သုံးရလွယ်ကူစေသည့် Link များ

ဘော်တွင်းမိုင်းကို ၁၈ရာစု အစောပိုင်း အင်းဝဘုရင် လက်ထက်ကတည်းက ငွေသတ္တုထုတ်ဖို့ တရုတ်မိုင်းလုပ်သား သောင်းနဲ့ချီ တူးဖေါ်နေကြပေမယ့် အခွန်ရှောင်ဖို့ ထောင်ဂဏန်းပဲပြပြီး တနှစ်ကို အခွန်အခအဖြစ် ပေါင် ၆၀၀လောက် ပေးတာနဲ့ ကျေနပ်ခဲ့ရတာပါ။ မင်းတုန်းဘုရင်နဲ့ သီပေါ ဘုရင်လက်ထက်မှာ တော့ မြန်မာ လုပ်သားတွေ လွှတ်ပြီး တူးဖေါ်စေပေမယ့် နည်းပညာ မကျွမ်းကျင်မှုကြောင့် လက်လျှော့ခဲ့ရပါတယ်။

၁၉ ရာစုမှာ Burma ကော်ပိုရေးရှင်း လီမိတက် ကနေ ဘော်တွင်းမိုင်းအတွက် အခုထိ အထင်ကရ ပြယုဂ် အဖြစ်ရှိနေစေတဲ့ အနက်ပေ ၂ထောင်နီးပါး ရှိတဲ့ ပင်မစိုက်ကျင်း shaft နဲ့ သတ္တုသယ်ပို့တဲ့ လှိုင်ခေါင်း အဆုံးဖြစ်တဲ့ ကျားခေါင်းစခန်းကို ဖွင့်နိုင်ခဲ့တယ်လို့ သတ္တုတွင်း အင်ဂျင်နီယာ ဦးစောမိုးမြင့်က ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တရာကျော်က ဘူမိဗေဒ ပညာရှင်လည်းဖြစ် သတ္တုတွင်း အင်ဂျင်နီယာလည်း ဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ ၃၁ ဆက်မြောက် သမ္မတ ဖြစ်လာမယ့် Herbert Hoover ကို ငွေ၊ ခဲ၊ သွပ် သတ္တု ဆိုင်ရာ ကျွမ်းကျင်သူ တဦးဖြစ်လာစေတာနဲ့ ကြွယ်ဝ ချမ်းသာလာစေတဲ့ အထဲမှာ ဒီဘော်တွင်းမိုင်းဟာ အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။

တချိန်က အထူးထင်ရှားခဲ့တဲ့ ဒီမိုင်းမှာရှိတဲ့ သမိုင်းဝင် အထင်ကရ နေရာလေးတွေ ပျောက်ပျက်ကုန်မှာကိုတော့ ပညာရှင်တွေက စိတ်ပူနေကြပါတယ်။

XS
SM
MD
LG