သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒယ္လ္တာ စက္႐ုပ္နဲ႔ အင္ဒိုနီးရွား စံျပရြာ


The 'Delta robot' was designed by university lecturers and local residents who built it from old household items. (Reuters Photo)

ကိုဗစ္ ကပ္ေရာဂါဒဏ္ ခံေနရတဲ့ ေဒသခံေတြကို အကူညီေပးႏိုင္မယ့္ စက္႐ုပ္ကေလးကို စြန္႔ပစ္ ပစၥည္းေတြသံုးၿပီး သိပၸံပညာရွင္ေတြရဲ့ အကူအညီနဲ႔ အင္ဒိုနီးရွားႏိုင္ငံ စံျပရြာက ရြာသားေတြ တီထြင္ခဲ့ၾကပါတယ္

ဒယ္လ္တာ စက္႐ုပ္နဲ႔ အင္ဒိုနီးရွား စံျပရြာ
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

Zawgyi

ဒီတပတ္ေတာ့ ကိုဗစ္ ကပ္ေရာဂါဒဏ္ ခံေနရတဲ့ ေဒသခံေတြကို အကူညီေပးႏိုင္မယ့္ စက္႐ုပ္ကေလးကို စြန္႔ပစ္ ပစၥည္းေတြသံုးၿပီး သိပၸံပညာရွင္ေတြရဲ့ အကူအညီနဲ႔ အင္ဒိုနီးရွားႏိုင္ငံ စံျပရြာက ရြာသားေတြ တီထြင္ခဲ့ၾကတဲ့ အေၾကာင္း ႐ိုက္တာ သတင္းတပုဒ္ကို အေျခခံၿပီး ေျပာျပေပးမွာပါ။

ကိုဗစ္ ၁၉ ကပ္ေရာဂါဒဏ္ ခံေနရခ်ိန္မွာ အင္ဒိုနီးရွား ရြာသားေတြဟာ စိတ္ကိုတြန္းအားေပးဖို႔ ေပ်ာ္ရႊင္ဖြယ္ အေနနဲ႔ သိပၸံပညာရွင္ေတြနဲ႔ ေပါင္းၿပီး စက္ရုပ္ကေလး တရုပ္ကို တီထြင္ခဲ့ၾကတာပါ။ ကိုဗစ္ဒဏ္ခံရတဲ့ အင္ဒိုနီးရွားႏိုင္ငံမွာ ဒုတိယအႀကီးဆံုး ၿမိဳ႕ႀကီး ျဖစ္တဲ့ အေနာက္ဂ်ာဗား ျပည္နယ္ရဲ့ ၿမိဳ႕ေတာ္ Surabaya က Tembok Gede (ဂ်ိဒ္) စံျပရြာ - Smart village ေဒသခံေတြက သူတုိ႔တီထြင္လိုက္တဲ့ စက္ရုပ္ကို Delta လို႔ နံမယ္ေပးထားပါတယ္။

တကယ္ေတာ့ Delta ဟာ ကူးစက္ျမန္ ကိုရိုနာဗိုင္းရပ္စ္ ပိုးသစ္တမ်ိဳးရဲ့ နံမယ္ျဖစ္ၿပီး သူတို႔ ၿမိဳ႕ရြာေတြမွာလည္း ကမာၻ႔တျခားေနရာ ေတြမွာလိုပဲ ကူးစက္မႈ အလြန္ျမန္တဲ့ သူ႔ဒဏ္ကို ျပင္းျပင္းထန္ထန္ ခံစားၾကရတာ ျဖစ္ပါတယ္။

ဒီစက္ရုပ္ကေလးက ကိုဗစ္ေၾကာင့္ သီးျခားခြဲၿပီး ေနေနရသူေတြအတြက္ အစားအစာေတြနဲ႔အတူ စိတ္ေပ်ာ္ရႊင္မႈကိုပါ ေပးႏိုင္တာ ျဖစ္ပါတယ္။

အက္ - စက္ရုပ္အသံ

ဟင္းသီးဟင္းရြက္နဲ႔ အစားအေသာက္ကို သယ္လာေပးတဲ့ စက္ရုပ္ကေလးက ျမန္ျမန္ေနျပန္ေကာင္းပါေစလို႔ အင္ဒိုနီးရွား ႏိုင္ငံသားေတြရဲ့ Bahasa ဘာသာစကားနဲ႔ ဆုေတာင္း ေပးေနတာပါ ။ ဒီစက္ရုပ္ကေလးကို ဦးေဆာင္ဖန္တီးသူက အသက္၅၃ ႏွစ္ရွိၿပီျဖစ္တဲ့ စံျပရြာသားေတြရဲ့ သူႀကီး Aseyanto ပါ။

“အခု ကိုဗစ္ပိုးသစ္ Delta မ်ိဳးကြဲကို ေတြ႕ေနရၿပီး ကိုဗစ္ ၁၉ ကူးတဲ့ သူ အေရအတြက္ကလည္း အရမ္းမ်ားလာေနတာေၾကာင့္ ဒီ စက္႐ုပ္ကို လူအမ်ားအတြက္ အက်ိဳးျပဳမယ့္ ေနရာမွာ သံုးဖို႔ က်ေနာ္ ဆံုးျဖတ္လိုက္တာပါ။ ဥပမာဆို ပိုးသတ္ေဆးျဖန္းတာတို႔၊ ကိုယ့္ဟာကိုယ္ သီးသန္႔ ခြဲၿပီး ေနေနရတဲ့ သူေတြ အတြက္ အစားအေသာက္ေတြ၊ သူတို႔လိုတာေလးေတြကို ပို႔ေပးတာမ်ိဳးပါ။ ရပ္ကြက္ထဲက တကယ္လိုအပ္ေနတဲ့ သူေတြအတြက္ပဲ သူတို႔လိုတဲ့ေနရာမွာ ျဖည့္ေပးဖို႔ စက္႐ုပ္ကို ပံုစံေျပာင္းၿပီး ခိုင္းပါတယ္။”

စံျပရြာသားေတြဟာ စက္ရုပ္မေလး ဒယ္လ္တာရဲ့ ေခါင္းပိုင္းကို မသံုးေတာ့တဲ့ rice cooker- လ ွ်ပ္စစ္ထမင္းအိုး ေဟာင္း ကေလးနဲ႔ လုပ္ပါတယ္။ သူ႔ကိုယ္ထည္ ရင္ဘတ္ပိုင္း ကိုေတာ့ တီဗီအေဟာင္းတခုရဲ့ အိမ္နဲ႔ တည္ေဆာက္ထားတာ ျဖစ္ၿပီး သူ႔လက္ေတြကိုေတာ့ PVC ပိုက္လံုးနဲ႔ လုပ္ထားပါတယ္။ သူ႔အသံကေတာ့ သူႀကီး Aseyanto ကေတာ္ရဲ့ အသံပါ။ ကိုဗစ္ေၾကာင့္ သီးသန္႔ခြဲေနရတဲ့ သူ တေယာက္ေယာက္ရဲ့ အိမ္ေရွ႕ေရာက္ရင္ သူမအသံနဲ႔ ဆလံမာေလးကြန္းလို႔ ပထမႏႈတ္ဆက္ၿပီး ပစၥည္းပို႔ဖို႔ ေရာက္ေနေၾကာင္း အသံေပးပါတယ္။ သိပ္ယဥ္ေက်းတဲ့ စက္ရုပ္မေလး ဒယ္လ္တာဟာ ေက်းဇူးတင္စကား ေျပာတတ္သလို ေနမေကာင္းတဲ့သူ အျမန္ ေနျပန္ေကာင္းလာ ေစဖုိ႔လည္း ဆုေတာင္းေပးတတ္ပါတယ္။

“ဒီ Delta စက္႐ုပ္ တည္ေဆာက္ထားပံုက သိပ္ရွင္းပါတယ္။ သူ႔ကို မသံုးေတာ့တဲ့ အိုးေတြ ခြက္ေတြနဲ႔ တီဗီအိုးအေဟာင္းေတြနဲ႔ လုပ္ထားတာပါ။ ဒီစက္႐ုပ္ကို မသံုးေတာ့ပဲ ပစၥည္းအေဟာင္းေတြနဲ႔ပဲ လုပ္ဖို႔ က်ေနာ္တို႔စဥ္းစားခဲ့ၾကတဲ့ အတြက္ က်ေနာ္တို႔ရပ္ကြက္ထဲက စြန္႔ပစ္ပစၥည္းေဟာင္းေတြနဲ႔ လုပ္ခဲ့ပါတယ္။ ဒါက စက္ရံုထုတ္စက္႐ုပ္ ဒါမွမဟုတ္ သိပၸံနည္းက် စံနစ္တက် လုပ္ထားတဲ့ စက္႐ုပ္နဲ႔ေတာ့ မတူပါဘူး ဒါဟာ က်ေနာ္တို႔ေတြရဲ႕ ဖန္တီးမႈတခုပါ။”

ဒယ္လ္တာေလးဟာ စံျပရြာထဲမွာ ကိုဗစ္ကပ္ေရာဂါအတြက္ တပတ္ကို တႀကိမ္ ပိုးသတ္ေဆးျဖန္းေပးပါတယ္။ သူ႔ကို ခိုင္းမယ္ဆိုရင္ အေဝးထိန္းခလုပ္ကို သံုးရ တာျဖစ္ၿပီး ေပ ၆၀၀ ေလာက္ အကြာကေန စက္ကို ထိန္းခ်ဳပ္ေမာင္းႏွင္ရပါတယ္။ Aseyanto ကေတာ့ ဒီ့ထက္ပိုေဝးတဲ့ ေနရာကေန ထိန္းႏိုင္ဖို႔ အင္တာနက္ကို သံုးၿပီး ဖံုးနဲ႔ ထိန္းခ်ဳပ္ဖို႔ ဆက္ႀကိဳးစား ေနပါတယ္။

"ဒီစက္႐ုပ္ဟာ ဒီရြာထဲမွာပဲ သံုးဖို႔ တီထြင္ထားတာပါ။ ဒါေၾကာင့္ ဒါဟာ အဆင့္ျမင့္ နည္းပညာသံုး စက္႐ုပ္ တခုေတာ့ မဟုတ္ပါဘူး။ သူက ရွင္းရွင္းေလးပါ။ ေအာက္ေျခမွာ ကစားစရာကားရဲ႕ ေအာက္ခံအထိုင္ကို သံုးထားၿပီး စြမ္းအင္အတြက္ ဘက္ထရီကို သံုးထားပါတယ္။ စက္႐ုပ္ လႈပ္ရွားဖို႔ အေဝးထိန္းခလုပ္နဲ႔ အမိန္႔ေပးႏိုင္ပါတယ္။ ဒီလို အမိန္႔ေပးတဲ့အခါ အက္က်ဴေရတာ (actuator) စံနစ္ကိုသံုးပါတယ္။”

Telkom သိပၸံနဲ႔နည္းပညာဌာနက လက္ေထာက္ကထိက Benazir Imam Arif Muttaqin ပါ။

လ ွ်ပ္စစ္စြမ္းအင္သံုးၿပီး ေရြ႕လ်ားေအာင္ လုပ္ေပးတဲ့ actuator စက္ပါတဲ့ ဒီစက္ရုပ္ကေလး ဒယ္လ္တာကို Surabaya မွာရွိတဲ့ Telkom နဲ႔ Adhi Tama နည္းပညာ တကၠသိုလ္ ၂ ခုက သိပၸံပညာရွင္ေတြရဲ့ အကူအညီနဲ႔ တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္။ စက္ရုပ္ရဲ့ ဘက္ထရီက ၁၂ နာရီေလာက္ ခံပါတယ္။

Adhi Tama နည္းပညာတကၠသိုလ္က ဆရာမတဦးျဖစ္တဲ့ Anindya Rachma Dwicahyani ကေတာ့

" အဓိကကေတာ့ ဒါဟာ ရြာသားေတြကိုယ္တိုင္ တီထြင္တယ္ ဖန္တီးတယ္ ဆိုတဲ့ သေဘာပါ။ ဒါကို က်မတို႔ တကၠသိုလ္က စက္ပစၥည္းအပိုင္းအစေတြေရာ သူတို႔လိုအပ္တဲ့ပစၥည္းေလးေတြအျပင္ ေထာက္ပံ့ေငြပါ အကူအညီေပးပါတယ္။ သူတို႔ ဒီစက္႐ုပ္ကို တည္ေဆာက္ေနတဲ့ အခ်ိန္မွာလည္း သူတို႔လိုအပ္မယ့္ နည္းစံနစ္ေတြ လွ်ပ္စစ္ပစၥည္းေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြး အၾကံဉာဏ္ေပးပါတယ္။ ေက်ာင္းထဲကအဖြဲ႔နဲ႔ေရာ မစၥတာ Aseyanto တို႔ အဖြဲ႔နဲ႔ပါ ေဆြးေႏြးတာပါ။”

အစကေတာ့ ဒီစက္ရုပ္ကေလးကို စားေသာက္ဆိုင္ စားပြဲထိုးအျဖစ္ သံုးဖုိ႔ စဥ္းစားၿပီး တီထြင္ဖန္တီးခဲ့တာပါ။ ဒါေပမယ့္ ကိုဗစ္ကပ္ေရာဂါ ဒဏ္ခံလာရခ်ိန္မွာေတာ့ ေဒသခံေတြအတြက္ အဆင္ေျပေစဖို႔ ႀကံဆခဲ့ၾကတာ ျဖစ္ပါတယ္။ Tembok Gede (ဂ်ိဒ္) စံျပရြာဟာ စြန္႔ပစ္ ပစၥည္းေတြကို အက်ိဳးရွိတဲ့ေနရာမွာ ျပန္သံုးႏိုင္ေအာင္ လုပ္ရာမွာ နံမယ္ႀကီးတဲ့ ရြာကေလးပါ။ စြန္႔ပစ္ ပစၥည္းေဟာင္းေတြနဲ႔ တည္ေဆာက္ထားတဲ့ စက္ရုပ္မေလး ဒယ္လ္တာကို ၾသဂုတ္လဆန္းမွာ စၿပီး သံုးႏိုင္ခဲ့တယ္ ဆိုတာကို တင္ျပရင္း ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာ က႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။

Unicode

ဒီတပတ်တော့ ကိုဗစ် ကပ်ရောဂါဒဏ် ခံနေရတဲ့ ဒေသခံတွေကို အကူညီပေးနိုင်မယ့် စက်ရုပ်ကလေးကို စွန့်ပစ် ပစ္စည်းတွေသုံးပြီး သိပ္ပံပညာရှင်တွေရဲ့ အကူအညီနဲ့ အင်ဒိုနီးရှားနိုင်ငံ စံပြရွာက ရွာသားတွေ တီထွင်ခဲ့ကြတဲ့ အကြောင်း ရိုက်တာ သတင်းတပုဒ်ကို အခြေခံပြီး ပြောပြပေးမှာပါ။

ကိုဗစ် ၁၉ ကပ်ရောဂါဒဏ် ခံနေရချိန်မှာ အင်ဒိုနီးရှား ရွာသားတွေဟာ စိတ်ကိုတွန်းအားပေးဖို့ ပျော်ရွှင်ဖွယ် အနေနဲ့ သိပ္ပံပညာရှင်တွေနဲ့ ပေါင်းပြီး စက်ရုပ်ကလေး တရုပ်ကို တီထွင်ခဲ့ကြတာပါ။ ကိုဗစ်ဒဏ်ခံရတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဒုတိယအကြီးဆုံး မြို့ကြီး ဖြစ်တဲ့ အနောက်ဂျာဗား ပြည်နယ်ရဲ့ မြို့တော် Surabaya က Tembok Gede (ဂျိဒ်) စံပြရွာ - Smart village ဒေသခံတွေက သူတို့တီထွင်လိုက်တဲ့ စက်ရုပ်ကို Delta လို့ နံမယ်ပေးထားပါတယ်။
တကယ်တော့ Delta ဟာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ပိုးသစ်တမျိုးရဲ့ နံမယ်ဖြစ်ပြီး သူတို့ မြို့ရွာတွေမှာလည်း ကမ္ဘာ့တခြားနေရာ တွေမှာလိုပဲ ကူးစက်မှု အလွန်မြန်တဲ့ သူ့ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားကြရတာ ဖြစ်ပါတယ်။
ဒီစက်ရုပ်ကလေးက ကိုဗစ်ကြောင့် သီးခြားခွဲပြီး နေနေရသူတွေအတွက် အစားအစာတွေနဲ့အတူ စိတ်ပျော်ရွှင်မှုကိုပါ ပေးနိုင်တာ ဖြစ်ပါတယ်။
အက် - စက်ရုပ်အသံ
ဟင်းသီးဟင်းရွက်နဲ့ အစားအသောက်ကို သယ်လာပေးတဲ့ စက်ရုပ်ကလေးက မြန်မြန်နေပြန်ကောင်းပါစေလို့ အင်ဒိုနီးရှား နိုင်ငံသားတွေရဲ့ Bahasa ဘာသာစကားနဲ့ ဆုတောင်း ပေးနေတာပါ ။ ဒီစက်ရုပ်ကလေးကို ဦးဆောင်ဖန်တီးသူက အသက်၅၃ နှစ်ရှိပြီဖြစ်တဲ့ စံပြရွာသားတွေရဲ့ သူကြီး Aseyanto ပါ။
“အခု ကိုဗစ်ပိုးသစ် Delta မျိုးကွဲကို တွေ့နေရပြီး ကိုဗစ် ၁၉ ကူးတဲ့ သူ အရေအတွက်ကလည်း အရမ်းများလာနေတာကြောင့် ဒီ စက်ရုပ်ကို လူအများအတွက် အကျိုးပြုမယ့် နေရာမှာ သုံးဖို့ ကျနော် ဆုံးဖြတ်လိုက်တာပါ။ ဥပမာဆို ပိုးသတ်ဆေးဖြန်းတာတို့၊ ကိုယ့်ဟာကိုယ် သီးသန့် ခွဲပြီး နေနေရတဲ့ သူတွေ အတွက် အစားအသောက်တွေ၊ သူတို့လိုတာလေးတွေကို ပို့ပေးတာမျိုးပါ။ ရပ်ကွက်ထဲက တကယ်လိုအပ်နေတဲ့ သူတွေအတွက်ပဲ သူတို့လိုတဲ့နေရာမှာ ဖြည့်ပေးဖို့ စက်ရုပ်ကို ပုံစံပြောင်းပြီး ခိုင်းပါတယ်။”
စံပြရွာသားတွေဟာ စက်ရုပ်မလေး ဒယ်လ်တာရဲ့ ခေါင်းပိုင်းကို မသုံးတော့တဲ့ rice cooker- လ ျှပ်စစ်ထမင်းအိုး ဟောင်း ကလေးနဲ့ လုပ်ပါတယ်။ သူ့ကိုယ်ထည် ရင်ဘတ်ပိုင်း ကိုတော့ တီဗီအဟောင်းတခုရဲ့ အိမ်နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး သူ့လက်တွေကိုတော့ PVC ပိုက်လုံးနဲ့ လုပ်ထားပါတယ်။ သူ့အသံကတော့ သူကြီး Aseyanto ကတော်ရဲ့ အသံပါ။ ကိုဗစ်ကြောင့် သီးသန့်ခွဲနေရတဲ့ သူ တယောက်ယောက်ရဲ့ အိမ်ရှေ့ရောက်ရင် သူမအသံနဲ့ ဆလံမာလေးကွန်းလို့ ပထမနှုတ်ဆက်ပြီး ပစ္စည်းပို့ဖို့ ရောက်နေကြောင်း အသံပေးပါတယ်။ သိပ်ယဉ်ကျေးတဲ့ စက်ရုပ်မလေး ဒယ်လ်တာဟာ ကျေးဇူးတင်စကား ပြောတတ်သလို နေမကောင်းတဲ့သူ အမြန် နေပြန်ကောင်းလာ စေဖို့လည်း ဆုတောင်းပေးတတ်ပါတယ်။
“ဒီ Delta စက်ရုပ် တည်ဆောက်ထားပုံက သိပ်ရှင်းပါတယ်။ သူ့ကို မသုံးတော့တဲ့ အိုးတွေ ခွက်တွေနဲ့ တီဗီအိုးအဟောင်းတွေနဲ့ လုပ်ထားတာပါ။ ဒီစက်ရုပ်ကို မသုံးတော့ပဲ ပစ္စည်းအဟောင်းတွေနဲ့ပဲ လုပ်ဖို့ ကျနော်တို့စဉ်းစားခဲ့ကြတဲ့ အတွက် ကျနော်တို့ရပ်ကွက်ထဲက စွန့်ပစ်ပစ္စည်းဟောင်းတွေနဲ့ လုပ်ခဲ့ပါတယ်။ ဒါက စက်ရုံထုတ်စက်ရုပ် ဒါမှမဟုတ် သိပ္ပံနည်းကျ စံနစ်တကျ လုပ်ထားတဲ့ စက်ရုပ်နဲ့တော့ မတူပါဘူး ဒါဟာ ကျနော်တို့တွေရဲ့ ဖန်တီးမှုတခုပါ။”
ဒယ်လ်တာလေးဟာ စံပြရွာထဲမှာ ကိုဗစ်ကပ်ရောဂါအတွက် တပတ်ကို တကြိမ် ပိုးသတ်ဆေးဖြန်းပေးပါတယ်။ သူ့ကို ခိုင်းမယ်ဆိုရင် အဝေးထိန်းခလုပ်ကို သုံးရ တာဖြစ်ပြီး ပေ ၆၀၀ လောက် အကွာကနေ စက်ကို ထိန်းချုပ်မောင်းနှင်ရပါတယ်။ Aseyanto ကတော့ ဒီ့ထက်ပိုဝေးတဲ့ နေရာကနေ ထိန်းနိုင်ဖို့ အင်တာနက်ကို သုံးပြီး ဖုံးနဲ့ ထိန်းချုပ်ဖို့ ဆက်ကြိုးစား နေပါတယ်။
"ဒီစက်ရုပ်ဟာ ဒီရွာထဲမှာပဲ သုံးဖို့ တီထွင်ထားတာပါ။ ဒါကြောင့် ဒါဟာ အဆင့်မြင့် နည်းပညာသုံး စက်ရုပ် တခုတော့ မဟုတ်ပါဘူး။ သူက ရှင်းရှင်းလေးပါ။ အောက်ခြေမှာ ကစားစရာကားရဲ့ အောက်ခံအထိုင်ကို သုံးထားပြီး စွမ်းအင်အတွက် ဘက်ထရီကို သုံးထားပါတယ်။ စက်ရုပ် လှုပ်ရှားဖို့ အဝေးထိန်းခလုပ်နဲ့ အမိန့်ပေးနိုင်ပါတယ်။ ဒီလို အမိန့်ပေးတဲ့အခါ အက်ကျူရေတာ (actuator) စံနစ်ကိုသုံးပါတယ်။”
Telkom သိပ္ပံနဲ့နည်းပညာဌာနက လက်ထောက်ကထိက Benazir Imam Arif Muttaqin ပါ။
လ ျှပ်စစ်စွမ်းအင်သုံးပြီး ရွေ့လျားအောင် လုပ်ပေးတဲ့ actuator စက်ပါတဲ့ ဒီစက်ရုပ်ကလေး ဒယ်လ်တာကို Surabaya မှာရှိတဲ့ Telkom နဲ့ Adhi Tama နည်းပညာ တက္ကသိုလ် ၂ ခုက သိပ္ပံပညာရှင်တွေရဲ့ အကူအညီနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ စက်ရုပ်ရဲ့ ဘက်ထရီက ၁၂ နာရီလောက် ခံပါတယ်။
Adhi Tama နည်းပညာတက္ကသိုလ်က ဆရာမတဦးဖြစ်တဲ့ Anindya Rachma Dwicahyani ကတော့
" အဓိကကတော့ ဒါဟာ ရွာသားတွေကိုယ်တိုင် တီထွင်တယ် ဖန်တီးတယ် ဆိုတဲ့ သဘောပါ။ ဒါကို ကျမတို့ တက္ကသိုလ်က စက်ပစ္စည်းအပိုင်းအစတွေရော သူတို့လိုအပ်တဲ့ပစ္စည်းလေးတွေအပြင် ထောက်ပံ့ငွေပါ အကူအညီပေးပါတယ်။ သူတို့ ဒီစက်ရုပ်ကို တည်ဆောက်နေတဲ့ အချိန်မှာလည်း သူတို့လိုအပ်မယ့် နည်းစံနစ်တွေ လျှပ်စစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး အကြံဉာဏ်ပေးပါတယ်။ ကျောင်းထဲကအဖွဲ့နဲ့ရော မစ္စတာ Aseyanto တို့ အဖွဲ့နဲ့ပါ ဆွေးနွေးတာပါ။”
အစကတော့ ဒီစက်ရုပ်ကလေးကို စားသောက်ဆိုင် စားပွဲထိုးအဖြစ် သုံးဖို့ စဉ်းစားပြီး တီထွင်ဖန်တီးခဲ့တာပါ။ ဒါပေမယ့် ကိုဗစ်ကပ်ရောဂါ ဒဏ်ခံလာရချိန်မှာတော့ ဒေသခံတွေအတွက် အဆင်ပြေစေဖို့ ကြံဆခဲ့ကြတာ ဖြစ်ပါတယ်။ Tembok Gede (ဂျိဒ်) စံပြရွာဟာ စွန့်ပစ် ပစ္စည်းတွေကို အကျိုးရှိတဲ့နေရာမှာ ပြန်သုံးနိုင်အောင် လုပ်ရာမှာ နံမယ်ကြီးတဲ့ ရွာကလေးပါ။ စွန့်ပစ် ပစ္စည်းဟောင်းတွေနဲ့ တည်ဆောက်ထားတဲ့ စက်ရုပ်မလေး ဒယ်လ်တာကို သြဂုတ်လဆန်းမှာ စပြီး သုံးနိုင်ခဲ့တယ် ဆိုတာကို တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG