သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ အာကာသစူးစမ်းရေး အောင်မြင်မှု (အပိုင်း-၂)


Japan Aerospace Exploration Agency's (JAXA) staff carry a case containing Hayabusa2's capsule with extensive samples of an asteroid as it arrives at JAXA Sagamihara Campus in Sagamihara in this photo taken by Kyodo, Dec. 8, 2020.
Japan Aerospace Exploration Agency's (JAXA) staff carry a case containing Hayabusa2's capsule with extensive samples of an asteroid as it arrives at JAXA Sagamihara Campus in Sagamihara in this photo taken by Kyodo, Dec. 8, 2020.

၂၀၂၀ မှာ နေရဲ့ လေထု အပူချိန်ဘာကြောင့် သိပ်များနေတယ်ဆိုတာကို လေ့လာနိုင်တဲ့အပြင် သောကြာဂြိုဟ်မှာ သက်ရှိတွေ ရှိနိုင်ခြေ နဲ့ ဥက္ကာပျံစူးစမ်းရေးတွေ လုပ်နိုင်ခဲ့တဲ့အကြောင်း နာဆာသိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ပြောပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


Zawgyi/Unicode

(Zawgyi)

၂၀၂၀ မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နှောင့်နှေးမှုတွေကြုံရပေမယ့် အချိန်နဲ့ကိုက်ပြီး ဆောင်ရွက်ရတဲ့သုတေသနလုပ်ငန်းတွေကတော့ ရပ်ထားလို့မရပဲ ဆက်လုပ်ခဲ့ရတာ ဖြစ်ပြီး အဲဒီအထဲမှာ အောင်မြင်မှုအများအပြား ရခဲ့တာကတော့ အာကာသဆိုင်ရာ သုတေသနတွေ ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ အင်္ဂါဂြိုဟ် စူးစမ်းရေးအတွက် ရဟတ်ယာဉ်တစင်းနဲ့ ဂြိုဟ်ပေါ်သွားစက်ရုပ် လွှတ်တင်နိုင်တဲ့ အောင်မြင်မှု နဲ့ အတူ မိုးလေဝဿနဲ့ ဆက်သွယ်ရေး ဂြိုဟ်တု ဆိုင်ရာနည်းပညာ အောင်မြင်မှုတွေ အကြောင်း တင်ပြခဲ့ပြီးပါပြီ။ နောက် အောင်မြင်မှုတခု ကတော့သောကြာဂြိုဟ် စူးစမ်းရေးကနေ ထူးခြားတဲ့ တွေ့ရှိချက်တွေ ရခဲ့တာပါ။ ဒါ့အပြင် တနာရီကို မိုင်ပေါင်း သိန်းနဲ့ချီပျံသန်းနေတဲ့ ဥက္ကာပျံတွေပေါ် အရောက် သွားလေ့လာနိုင်ခဲ့သလို နေအနားကို အရောက်သွားပြီး

နေရဲ့ လေထုအပူချိန်ဘာကြောင့် အရမ်းများနေရတယ်၊ သံလိုက်မုန်တိုင်း solar flare နဲ့ သူ့ရဲ့သက်ရောက်မှု တွေဘယ်လို ဆိုတာကိုပါ ၂၀၂၀ မှာ သုတေသန လုပ်နိုင်ခဲ့ကြတယ်လို့ နာဆာ သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်က ပြောပါတယ်။

ဒေါက်တာပဒေသာတင်။. ။ “နေရဲ့ မျက်နှာပြင်မှာ အပူချိန်က စင်တီဂရိတ်နဲ့ဆို ၆၀၀၀ ပဲ ရှိတယ်။ ဒါပေမယ့် နေရဲ့လေထု အပူချိန်က စင်တီဂရိတ် ၄ သန်းရှိတယ်။ အဲဒီတော့ နေရဲ့ မျက်နှာပြင်မှာ မပူပဲနဲ့ ဘာကြောင့် အပေါ်မှာ ပူသလဲ ဆိုတာကို သုတေသနပညာရှင်တွေက သိချင်ကြတယ်။ အဲဒီတော့ နေဆီကို အမေရိကန်နိုင်ငံက လွှတ်လိုက်တဲ့ ဂြိုဟ်တု တခုက နေအနားကို မိုင် ၄ - ၅ သန်း လောက်အတွင်း ရောက်အောင် ကပ်သွားပြီး နေရဲ့ corona ကို ဓါတ်ပုံရိုက်ပြီး နေမျက်နှာပြင်ရဲ့ အပေါ် နေရဲ့လေထု အပူချိန်က ဘာကြောင့် အရမ်းများနေသလဲ ဆိုတာကို သုတေသန လုပ်ပါတယ်။”

မေး။. “ဒီသုတေသနအတွက် နေကို ဓါတ်ပုံရိုက်ဖို့ ဘယ်လိုအခက်ခဲတွေကို ကျော်ဖြတ်ရပါသလဲ”

ဒေါက်တာပဒေသာတင်။. ၊“ ဒီနေမျက်နှာပြင်မှာ ထွက်နေတဲ့ solar storm လို့ခေါ်ပါတယ်။ အဲဒီဟာကို ဓါတ်ပုံရိုက်တဲ့ဟာက ဘယ်အချိန်မှာပဲ ရိုက်လို့ရသလဲ ဆိုတော့ နေကြပ်မှပဲ ရိုက်လို့ရတယ်။ နေကြပ်တာကလည်း ခဏပဲ ဆိုတော့ သုတေသန လုပ်ဖို့က မိနစ်တောင် မရှိဘူး။ ဒါ့ကြောင့် နေဆီကို ဂြိုဟ်တု ပစ်တင်လိုက်တာပါ။ သူက နေနဲ့အနီးဆုံးကို သွားပြီး နေကို ဂြိုဟ်တုမှာရှိတဲ့ ကင်မရာကနေပြီးတော့မှ ဂြိုဟ်တုရဲ့ကင်မရာကနေ နေကို ရှေ့ကနေဖုံးပစ်လိုက်တယ်။ ဖုံးပြီးတော့မှ နေရဲ့ ဘေးပတ်ဝန်းကျင် - ပုံရိပ်ရဲ့ ဘေးဝန်းကျင် နေမျက်နှာပြင်ရဲ့ အပေါ်က solar storm တွေကို ရိုက်လိုက်တယ်။ အဲဒီအခါမှာ နေမှာ မျက်နှာပြင် အထက်မှာ ဘာလို့ ပိုပူရတယ် ဆိုတာကို သိရတယ်။ အဲဒီမျက်နှာပြင်ကနေ ထုတ်လိုက်တဲ့ ဓါတ်ငွေ့တွေ ပေါ့နော်။ သဘောက ဟိုက်ဒရိုဂျင်တို့၊ ဟီလီယံတို့။ အဲဒါတွေ ပေါက်ကွဲတဲ့ အခါမှာ သူက ion ဖြစ်သွားတယ်။ ဆိုလိုတာက သူက အနုမြူ မဟုတ်တော့ပဲနဲ့ အနုမြူရဲ့ အစိတ်အပိုင်း ဖြစ်သွားတယ်။ ကွဲသွားတယ် ပေါ့နော်။ plasma ပေါ့နော်။ ကွဲသွားတဲ့ အတွက်၊ ဒီ plasma ကြီး ဖြစ်သွားတဲ့အတွက်။ ဒီ plasma ရဲ့ အပူချိန်က အရမ်းမြင့်တယ်။ အဲဒီလို ကွဲသွားလို့ရှိရင် အနုမြူဖြစ်လို့ရှိရင် သူက ပရိုတွန်နဲ့ နျူထရွန် ဖြစ်တဲ့အတွက်သူ့မှာ လ ျှပ်စစ်ဓါတ် မရှိဘူး။ ကွဲသွားတဲ့ အခါကျတော့ သူက လ ျှပ်စ်ဓါတ် ဖြစ်သွားပြီ။ သူက အဖိုအမ ကွဲသွားတာကိုး။ အဲဒီအခါမှာ အမ လ ျှပ်စစ် တွေက ဒီလို လွင့်စင်သွားတဲ့ အခါကျလို့ရှိရင် သံလိုက်မုန်တိုင်းတွေ ဖြစ်တာ။ အဲဒါကြောင့် solar flare ဖြစ်လို့ရှိရင် သံလိုက်မုန်တိုင်းတွေ ဖြစ်တာ။ အဲဒါကြောင့် solar flare ဖြစ်လို့ရှိရင် ကမ္ဘာပေါ်မှာ ရေဒီယိုတွေ စက်တလိုက်ဆက်သွယ်မှုတွေ satellite communication ပျက်ကုန်တာ ခဏပျက်ကုန်တာ ဘာကြောင့်လည်း ဆိုတာကို သူတို့ ဒီနှစ်ထဲမှာ သေသေချာချာ ပိုသိလာပါတယ်။

မေး။. ။“သောကြာဂြိုဟ် စူးစမ်းရေးမှာ တွေ့ရှိချက် အသစ်တွေက ဘာတွေပါလဲ”

ဒေါက်တာပဒေသာတင်။. ။“သောကြာဂြိုဟ်ပေါ်မှာက ကမ္ဘာပေါ်မှာလို အသက်ရှုလို့ရတဲ့ လေထုမရှိပါဘူး။ သောကြာဂြိုဟ်ရဲ့ လေထုကို ကြည့်ရင် သောကြာဂြိုဟ်ရဲ့ အပူချိန်က ဒီဂရီ ၃၀၀ လောက် ရှိတယ်။ စင်တီဂရိတ် ၃၀၀ လောက်ရှိတယ်။ သောကြာဂြိုဟ်ကို လွှမ်းထားတဲ့ သူ့ရဲ့လေထုထဲမှာက ဆာလ်ဖျူရစ် အက်စစ်က အများဆုံးပါ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေ ဒီနှစ်ထဲ တိုင်းတဲ့အခါ ဘာသွားတွေ့လဲဆိုတော့ PH3 လို့ခေါ်တဲ့ ဖေါ့စဖရပ်စ်နဲ့ ဟိုက်ဒရိုဂျင်တွဲထားတဲ့ မော်လီကျူးတမျိုး ကို တွေ့ရပါတယ်။ အဲဒါ အမိုးနီးယား လိုဟာပါ။ သူကနေ ဘာကို ပြောနိုင်လဲဆိုတော့၊ သောကြာဂြိုဟ်ပေါ်မှာ ဒါကို သွားတွေ့တဲ့အတွက် သောကြာဂြိုဟ်ပေါ်မှာများ သက်ရှိသတ္တဝါ ရှိနိုင်သလား ဆိုတာကို စပြီး လေ့လာဖို့ အစပျိုးတဲ့ အချက်ရတာပေါ့နော်။

ဘာကြောင့်လည်းဆိုတော့ ဒီ PH3 ဆိုတာမျိုးဟာ ကမ္ဘာပေါ်မှာ ရှိပါတယ်။ သူတို့က ဘက်တီးရီးယားး တမျိုးပါ။ ဒီဘက်တီးရီးယားက ကျနော်တို့ လူသားဆိုအောက်ဆီဂျင် ရှိမှ အသက်ရှင်သလို ဒီ PH3 ကို သုံးပြီး အသက်ရှင်နေတဲ့ ဘက်တီးရီးယားကျတော့ သူက အောက်ဆီဂျင် မလိုပဲနဲ့ အသက်ရှိတဲ့ပုံစံ တမျိုးနဲ့ နေပါတယ်။ အဲဒါမျိုးကို တိုင်းလို့ရတဲ့အတွက် သောကြာဂြိုဟ်ပေါ်မှာ သက်ရှိသတ္တဝါနဲ့ ပတ်သက်ပြီး လေ့လာဖို့ အခွင့်အလန်း စတွေ့ခဲ့ပါတယ်။

မေး။. ။“သက်ရှိသတ္တဝါတွေနဲ့ ပတ်သက်ပြီ နောက်လေ့လာမှု တခုက ဥက္ကာပျံတွေပေါ် ဆင်းပြီး နမူနာတွေ ယူနိုင်ခဲ့တာ ဖြစ်ပါတယ်”

ဒေါက်တာပဒေသာတင်။. ။“ဂျပန်နိုင်ငံက လွှတ်လိုက်တဲ့ ဒုံးပျံရယ်၊ အမေရိကန်နဲ့ ဥရောပက လွှတ်တဲ့ ဒုံးပျံတွေရယ်၊ သူတို့က ဥက္ကာပျံတွေ ပေါ်ကို ဆင်းကြပါတယ်။ ကျနော်တို့ နေစင်္ကြာဝဌာ အတွင်းမှာ ဥက္ကာပျံတွေက သောင်းနဲ့ သိန်းနဲ့ချီရှိပါတယ်။ အဲဒီထဲမှာမှ အကောင်းဆုံး ဥက္ကာပျံကို ရွေးရပါတယ်။ ရွေးရတဲ့ သဘောက ဘာလဲ ဆိုတော့ ဥက္ကာပျံက သိပ်သေးနေရင်လည်း ဆင်းလို့ မရပါဘူး။ သိပ်ကြီးနေရင်လည်း ဆင်းလို့မရဘူး။ ကမ္ဘာနဲ့ သိပ်ဝေးနေရင်လည်း မရဘူး။ အခုဟာကတော့ ဒီဒုံးပျံနဲ့ ဥက္ကာပျံက တနာရီကို မိုင် သိန်းနဲ့ချီ ပြီးသွားနေတဲ့ ပျံနေတဲ့ အပေါ်ကို ရအောင်ဆင်း၊ ဆင်းပြီးတော့ ဒီဥက္ကာပျံမှာ ရှိတဲ့ အစိုင်အခဲ၊ ဓါတ်ငွေ့ဘာညာကို သိမ်းပြီးတော့မှ ကမ္ဘာကိုပြန်ယူလာတာ။”

မေး။ ။“ဘာကြောင့် ဥက္ကာပျံတွေကို လေ့လာဖို့ လုပ်တာပါလဲ”

ဒေါက်တာပဒေသာတင်။. ။“ ကျနော်တို့ ကမ္ဘာမှာ ရှိတဲ့ သက်ရှိသတ္တဝါတွေ ဘယ်ကနေ ပေါ်လာတာလဲ။ တခုရှိတာက တခုဖြစ်နိုင်တာက ဥက္ကာပျံတွေ ကမ္ဘာကို ဝင်တိုက်တဲ့ အခါကျရင် ဒီဥက္ကာပျံတွေကများ သက်ရှိတွေကို သယ်လာနိုင်တဲ့ probability ဖြစ်နိုင်ခြေ ရှိသလား ဆိုပြီး သိပ္ပံပညာရှင်တွေ တွက်ထားတာ တခုရှိပါတယ်။ ဒါဟုတ်မဟုတ် သိရအောင် ဥက္ကာပျံတွေ ကမ္ဘာကို ဝင်မတိုက်ခင် အဲဒီ ဥက္ကာပျံတွေပေါ်မှာ သက်ရှိတွေများ ရှိနေသလား။ ဥက္ကာပျံတွေကို ဘယ်လို ပုံစံမျိုါ်နဲ့ ဘယ်လို ဓါတ်သဘာဝမျိုးနဲ့ ဖွဲ့စည်းထားသလဲ ဆိုတာကို သိပ်သိချင်ပါတယ်။ ဒါကို လေ့လာရင်း ဥက္ကာပျံတွေကနေ တဆင့် သက်ရှိတွေ ကမ္ဘာပေါ်ကို ရောက်လာသလား ဆိုတာကို အဖြေပေးနိုင်ဖို့ သုတေသန လုပ်ကြတာ ဖြစ်ပါတယ်။”

ဒေါက်တာပဒေသာတင်ပါ။

(Unicode)









မေး။. ။“သကျရှိသတ်တဝါတှနေဲ့ ပတျသကျပွီ နောကျလေ့လာမှု တခုက ဥက်ကာပြံတှပေေါျ ဆငျးပွီး နမူနာတှေ ယူနိုငျခဲ့တာ ဖွဈပါတယျ”


မေး။ ။“ဘာကွောင့ျ ဥက်ကာပြံတှကေို လေ့လာဖို့ လုပျတာပါလဲ”



XS
SM
MD
LG