျိုးတွေမှာ အသုံးကျလည်း ပြောပြပေးပါ။”

ဒေါက်တာပဒေသာတင်။. ။“ဗီဇကို တည်းဖြတ်နိုင်တဲ့ဟာ ပေါ့နော်။ ဒီဆဲလ်တွေထဲမှာ ရှိတဲ့ ဗီဇကိုတည်းဖြတ် နိုင်တဲ့ဟာက သိပ်မြန်ပြီးတော့ သိပ်ပြီးထိထိရောက်ရောက် လုပ်နိုင်တဲ့အတွက် အသုံးချလို့ရတာက အများကြီးပါပဲ။”

ဒေါက်တာပဒေသာတင်ပါ။ နောက်တပတ်မှာတော့ သူတို့ ၂ ဦး ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းသစ်ကို ဘယ်နေရာ တွေမှာအသုံးချနိုင်တယ် ဆိုတာကို ဆက်ပြီးပြောပြပေးပါမယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပွံနဲ့ နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG