Zawgyi/ Unicode
Zawgyi
ဒီတပတ္ေတာ့ ျမန္မာႏိုင္ငံမွာ ေတြ႔ေနရတဲ့ ေထာက္လွန္းေရး၊ ေစာင့္ၾကည့္ေရးနဲ႔ ကင္းေထာက္ေရး ေတြမွာသံုးတဲ့ ISR (Intelligence, Surveillance and Reconnaissance) အမ်ိဳးအစား ဒရုန္းယာဥ္ေတြနဲ႔ ဒီဒရုန္းေတြနဲ႔ ေထာက္လွန္းမႈကို ဘယ္လိုေရွာင္ႏုိင္တယ္ ဆိုတာေတြကို အေမရိကန္ IT နည္းပညာရွင္တဦးျဖစ္တဲ့ ကို Stanley ေဇယ် ကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။
မၾကာေသးခင္က မႏၱေလးၿမိဳ႕ေပၚတဝိုက္မွာ ေတြ႔ေနရတဲ့ ဒ႐ုန္းယာဥ္ေတြဟာ ေျမျပင္က ဆႏၵျပ
လႈပ္ရွားသူေတြရဲ႕ အေနထားကိုသိဖို႔ သံုးတာျဖစ္ႏိုင္ေၾကာင္း Asia Time ကို ကိုးကား ၿပီး ANI သတင္းမွာေဖာ္ျပထားသလို ျမန္မာစစ္တပ္သံုးေနတဲ့ ဒ႐ုန္းေတြဟာ ေထာက္လွန္းေရးသံုး တ႐ုတ္လုပ္ CH-3A ေတြျဖစ္ေၾကာင္း ၿဗိတိန္အေျခစိုက္ Janes International Defense Review နဲ႔ ဝါရွင္တန္အေျခစိုက္ CSIS မဟာဗ်ဴဟာနဲ႔ ႏိုင္ငံတကာ ေလ့လာေရးအဖြဲ႔တို႔က အတည္ျပဳထားပါတယ္။
ေမး။။ မိတၳီလာမွာရွိတဲ့ ရွမ္းတဲေလတပ္စခန္းနားမွာ တ႐ုတ္လုပ္တဲ့ CH 3 အမ်ိဳးအစား ဒ႐ုန္းေတြကို ေတြ႕ရတယ္ ဆိုၿပီး ဓါတ္ပံုနဲ႔တကြ CSIS ကေနၿပီး satellite ေကာင္းကင္ဓါတ္ပံုေတြနဲ႔တကြ ျပထားပါတယ္။ ဒီဒ႐ုန္းေတြကို ဘယ္ေနရာေတြမွာ အဓိက သံုးသလဲ ေျပာျပေပးပါ။
ေျဖ။။ ဟုတ္ကဲ့ သူတို႔လက္ရွိ တ႐ုတ္လုပ္ဒ႐ုန္း ဘယ္ေနရာမွာ သံုးသလဲဆိုရင္ အခု ႏိ္ုင္ငံတြင္းမွာ ျဖစ္ပ်က္ေနတဲ့ သပိတ္ေတြ၊ ေနာက္ၿပီးေတာ့ တိုင္းရင္းသားအဖြဲ႔ေတြ အတြက္ သူတို႔ စံုစမ္း ေထာက္လွန္းတဲ့ ေနရာမွာ အသံုးျပဳလို႔ ရတာေပါ့။
ေမး။။ ဒီဒ႐ုန္းေတြကို အဓိက က ေထာက္လွန္းတဲ့ေနရာမွာ သံုးေနတာ ေပါ့ေနာ္။
ေျဖ။။ ဟုတ္ကဲ့။ ဒီေထာက္လွန္းတဲ့ ေနရာမွာပဲ အဓိက သံုးတယ္။ တ႐ုတ္ကထုတ္တဲ့ CH3 အမ်ိဳးအစား ဒ႐ုန္းက အခု ျမန္မာျပည္က လက္ရွိ ရယူထားတာကေတာ့ surveillance ဒ႐ုန္း ေပါ့ေနာ္။ ေထာက္လွန္းေရး ဒ႐ုန္းလို႔ပဲ။ အဲဒါကေတာင္ ေဒၚလာ ၄ သန္းေလာက္ ရွိပါတယ္။ တစီးကို။ ၃ သန္းနဲ႔ ၄ သန္းေလာက္ ရွိပါတယ္။ အခု ေထာက္လွန္းေရးဒ႐ုန္းမဟုတ္ပဲနဲ႔ တျခား missile ဒံုးလက္နက္ တပ္ၿပီး ပစ္လို႔ရတဲ့ ဒ႐ုန္းေတြကိုလည္း သူတို႔ ရယူေကာင္း ရယူၿပီးေတာ့ သူတို႔အသံုးျပဳႏိုင္ပါတယ္။ ဒါကေတာ့ စစ္တပ္ကဆိုေတာ့ သူတို႔ကို ဘယ္လိုမွ ခန္႔မွန္းလို႔ မရဘူး။ ဒါေပမယ့္ တ႐ုတ္နဲ႔ အခုသူတို႔ အဆင္ေျပေနေတာ့ သူတို႔မွာ ရွိေကာင္းရွိဖို႔ ခန္႔မွန္းရတယ္ ေပါ့ေနာ္။
ေမး။။ ဒီ ဒ႐ုန္းေတြကို ေထာက္လွန္းတဲ့ေနရာမွာ သံုးတယ္ဆိုေတာ့ အခုဆိုရင္ ဆႏၵျပတဲ့ လူငယ္ေလးေတြ၊ ထြက္ေျပးေနတာေတြရွိတယ္။ပုန္းေအာင္းေနတာေတြရွိတယ္။ သူတို႔ေတြ ဒီလို ဒ႐ုန္းေတြနဲ႔ ေထာက္လွန္းတာကို ေရွာင္ႏိုင္ တိမ္းႏိုင္လို႔မ်ား ရပါသလား။
ေျဖ။။ဟုတ္ကဲ့ရပါတယ္။ ဒီေထာက္လွန္းေရး ဒရုန္းေတြကို ေရွာင္မယ္ဆိုရင္ သူတို႔ကဒီ thermal imaging လို႔ေခၚတဲ့ အပူလိႈင္းကို ရွာၿပီးေတာ့ scan လုပ္တာေပါ့ေနာ္။ image လုပ္ၿပီးေတာ့ လူေတြ ထြက္ေျပးတဲ့ ေနရာကို ရွာတာ။
အဲဒီေတာ့ ေျပာမယ္ ဆိုရင္ေတာ့ က်ေနာ္တုိ႔ ခႏၶာကိုယ္ထဲကေန အပူေငြ႔ေတြ ထြက္တယ္။ အဲဒီလို အပူေငြ႔ေတြ ထြက္တာကို ကာကြယ္ဖို႔ ၿခံဳလို႔ရတဲ့ ပစၥည္းေတြ ဥပမာ အားျဖင့္ အေရးေပၚသံုးေစာင္ emergency blanket လို႔ေခၚတယ္။ က်ေနာ္တုိ႔ ကုလသမဂၢ UN ကထုတ္တဲ့ အေရးေပၚသံုးၿခံဳေစာင္ - မိုင္လာ Mylar blanket လို႔ေခၚတယ္။ အဲဒါမ်ိဳးေလးေတြကို ၿခံဳၿပီး သြားမယ္ဆိုရင္။ ဟို တခ်ိဳ႕ ေစာင္ေတြမွာလည္း ပါပါတယ္။ ၁၀၀ % ခ်ည္ထည္မ်ိဳးမွာ thermal heat protection အပူဒဏ္ အကာကြယ္ေပးတာ ပါတဲ့ ေစာင္ေတြ ရွိပါတယ္။ ဘယ္လိုေခၚမလဲ ဆိုေတာ့ အလြယ္တကူနဲ႔ ေစ်းေတြမွာ ဝယ္လို႔ရတာ ရွိပါတယ္။ အဲဒါမ်ိဳးေတြ ၿခံဳၿပီးေတာ့ ကာထားလို႔ ရပါတယ္။
အဓိက ကေတာ့ ေျပးတဲ့အခါမွာ ေပါ့ေနာ္၊ ခႏၶာကုိယ္ကေန heat က အပူက အရမ္းထုတ္ေပးတယ္။ ဆိုေတာ့ အပူေငြ႔မ်ားမ်ား ထြက္ေလေလ၊ သူတို႔ ဒရုန္းေတြကေန ရွာႏိုင္ေလပဲ။
အဲဒီေတာ့ သာမန္လူ တေယာက္ ထိုင္ေနတဲ့လူတေယာက္နဲ႔ေတာ့ မတူဘူး ေပါ့ေနာ္။ အဲဒီလို ေျပးလႊားၿပီး အဲလို ေျပးေနတဲ့လူမွာဆိုရင္ က်ေနာ္တုိ႔ လူခႏၵာကိုယ္ေတြ သတၱဝါေတြရဲ့ ခႏၶာကိုယ္ေတြ ဆိုရင္ အပူေငြ႔ မ်ားမ်ားထြက္တယ္။ အဲဒီေတာ့ အဲဒီလို အပူေငြ႔ မ်ားမ်ား မထြက္ေအာင္ အကာကြယ္ေပးႏို္င္မယ့္ ပစၥည္းအမ်ိဳးအစားေတြသံုးၿပီး ကာကြယ္ႏိုင္ ဝတ္လို႔ရႏိုင္ပါတယ္။ thermal protection ဂ်က္ကက္ေတြ ဘာေတြလည္း ရွိပါတယ္။ ေစ်းမွာ။ ေစ်းေပါေပါနဲ႔ ရႏိုင္ပါတယ္။
အဓိကကေတာ့။ အလြယ္တကူဆိုရင္ေတာ့ ျမန္မာျပည္အတြက္ဆို ဒီလို အပူကာကြယ္ႏိုင္တဲ့ ေစာင္ေတြ၊ တထပ္ ဒါမွမဟုတ္ ၂ ထပ္ ၿခံဳၿပီးေတာ့ သြားတာေကာင္းတယ္။ ေနာက္ၿပီးေတာ့ အဲဒီလို ဒရုန္းေတြ လာေနမယ္ ဆိုရင္ ေျပးေနမယ့္အစား မွန္ေတြဘာေတြ ရွိတဲ့ေနရာကေန ကြယ္ေနတာ ေကာင္းတယ္။
ေမး။. ။ ဘာေၾကာင့္မွန္ေတြရွိတဲ့ေနရာကို အကာကြယ္ယူရတာပါလဲ။
ေျဖ။. ။ သူက မွန္ဆိုရင္ သူက အပူက အျပင္ကို မထြက္ဖူး ေပါ့ေနာ္။ ဒါေပမယ္ ့ မွန္ကိုေတာ့ သူက လက္နဲ႔သြားကိုင္လို႔ေတာ့ မရဘူး။ မွန္ကို လက္နဲ႔သြားကိုင္လိုက္ရင္ေတာ့ အဲဒီမွန္မွာ လူရဲ့ အပူက က်န္ခဲ့တယ္။ တေျဖးေျဖးနဲ႔ ေရာက္လာတယ္။ က်ေနာ္တို႔ thermal scanner နဲ႔ၾကည့္ရင္ ေသေသခ်ာခ်ာ ျမင္ေတြ႔ႏိုင္ပါတယ္။
အဲဒီ ကာကြယ္တဲ့ ပစၥည္းေတြကေတာ့ Mylar blanket လို႔ေခၚတဲ့ ကုလသမဂၢက ႏိုင္ငံတကာမွာ လႈေပးေနတဲ့ Thermal blanket ေတြ သံုးလို႔ရတယ္။
အဲဒါက ေသးေသးေလးေတြပဲ။ ေပါ့ေပါ့ေလးေတြ၊ တေဒၚလာေတာင္ မေပးရပါဘူး။ အဲဒါမ်ိဳးေလးေတြ၊ ဝယ္ၿပီးေတာ့ သံုးၿပီးေတာ့ ကာကြယ္ထားလို႔ရတယ္။ ဒါမွမဟုတ္ရင္၂ ခု ၃ ခုေလာက္ဝယ္ထားၿပီးေတာ့ ကာကြယ္ၿပီေတာ့ ေျပးလို႔လႊားလို႔ ရတယ္။ ဒါေပမယ့္ မေျပးတာလဲ ေကာင္းတာေပါ့ေနာ္။ အဲဒီလို ဒရုန္းေတြ ဘာေတြ လာတဲ့ အခ်ိန္မွာ ၿငိမ္ေနၿပီးေတာ့ ကာကြယ္ရမယ့္ ပစၥည္းေတြနဲ႔ကာကြယ္ၿပီးေတာ့ ရပ္ေနတာ ေကာင္းတယ္ေပါ့ေနာ္။ တကယ္လို႔ ေျပးမယ္ ဆိုရင္ေတာင္မွ အုပ္စု တစုထဲ မေျပးပဲနဲ႔ ခြဲေျပးတာ ေကာင္းတယ္။ ဘာလို႔လည္း ဆိုေတာ့ ခြဲေျပးရင္ သူတို႔ ရွာရတာ ခက္တာ ေပါ့ေနာ္။ ဒရုန္းတင္ မဟုတ္ဖူးေပါ့။ ဒီ ကြန္ျပဴတာ guided missile ( ကြန္ျပဴတာသံုး ပစ္ခတ္တဲ့ဒုံးက်ည္) ပါတဲ့ ဒရုန္းေတြဆိုလည္း အဲဒီလိုမ်ိဳး ေျပးတာ အေကာင္းဆံုး ပါပဲ။ ဒါကေတာ့ အေျခခံ ကာကြယ္တဲ့ နည္းေလး ေပ့ါေနာ္။
ေမး။. ။ ေနာက္ လူရဲ့ ကိုယ္ထဲက electromagnetic (field ) လ ွ်ပ္စစ္သံလိုင္း လႈိင္း ေတြက ထြက္ပါတယ္။ ဒါကိုေရာ ဒရုန္းေတြက ဖမ္းလို႔ ရပါသလား။
ေျဖ။. ။ဟုတ္ကဲ့ ။ ရပါတယ္။ အဲဒါေတြကို ကာကြယ္ဖုိ႔ အတြက္ ခုနေျပာတဲ့ ပစၥည္းအမ်ိဳးအစား သံုးရမယ္။ လ ွ်ပ္စစ္သံလိုက္နဲ႔ အပူ ကာကြယ္တဲ့ electromagnetic - thermal protection ျဖစ္တဲ့ ေစာင္ေတြရွိတယ္။ မိုင္လာ blanket လိုမ်ိဳး emergency blanket လိုမ်ိဳး ဟာေတြရွိတယ္။ အဲဒါေတြကို သံုးလို႔ရပါတယ္။ ေနာက္ အလြယ္တကူ ေျပာရင္ေတာ့ တခ်ိဳ႕ ထီးေတြ ဘာေတြမွာဆိုရင္လည္း ထီးအရြက္ အကာ အသားက အဲဒီလို ကာကြယ္လို႔ ရတာ မ်ိဳးေတြ ရွိပါတယ္။ အမွန္ဆိုရင္ေတာ့ အဲဒီအသားက ႏိုင္လြန္နဲ႔ ခပ္ဆင္ဆင္ပဲ။ diamong foil ေလးလို ဟာမ်ိဳး ေပါ့ေနာ္။ သူက ခပ္ေပ်ာ့ေပ်ာ့ ေလးပဲ။ ကၽြတ္ကၽြတ္-အိတ္လို အသားကေတာ့။ အဲဒါေလးေတြရွိပါတယ္။ အဲဒါေလးေတြက ေတာ္ေတာ္ ကာကြယ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားသံုးေနတာပါ။
ေမး။. ။ ျမန္မာႏိုင္ငံမွာက ဒရုန္းနဲ႔ပတ္သက္ၿပီး သိပ္မယဥ္ပါး ၾကေသးဘူး။ အဲဒီေတာ့ ဒရုန္းပ်ံေနတယ္၊ မပ်ံဘူး။ အဲဒါကို ေျမျပင္ကေနၿပီးေတာ့ ဒရုန္းလာေနတယ္။ မလာဘူး၊ ဆိုတာ ဘယ္လိုလုပ္ သိႏိုင္မလဲ။
ေျဖ။. ။ဒရုန္းကို ဖမ္းရင္ေတာ့ ဒရုန္း scanner ေတြနဲ႔ ေရဒီယို frequency scanner ေတြနဲ႔ေပါ့ေနာ္၊ သံုးမွ ရပါမယ္။ သူတုိ႔က အခု CH3 လိုမ်ိဳး ဒရုန္းကေတာ့ သူတို႔က မီတာ တေသာင္း အထက္မွာ ပ်ံေတာ့။ သူတုိ႔ကို ေတာ္ရံု တန္ရံုနဲ႔ေတာ့ ဖမ္းလို႔ မရဘူး ေပါ့ေနာ္။
ကို Stanley ေဇယ်ရဲ့ ေျပာၾကားခ်က္နဲ႔ပဲ ဒီသီတင္းပတ္အတြက္ သိပၸံနဲ႔နည္းပညာက႑ကို ဒီမွာပဲ ရပ္နားလိုက္ပါရေစ။
# ဒီတ႐ုတ္ဒ႐ုန္းယာဥ္ေတြကို မိတၳီလာ ရွမ္းတဲ ေလတပ္အေျခစိုက္စခန္းမွာ ေတြ႔ရတယ္လို႔ CSIS က ေကာင္းကင္ၿဂိဳဟ္တုဓာတ္ပံုေတြနဲ႔ အတည္ျပဳထားသလို CH-3A ဒ႐ုန္းေတြကို တ႐ုတ္အစိုးရ အာကာသသိပၸံနဲ႔ နည္းပညာဌာန CASC လက္ေအာက္က ေလေၾကာင္းဆိုင္ရာဌာန China Aerospace Long-March International က တည္ေဆာက္တာလို႔လည္း ေျပာပါတယ္။
ျမန္မာႏိုင္ငံကို ၂၀၁၀ ကေန ၂၀၁၉ အတြင္း လက္နက္တင္ပို႔မႈမွာ တ႐ုတ္က ၅၆ ရာခုိင္ႏႈန္း၊ ႐ုရွားက ၃၁.၆ ရာခုိင္ႏႈန္းနဲ႔ က်န္တာကို ယူကရိန္း၊ ေျမာက္ကိုရီးယားနဲ႔ အစၥေရး အပါအဝင္ တျခားႏိုင္ငံေတြက တင္ပို႔တာျဖစ္ေၾကာင္း စေတာ့ဟုမ္း ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးသိပၸံ SIPRI ကရတဲ့ အခ်က္အလက္ေတြေပၚ မူတည္ၿပီး Asia Times မွာ ေဖာ္ျပထား
ပါတယ္။ ဒါ့အျပင္ ၂၀၁၀ ကေန ၂၀၁၉ အတြင္း လက္နက္ဝယ္ယူတဲ့ ေငြပမာဏ စုစုေပါင္းဟာ အေမရိကန္ေဒၚလာ ၂.၅ ဘီလီယံ ရွိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။
Unicode
ဒီတပတ်တော့ မြန်မာနိုင်ငံမှာ တွေ့နေရတဲ့ ထောက်လှန်းရေး၊ စောင့်ကြည့်ရေးနဲ့ ကင်းထောက်ရေး တွေမှာသုံးတဲ့ ISR (Intelligence, Surveillance and Reconnaissance) အမျိုးအစား ဒရုန်းယာဉ်တွေနဲ့ ဒီဒရုန်းတွေနဲ့ ထောက်လှန်းမှုကို ဘယ်လိုရှောင်နိုင်တယ် ဆိုတာတွေကို အမေရိကန် IT နည်းပညာရှင်တဦးဖြစ်တဲ့ ကို Stanley ဇေယျ ကို မေးမြန်းပြီး တင်ပြပေးမှာပါ။
မကြာသေးခင်က မန္တလေးမြို့ပေါ်တဝိုက်မှာ တွေ့နေရတဲ့ ဒရုန်းယာဉ်တွေဟာ မြေပြင်က ဆန္ဒပြ
လှုပ်ရှားသူတွေရဲ့ အနေထားကိုသိဖို့ သုံးတာဖြစ်နိုင်ကြောင်း Asia Time ကို ကိုးကား ပြီး ANI သတင်းမှာဖော်ပြထားသလို မြန်မာစစ်တပ်သုံးနေတဲ့ ဒရုန်းတွေဟာ ထောက်လှန်းရေးသုံး တရုတ်လုပ် CH-3A တွေဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Janes International Defense Review နဲ့ ဝါရှင်တန်အခြေစိုက် CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့တို့က အတည်ပြုထားပါတယ်။
မေး။။ မိတ္ထီလာမှာရှိတဲ့ ရှမ်းတဲလေတပ်စခန်းနားမှာ တရုတ်လုပ်တဲ့ CH 3 အမျိုးအစား ဒရုန်းတွေကို တွေ့ရတယ် ဆိုပြီး ဓါတ်ပုံနဲ့တကွ CSIS ကနေပြီး satellite ကောင်းကင်ဓါတ်ပုံတွေနဲ့တကွ ပြထားပါတယ်။ ဒီဒရုန်းတွေကို ဘယ်နေရာတွေမှာ အဓိက သုံးသလဲ ပြောပြပေးပါ။
ဖြေ။။ ဟုတ်ကဲ့ သူတို့လက်ရှိ တရုတ်လုပ်ဒရုန်း ဘယ်နေရာမှာ သုံးသလဲဆိုရင် အခု နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ သပိတ်တွေ၊ နောက်ပြီးတော့ တိုင်းရင်းသားအဖွဲ့တွေ အတွက် သူတို့ စုံစမ်း ထောက်လှန်းတဲ့ နေရာမှာ အသုံးပြုလို့ ရတာပေါ့။
မေး။။ ဒီဒရုန်းတွေကို အဓိက က ထောက်လှန်းတဲ့နေရာမှာ သုံးနေတာ ပေါ့နော်။
ဖြေ။။ ဟုတ်ကဲ့။ ဒီထောက်လှန်းတဲ့ နေရာမှာပဲ အဓိက သုံးတယ်။ တရုတ်ကထုတ်တဲ့ CH3 အမျိုးအစား ဒရုန်းက အခု မြန်မာပြည်က လက်ရှိ ရယူထားတာကတော့ surveillance ဒရုန်း ပေါ့နော်။ ထောက်လှန်းရေး ဒရုန်းလို့ပဲ။ အဲဒါကတောင် ဒေါ်လာ ၄ သန်းလောက် ရှိပါတယ်။ တစီးကို။ ၃ သန်းနဲ့ ၄ သန်းလောက် ရှိပါတယ်။ အခု ထောက်လှန်းရေးဒရုန်းမဟုတ်ပဲနဲ့ တခြား missile ဒုံးလက်နက် တပ်ပြီး ပစ်လို့ရတဲ့ ဒရုန်းတွေကိုလည်း သူတို့ ရယူကောင်း ရယူပြီးတော့ သူတို့အသုံးပြုနိုင်ပါတယ်။ ဒါကတော့ စစ်တပ်ကဆိုတော့ သူတို့ကို ဘယ်လိုမှ ခန့်မှန်းလို့ မရဘူး။ ဒါပေမယ့် တရုတ်နဲ့ အခုသူတို့ အဆင်ပြေနေတော့ သူတို့မှာ ရှိကောင်းရှိဖို့ ခန့်မှန်းရတယ် ပေါ့နော်။
မေး။။ ဒီ ဒရုန်းတွေကို ထောက်လှန်းတဲ့နေရာမှာ သုံးတယ်ဆိုတော့ အခုဆိုရင် ဆန္ဒပြတဲ့ လူငယ်လေးတွေ၊ ထွက်ပြေးနေတာတွေရှိတယ်။ပုန်းအောင်းနေတာတွေရှိတယ်။ သူတို့တွေ ဒီလို ဒရုန်းတွေနဲ့ ထောက်လှန်းတာကို ရှောင်နိုင် တိမ်းနိုင်လို့များ ရပါသလား။
ဖြေ။။ဟုတ်ကဲ့ရပါတယ်။ ဒီထောက်လှန်းရေး ဒရုန်းတွေကို ရှောင်မယ်ဆိုရင် သူတို့ကဒီ thermal imaging လို့ခေါ်တဲ့ အပူလှိုင်းကို ရှာပြီးတော့ scan လုပ်တာပေါ့နော်။ image လုပ်ပြီးတော့ လူတွေ ထွက်ပြေးတဲ့ နေရာကို ရှာတာ။
အဲဒီတော့ ပြောမယ် ဆိုရင်တော့ ကျနော်တို့ ခန္ဓာကိုယ်ထဲကနေ အပူငွေ့တွေ ထွက်တယ်။ အဲဒီလို အပူငွေ့တွေ ထွက်တာကို ကာကွယ်ဖို့ ခြုံလို့ရတဲ့ ပစ္စည်းတွေ ဥပမာ အားဖြင့် အရေးပေါ်သုံးစောင် emergency blanket လို့ခေါ်တယ်။ ကျနော်တို့ ကုလသမဂ္ဂ UN ကထုတ်တဲ့ အရေးပေါ်သုံးခြုံစောင် - မိုင်လာ Mylar blanket လို့ခေါ်တယ်။ အဲဒါမျိုးလေးတွေကို ခြုံပြီး သွားမယ်ဆိုရင်။ ဟို တချို့ စောင်တွေမှာလည်း ပါပါတယ်။ ၁၀၀ % ချည်ထည်မျိုးမှာ thermal heat protection အပူဒဏ် အကာကွယ်ပေးတာ ပါတဲ့ စောင်တွေ ရှိပါတယ်။ ဘယ်လိုခေါ်မလဲ ဆိုတော့ အလွယ်တကူနဲ့ ဈေးတွေမှာ ဝယ်လို့ရတာ ရှိပါတယ်။ အဲဒါမျိုးတွေ ခြုံပြီးတော့ ကာထားလို့ ရပါတယ်။
အဓိက ကတော့ ပြေးတဲ့အခါမှာ ပေါ့နော်၊ ခန္ဓာကိုယ်ကနေ heat က အပူက အရမ်းထုတ်ပေးတယ်။ ဆိုတော့ အပူငွေ့များများ ထွက်လေလေ၊ သူတို့ ဒရုန်းတွေကနေ ရှာနိုင်လေပဲ။
အဲဒီတော့ သာမန်လူ တယောက် ထိုင်နေတဲ့လူတယောက်နဲ့တော့ မတူဘူး ပေါ့နော်။ အဲဒီလို ပြေးလွှားပြီး အဲလို ပြေးနေတဲ့လူမှာဆိုရင် ကျနော်တို့ လူခန္ဒာကိုယ်တွေ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်တွေ ဆိုရင် အပူငွေ့ များများထွက်တယ်။ အဲဒီတော့ အဲဒီလို အပူငွေ့ များများ မထွက်အောင် အကာကွယ်ပေးနိုင်မယ့် ပစ္စည်းအမျိုးအစားတွေသုံးပြီး ကာကွယ်နိုင် ဝတ်လို့ရနိုင်ပါတယ်။ thermal protection ဂျက်ကက်တွေ ဘာတွေလည်း ရှိပါတယ်။ ဈေးမှာ။ ဈေးပေါပေါနဲ့ ရနိုင်ပါတယ်။
အဓိကကတော့။ အလွယ်တကူဆိုရင်တော့ မြန်မာပြည်အတွက်ဆို ဒီလို အပူကာကွယ်နိုင်တဲ့ စောင်တွေ၊ တထပ် ဒါမှမဟုတ် ၂ ထပ် ခြုံပြီးတော့ သွားတာကောင်းတယ်။ နောက်ပြီးတော့ အဲဒီလို ဒရုန်းတွေ လာနေမယ် ဆိုရင် ပြေးနေမယ့်အစား မှန်တွေဘာတွေ ရှိတဲ့နေရာကနေ ကွယ်နေတာ ကောင်းတယ်။
မေး။. ။ ဘာကြောင့်မှန်တွေရှိတဲ့နေရာကို အကာကွယ်ယူရတာပါလဲ။
ဖြေ။. ။ သူက မှန်ဆိုရင် သူက အပူက အပြင်ကို မထွက်ဖူး ပေါ့နော်။ ဒါပေမယ့် မှန်ကိုတော့ သူက လက်နဲ့သွားကိုင်လို့တော့ မရဘူး။ မှန်ကို လက်နဲ့သွားကိုင်လိုက်ရင်တော့ အဲဒီမှန်မှာ လူရဲ့ အပူက ကျန်ခဲ့တယ်။ တဖြေးဖြေးနဲ့ ရောက်လာတယ်။ ကျနော်တို့ thermal scanner နဲ့ကြည့်ရင် သေသေချာချာ မြင်တွေ့နိုင်ပါတယ်။
အဲဒီ ကာကွယ်တဲ့ ပစ္စည်းတွေကတော့ Mylar blanket လို့ခေါ်တဲ့ ကုလသမဂ္ဂက နိုင်ငံတကာမှာ လှုပေးနေတဲ့ Thermal blanket တွေ သုံးလို့ရတယ်။
အဲဒါက သေးသေးလေးတွေပဲ။ ပေါ့ပေါ့လေးတွေ၊ တဒေါ်လာတောင် မပေးရပါဘူး။ အဲဒါမျိုးလေးတွေ၊ ဝယ်ပြီးတော့ သုံးပြီးတော့ ကာကွယ်ထားလို့ရတယ်။ ဒါမှမဟုတ်ရင်၂ ခု ၃ ခုလောက်ဝယ်ထားပြီးတော့ ကာကွယ်ပြီတော့ ပြေးလို့လွှားလို့ ရတယ်။ ဒါပေမယ့် မပြေးတာလဲ ကောင်းတာပေါ့နော်။ အဲဒီလို ဒရုန်းတွေ ဘာတွေ လာတဲ့ အချိန်မှာ ငြိမ်နေပြီးတော့ ကာကွယ်ရမယ့် ပစ္စည်းတွေနဲ့ကာကွယ်ပြီးတော့ ရပ်နေတာ ကောင်းတယ်ပေါ့နော်။ တကယ်လို့ ပြေးမယ် ဆိုရင်တောင်မှ အုပ်စု တစုထဲ မပြေးပဲနဲ့ ခွဲပြေးတာ ကောင်းတယ်။ ဘာလို့လည်း ဆိုတော့ ခွဲပြေးရင် သူတို့ ရှာရတာ ခက်တာ ပေါ့နော်။ ဒရုန်းတင် မဟုတ်ဖူးပေါ့။ ဒီ ကွန်ပြူတာ guided missile ( ကွန်ပြူတာသုံး ပစ်ခတ်တဲ့ဒုံးကျည်) ပါတဲ့ ဒရုန်းတွေဆိုလည်း အဲဒီလိုမျိုး ပြေးတာ အကောင်းဆုံး ပါပဲ။ ဒါကတော့ အခြေခံ ကာကွယ်တဲ့ နည်းလေး ပေ့ါနော်။
မေး။. ။ နောက် လူရဲ့ ကိုယ်ထဲက electromagnetic (field ) လ ျှပ်စစ်သံလိုင်း လှိုင်း တွေက ထွက်ပါတယ်။ ဒါကိုရော ဒရုန်းတွေက ဖမ်းလို့ ရပါသလား။
ဖြေ။. ။ဟုတ်ကဲ့ ။ ရပါတယ်။ အဲဒါတွေကို ကာကွယ်ဖို့ အတွက် ခုနပြောတဲ့ ပစ္စည်းအမျိုးအစား သုံးရမယ်။ လ ျှပ်စစ်သံလိုက်နဲ့ အပူ ကာကွယ်တဲ့ electromagnetic - thermal protection ဖြစ်တဲ့ စောင်တွေရှိတယ်။ မိုင်လာ blanket လိုမျိုး emergency blanket လိုမျိုး ဟာတွေရှိတယ်။ အဲဒါတွေကို သုံးလို့ရပါတယ်။ နောက် အလွယ်တကူ ပြောရင်တော့ တချို့ ထီးတွေ ဘာတွေမှာဆိုရင်လည်း ထီးအရွက် အကာ အသားက အဲဒီလို ကာကွယ်လို့ ရတာ မျိုးတွေ ရှိပါတယ်။ အမှန်ဆိုရင်တော့ အဲဒီအသားက နိုင်လွန်နဲ့ ခပ်ဆင်ဆင်ပဲ။ diamong foil လေးလို ဟာမျိုး ပေါ့နော်။ သူက ခပ်ပျော့ပျော့ လေးပဲ။ ကျွတ်ကျွတ်-အိတ်လို အသားကတော့။ အဲဒါလေးတွေရှိပါတယ်။ အဲဒါလေးတွေက တော်တော် ကာကွယ်ပါတယ်။ တော်တော်များများသုံးနေတာပါ။
မေး။. ။ မြန်မာနိုင်ငံမှာက ဒရုန်းနဲ့ပတ်သက်ပြီး သိပ်မယဉ်ပါး ကြသေးဘူး။ အဲဒီတော့ ဒရုန်းပျံနေတယ်၊ မပျံဘူး။ အဲဒါကို မြေပြင်ကနေပြီးတော့ ဒရုန်းလာနေတယ်။ မလာဘူး၊ ဆိုတာ ဘယ်လိုလုပ် သိနိုင်မလဲ။
ဖြေ။. ။ဒရုန်းကို ဖမ်းရင်တော့ ဒရုန်း scanner တွေနဲ့ ရေဒီယို frequency scanner တွေနဲ့ပေါ့နော်၊ သုံးမှ ရပါမယ်။ သူတို့က အခု CH3 လိုမျိုး ဒရုန်းကတော့ သူတို့က မီတာ တသောင်း အထက်မှာ ပျံတော့။ သူတို့ကို တော်ရုံ တန်ရုံနဲ့တော့ ဖမ်းလို့ မရဘူး ပေါ့နော်။
ကို Stanley ဇေယျရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။
# ဒီတရုတ်ဒရုန်းယာဉ်တွေကို မိတ္ထီလာ ရှမ်းတဲ လေတပ်အခြေစိုက်စခန်းမှာ တွေ့ရတယ်လို့ CSIS က ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေနဲ့ အတည်ပြုထားသလို CH-3A ဒရုန်းတွေကို တရုတ်အစိုးရ အာကာသသိပ္ပံနဲ့ နည်းပညာဌာန CASC လက်အောက်က လေကြောင်းဆိုင်ရာဌာန China Aerospace Long-March International က တည်ဆောက်တာလို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံကို ၂၀၁၀ ကနေ ၂၀၁၉ အတွင်း လက်နက်တင်ပို့မှုမှာ တရုတ်က ၅၆ ရာခိုင်နှုန်း၊ ရုရှားက ၃၁.၆ ရာခိုင်နှုန်းနဲ့ ကျန်တာကို ယူကရိန်း၊ မြောက်ကိုရီးယားနဲ့ အစ္စရေး အပါအဝင် တခြားနိုင်ငံတွေက တင်ပို့တာဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသိပ္ပံ SIPRI ကရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး Asia Times မှာ ဖော်ပြထား
ပါတယ်။ ဒါ့အပြင် ၂၀၁၀ ကနေ ၂၀၁၉ အတွင်း လက်နက်ဝယ်ယူတဲ့ ငွေပမာဏ စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။