အရှေ့တောင်အာရှဒေသ နိုင်ငံတွေထဲမှာ အကြီးဆုံးကုန်းမြေကို ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံမှာ ရာနှုံး ၄၀ လောက်ဟာ သစ်တောတွေ ဖုံးလွှမ်းနေတာပါ။ ဒီသစ်တောတွေ ပေါက်ရောက်ရာ မြန်မာနိုင်ငံမှာ ကမ္ဘာတဝန်း ရှားပါးအပင် သတ္တဝါ မျိုးစိတ်တွေထဲက အမျိုးပေါင်း ၂၀၀ ကျော် ရှိနေပြီး ဒီအထဲက ၆၅ မျိုးဟာ မျိုးတုန်းတော့မယ့် အန္တရာယ်နဲ့ ကြုံနေရသလို ၃၇ မျိုးကတော့ ပျောက်ကွယ်လုနီးပါး မျိုးစိတ်တွေပါ။
မြန်မာ့ရေမြေတောတောင်မှာ ထူးခြားကျယ်ပြန့်တဲ ဂေဟစံနစ်ရှိနေပါတယ်။ မြောက်ပိုင်းမှာကြည့်ရင် သိပ်အေးတဲ့ Alpine ဒေသပေါက်ပင်တွေတွေ့နိုင်ပြီး၊ အလယ်ပိုင်းခြောက်သွေ့ဒေသမှာတော့ သစ်မာမျိုးနဲ့ အပူပိုင်း ရွက်ပြတ်သစ်တော၊ တောင်ဘက်မှာတော့ အပူပိုင်း rain forest လို့ခေါ်တဲ့ မိုးသစ်တောတွေ ရှိနေတာပါ။ ဒါ့အပြင် ဒီသစ်တောတွေ ဖုံးလွှမ်းရာ တောင်ကုန်းတောင်တန်းတွေမှာ ကျောက်မီးသွေး၊ ရွှေ၊ ကြေးနီ၊ ခဲ၊ သွပ်၊ အဖြိုက်နက်နဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေလည်း ခိုအောင်းနေပါတယ်။
ကမ္ဘာပေါ်က ဇီဝဗေဒဆိုင်ရာ အရေးအပါဆုံးဒေသတခုဖြစ်တဲ့ Indo- Burma ဒေသထဲမှာ ရှိနေတဲ့ မြန်မာ့ ရေမြေတောတောင် အများစုဟာ မထိမတို့ရသေးတဲ့ ဒေသတွေမို့ မျိုးစိတ်သစ်တွေ ဖေါ်ထုတ်နိုင်အောင် စူးစမ်းရှာဖွေမှုတွေ အများကြီးလုပ်ဖို့ လိုအပ်နေသလို ထိမ်းသိမ်းရေးကို သေသေချာချာ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
လက်ရှိမြန်မာ့သစ်တောတွေကို ထိမ်းသိမ်းဖို့ အစိုးရပိုင်းက အရင်ထက် ပိုပြီးလုပ်ဆောင်လာပေမယ့် ဘတ်ဂျက်ချထားမှု သိပ်ကိုနဲပါးနေသေးတာနဲ့ ပြည့်စုံတဲ့ ဥပဒေ နည်းဥပဒေတွေပါ မချနိုင်သေးတာမို့ ခရီးသိပ်မတွင်သေးဘူးလို့ EcoDev အဖွဲ့ တာဝန်ခံ ဒေါက်တာဝင်းမျိုးသူ က ပြောပါတယ်။
ထူးထူးခြားခြား လုပ်ဆောင်တာ တခုက သစ်တောဥပဒေကို ပြင်ဆင်ဖို့ ကျိုးစားတာဖြစ်ပြီး၊ ကုလသမဂ အဖွဲ့တွေနဲ့ လက်တွဲပြီး သစ်တောပြုန်း အရည်အသွေးကျရာက ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေ လျော့နဲအောင် ကျိုးပမ်းနေသလို၊ သစ်ခိုးထုတ်တာ မရှိစေဖို့ လုပ်ဆောင်လာတာတွေနဲ့ သဘာဝ သယံဇာတတွေ နဲ့ပါတ်သက်ပြီး ထင်သာမြင်သာရှိစေရေး တခြား ကမာ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လာတာလို့ ဆိုပါတယ်။
မြန်မာ့သစ်တောတွေအတွက် အဓိကလိုအပ်တာကတော့ ကိုယ့်နိုင်ငံမှာ အဖိုးမဖြတ်နိုင်တဲ့ ရှားပါးမျိုးစိတ်တွေရှိရာ သစ်တောတွေပိုင်ဆိုင်တာကို မြတ်နိုးတတ်ဖို့နဲ့ ထိမ်းသိမ်းချင်တဲ့ စိတ်မျိုး နိုင်ငံသားတိုင်းမှာ ရှိလာစေဖို့ပဲ ဖြစ်ပါတယ်။