သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် လေထုညစ်ညမ်းမှု


ရန်ကုန်လေထု ညစ်ညမ်းစေတဲ့ မီးစက်များ (ဓါတ်ပုံ ဒေါ်အေးအေးကြည်)
ရန်ကုန်လေထု ညစ်ညမ်းစေတဲ့ မီးစက်များ (ဓါတ်ပုံ ဒေါ်အေးအေးကြည်)

အိမ်နီးချင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ဟာ လေထုညစ်ညမ်းမှုနဲ့ နံမယ်ကြီးတဲ့ မြို့ကြီး တမြို့ပါ။ အာရှပစိဖိတ်ဒေသတွင်း ခေါင်းဆောင်တွေ စီးပွါးရေးပူးပေါင်းဆောင်ရွက်ဖို့ ထိပ်သီး အစည်းဝေးလာကြမယ် ဆိုတော့ တရုတ်အစိုးရက မီးခိုးမြူတွေ ဆိုင်းနေလေ့ရှိတဲ့ ကောင်းကင်ကို ကြည်လင်စေဖို့ စက်ရုံတွေ ပိတ်ခိုင်း၊ ကားအသွားအလာတွေ ကန့်သတ်ခိုင်းတဲ့အပြင် မြို့ဆင်ခြေဖုံး ဒေသတွေမှာ အအေးဒဏ်ကဲနေပေမယ့် ထင်းမီးမသုံးရလို့ ကန့်သတ်တာတွေနဲ့ ကွယ်လွန်သူတွေအတွက် ရည်စူးပြီး အဝတ်ထည်တွေ၊ ပစ္စည်းတွေ မီးရှို့တဲ့ ထုံးစံကိုပါ တားမြစ်ခဲ့တာပါ။

ဒါ့ကြောင့် လေထုညစ်ညမ်းမှုကို မျက်ဝါးထင်ထင် မြင်သာစေတဲ့ မီးခိုးမြူတွေ ဆိုင်စေတာဟာ လူသားတွေရဲ့ လုပ်ရပ် ဆိုတာ သိသာပါတယ်။ မြန်မာနိုင်ငံက လူဦးရေ အထူထပ်ဆုံး ရန်ကုန်မြို့မှာလည်း လေထုညစ်ညမ်းမှု ရှိနေပေမယ် တိကျတဲ့ တိုင်းတာမှုတွေ မလုပ်နိုင်သေးဘူးလို့ သဘာဝဝန်းကျင်ထိမ်းသိမ်းရေး အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။ ဒီလို တိုင်းတာမှုတွေ အတိအကျ မလုပ်နိုင်သေးပေမယ့် ရန်ကုန်မြို့မှာ လေထုညစ်ညမ်းမှု ရှိနေတာကို မြို့ခံတွေရဲ့ ကျန်းမာရေးနဲ့ တိုင်းတာ နိုင်တယ်လို့ ဆိုပါတယ်။

လေထုညစ်ညမ်းမှု တိုင်းတာနိုင်ဖို့ တိုင်းတာတဲ့ စခန်းတွေကို ပိုက်ကွန်ချသလို အင်နဲ့ အားနဲ့ တိုင်းတာရတာမို့ အခုအချိန်မှာ သေသေချာချာ မလုပ်နိုင်သေးပေမယ့် အခုကတည်းကစပြီး စီမံကိန်းချလုပ်လို့ ရတာတွေ အများကြီး ရှိနေတာပါ။ ဥပမာ လေထုညစ်ညမ်းမှု တိုင်းတာနိုင်ဖို့ ဇုံတွေ စခွဲဖို့လုပ်ရမှာဖြစ်သလို ပါမစ်ချပေးရမှာပါ။ ဒါ့အပြင် လေထုညစ်ညမ်းမှု ပေးနိုင်တဲ့ စီးပွါးရေးလုပ်မယ့် လုပ်ငန်းရှင်တွေကို ဘယ်လိုညစ်ညမ်းမှုပေးနိုင်တဲ့ ဓါတ်ပစ္စည်းတွေ ထုတ်ဖို့ ရှိတယ် ဆိုတာ သိရအောင် မှတ်ပုံတင်ခိုင်းရမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးပိုင်းအနေနဲ့ ဒီလုပ်ငန်းပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး ၂ ဘက် အဆင်ပြေစေမယ့် စည်းမျဉ်းတွေ ညှိနှိုင်း ရေးဆွဲပြီး လေထုညစ်ညမ်းမှုမရှိစေဖို့ ကြိုတင်ကာကွယ်ရမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG