သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝ ဘေးအန္တရာယ်နဲ့ စီမံခန့်ခွဲမှု နည်းပညာ


ရွှံ့ဖုံးလွှမ်းသွားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းက ဟားခါးလေးကျေးရွာ။
ရွှံ့ဖုံးလွှမ်းသွားတဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းက ဟားခါးလေးကျေးရွာ။

သဘာဝဘေး ကျရောက်တဲ့အခါ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုက ပြန်ပြီးနလံထူဖို့ မြန်ဆန် စေ နိုင်ပါတယ်။ စီမံခန့်ခွဲမှု နည်းပညာ ရဲ့ အရေးပါပုံကို လူပေါင်းသိန်းချီ သေဆုံးခဲ့ရတဲ့ ၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒ္ဒရာထဲက ဆူနာမိဒဏ်ခံရချိန်မှာရော သောင်းနဲ့ချီ သေဆုံးခဲ့ရတဲ့ ၂၀၀၈ တရုတ်စီချွမ်းငလျင် ဒဏ်ခံရချိန်တွေမှာပါ ကုလသမဂ္ဂ ဒေသဆိုင်ရာအကြီးအကဲဖြစ်တဲ့ ဒေါက်တာဒေါ်ရင်ရင်နွယ်ကို မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အခုလောက် ရာသီဥတုပြောင်းလဲမှု ဒဏ်မခံရသေးတဲ့ ၁၉၆၀၊ ၇၀ နှစ်တွေက တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေမှာ ရေကြီးရေလျံမှုကြောင့် လူသန်းပေါင်းများစွာ သေဆုံး ခဲ့ကြပေမယ့် အခု ကမာတဝှမ်း ခံစားနေကြရတဲ့ ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ဒီနိုင်ငံတွေလည်း ခံစားကြရပေမယ့် အသေအပျောက်နှုံး ကတော့ သိသိသာသာ ကျသွားတာကို တွေ့နိုင်ပါတယ်။ ဒါကိုကြည့်ရင် တိုင်းပြည်တပြည် အနေနဲ့ သဘာဝ ဘေးဒဏ်ခံရမှုကို ကောင်းကောင်း ကိုင်တွယ်တတ်ရင် ပြည်သူတွေ ဒုကခံစားရမှု နဲပါးစေနိုင်တယ်ဆိုတာ ပြနေတာပါ။

ဒါဟာ know disaster no disaster “သဘာဝဘေးအနရာယ်ကို သိရှိခြင်းဟာ သဘာဝ ဘေးအန္တရာယ်ကို ကာကွယ်ခြင်း ဘေးအနရာယ်မရှိတော့ခြင်း” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတာကြောင့် လို့ဒေါက်တာ ဒေါ်ရင်ရင်နွယ်က ပြောပါတယ်။ နားလည် သိရှိမှုနဲ့ အတူ ကြိုတင်ကာကွယ်မှု ရှိမယ်ဆိုရင် သက်သာစေမှာ ဖြစ်ပါတယ်။

သဘာဝ ဘေးအန္တရာယ် အတွက် စီမံခန့်ခွဲမှု လုပ်မယ်ဆိုရင် အထက်က ချပေးတာကို အောက်က လိုက်လုပ်ရတာထက် လိုအပ်မှုတွေနဲ့ လက်တွေ့ ရင်ဆိုင်နေရတဲ့ grassroot လို့ခေါ်တဲ့ ကျေးရွာအဆင့် အောက် ခြေကနေ အထက်ကို ပြောပြီး စီမံခန့်ခွဲတဲ့ နည်းကို သုံးဖို့ လိုတယ်လို့ ဆိုပါတယ်။

၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒ္ဒရာထဲက ဆူနာမိဒဏ်ခံရချိန်မှာ အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း တမီလ် နာဒူးပြည်နယ်မှာရော သိရိလင်္ကာမှာပါ ခံခဲ့ကြရပေမယ့် ပြန်လည်ထူထောင်ရာမှာ အိန္ဒိယ က သိသိသာသာ မြန်ဆန်ခဲ့ပါတယ်။ အိန္ဒိယက သဘာဝဘေးအနရာယ် မကျရောက်ခင်ကတည်းက တကယ်လို့ကျရောက်ခဲ့ရင် လုပ်ရမယ့် အပိုင်းတွေကို အောက်ခြေမှာ အကျွမ်းတဝင် ဖြစ်အောင် ချမှတ် လေ့ကျင့်ထားတာကြောင့် လို့ ဆိုပါတယ်။

ဒါ့အပြင် ပါဝင်ဆောင်ရွက်ရမယ့် အဖွဲ့တွေ အားလုံး ညှိနှိုင်းလုပ်ဆောင်ဖို့ကလည်း အရေးကြီးပါတယ်။ ကျန်းမာရေးပိုင်းဆိုင်ရာအဖွဲ့တွေ၊ ရေနဲ့ ပါတ်သက်တဲ့အဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့၊ ကူညီထောက်ပံ့ရေး ဆိုင်ရာအဖွဲ့ စသဖြင့် အဖွဲ့အားလုံး သူ့ကဏ္ဍနဲ့ သူ တာဝန်ခွဲပြီးသားဖြစ်ဖို့၊ စီမံပြီးသား ဖြစ်ဖို့အပြင် ကျွမ်းကျင်အောင် လေ့ကျင့်ထား ပြီးသားပါ ဖြစ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ဥပမာ တရုတ်ပြည်မှာ ကြည့်ရင် စီချွမ်းငလျင် ဒဏ် ခံရချိန်က စာသင်ကျောင်း အများအပြား ပြိုကျ ပျက်စီးခဲ့ပါတယ်။တချို့ကျောင်းတွေဟာ earthquake drill လို့ခေါ်တဲ့ မြေငလျင်ဒဏ်ခံရရင် လုပ်ဆောင်နိုင်တာတွေကို ကြိုတင်လေ့ကျင့်မှု လုပ်ထားတဲ့ ကျောင်းတွေဖြစ်ပါတယ်။ အဲဒီကျောင်းတွေက ကလေးတွေနဲ့ ကျောင်းဆရာ ဆရာမတွေဟာ ဘာလုပ်ရမယ် ဆိုတာကို သိနေကြတာမို့ လေ့ကျင့်မှု လုပ်မထားတဲ့ ကျောင်းတွေနဲ့ ယှဉ်ရင် အသက်ဘေးက လွတ်မြောက်သူ ပိုပြီးများတယ်လို့ဆိုပါတယ်။

ပူးပေါင်းဆောင်ရွက်တဲ့အခါ ဒုကသည်တွေ ယာယီနေဖို့ ဆောက်လုပ်တာက အစ သူ့ကဏ္ဍနဲ့သူ နားလည် တတ်ကျွမ်းသူတွေ စုပေါင်းပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ယာယီ နားခိုရာ ဆောက်လုပ်တဲ့အခါ ပုံစံရေးဆွဲတာက စပြီး၊ ယာယီနေမယ့် သူတွေကျန်းမာရေးအတွက်ပါ စဉ်းစားပြီး ခြင်မခိုအောင်၊ ရေစီးရေလာကောင်းအောင်ကအစ၊ အညစ်အကြေးစွန့်တာ အဆုံး သေသေချာချာ တွက်ချက်လုပ်ဆောင်တာဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

ဘေးအန္တရာယ်ကျရောက်တဲ့အခါ အရေးပေါ်အခြေနေဖြစ်နေတာကို acute crisis လို့ ခေါ်ပြီး ဒီအခြေနေမှာ နိုင်ငံတော်ရဲ့ စစ်တပ်က ပံ့ပိုးကူညီပေးဖို့ လိုပါတယ်။ မြေကြီးတွေ ဖယ်ထုတ်ဖို့၊ လေကြောင်းက လွဲလို့ တခြား ဆက်သွယ်ရေး မရောက်နိုင်တဲ့ နေရာမျိုးမှာ အစားအသောက် ပို့ပေးဖို့ လိုမျိုး အရေးပေါ် လုပ်ဆောင်ရမှာတွေ အတွက်လိုအပ်တာပါ။

ပြန်လည်ထူထောင်ရာမှာတော့ ကုလသမဂ UNICEF ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ built back better လို့ခေါ်တဲ့ ပြန်လည်တည်ဆောက်တဲ့အခါ မူလအတိုင်း ပြန်ဆောက်တာထက် သဘာဝဘေးဒဏ်ကရတဲ့ သင်္ခန်းစာကို ယူပြီး နဂိုထက် ပိုကောင်းအောင် လုပ်ဖို့ လိုတယ်လို့ အကြံပေးပါတယ်။

ဥပမာ ချင်းပြည်နယ်မှာ မြေပြိုတာ အတွက် နေအိမ်တွေ ပြန်ပြီး တည်ဆောက်တဲ့အခါ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို သင်္ခန်းစာယူပြီး ဒေသတွင်း ရေစီးတဲ့ အနေထား၊ ရေထွက်ပေါက် ရှိမရှိ၊ မြေကြီးထဲ ရေပြန်စိမ့်ဝင်မှု အနေထား၊ မြေသား အနေထားတွေကို သေသေချာချာ သိအောင်လုပ်ပြီး ပိုကောင်းအောင် ဆောက်နိုင်ဖို့ ကျိုးစားရမှာ ဖြစ်ပါတယ်။

သဘာဝ ဒဏ်ခံရတာ အတွက် စီမံခန့်ခွဲမှု နည်းပညာထဲမှာ နောက်ဆုံး အရေးကြီးတဲ့ အချက်က မှတ်တမ်း အစီရင်ခံစာ သေသေချာချာ ပြုစုဖို့ပါ။ ဖြစ်ရပ်တခုအတွက် ပြန်လည်သုံးသပ် နိုင်ဖို့အပြင် ဒေသတွင်းနဲ့နိုင်ငံတကာ အကူညီပေးသူတွေ အတွက် သူတို့ ပေးခဲ့တဲ့ အကူငွေတွေကို ဘယ်လိုသုံးစွဲတယ်၊ တိုးတက်မှု ဘာတွေ ရှိခဲ့တယ် ဆိုတာတွေကို ထင်သာမြင်သာအောင် ချပြဖို့ အစီရင်ခံစာ က အရေးပါတာ ဖြစ်ပါတယ်။

XS
SM
MD
LG