သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ သတ္တုတွင်း


Burma Mine
Burma Mine

သယံဇာတ ပေါကြွယ်တဲ့ မြန်မာနိုင်ငံမှာ ပွင့်လင်းမှု မရှိခင်ကတည်းက သတ္တုတွင်း ကဏ္ဍမှာ နိုင်ငံရပ်ခြားကုမ္ပဏီတွေရဲ့ ရင်းနှီမြှပ်နှံမှုတွေ ရှိခဲ့သလို အခု ပွင့်လင်းစ ပြုလာချိန်မှာတော့ ပိုပြီး များလာနေတာပါ။

နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်မှုကစပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ စီမံခန့်ခွဲမှုအဆုံး အဘက်ဘက်က လိုအပ်မှုတွေ ရှိနေသေးတဲ့ နိုင်ငံတနိုင်ငံမို့ ဒီလိုလာရောက် ရင်းနှီးမြှပ်နံှသူတွေ ကြောင့် ထိခိုက်မှုတွေ ရှိမလာအောင် သိထားသင့်တာတွေထဲမှာ ပထမဆုံးက စာချုပ်လို့ ကို မိုင်းအင်ဂျင်နီယာ ဦးစောမိုးမြင့်ကပြောပါတယ်။

သတ္တုတူးဖေါ်မှုမှာ စာချုပ်ဟာ သိပ်အရေးပါတာက စာချုပ်ပါ အချက်လက်တွေကို ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ပေးဖို့ပါ။ စာချုပ်ထဲမှာ ဘာအချက်လက်တွေ ပါတယ်၊ ဘာကို လိုက်နာရမယ်ဆိုတာတွေ မသိခဲ့ရင် စစ်ဆေးမှုတွေ ကောင်းကောင်း မလုပ်နိုင်တဲ့ အဖြစ်ကို ကြုံရနိုင်ပါတယ်။

သတ္တုတူးဖေါ်မယ် ဆိုရင် အနဲဆုံး သဘာဝ တောတောင်တွေ ပျက်စီးတာ၊ လယ်ယာစိုက်ခင်း အသိမ်းဆည်းခံရလို့ လူနေမှုဘဝတွေကိုပါ ရိုက်ခတ်တတ်ပါတယ်။

မတူးဖေါ်ခင်ကတည်းက တူးပြီးရင် ဘာဆက်လုပ်မယ်ဆိုတဲ့ မိုင်း closure အစီအစဉ် ကိုတင်သွင်းရမှာဖြစ်သလို တူးနေချိန်မှာ ဝန်းကျင်မထိခိုက်အောင် ဘာတွေ လုပ်ပေးမယ် ဆိုတာ တင်သွင်းရတာပါ။

ဒါတွေကို သေသေချာချာ သိမထားတဲ့ဟိန္ဒားတို့၊ လက်ပံတောင်းတောင်တို့လို ဒေသတွေမှာ ဒေသတွင်း ဝန်းကျင်ပျက်စီးမှုတွေ၊ ကျန်းမာရေးထိခိုက်မှုတွေကြုံနေရတာမို့ အခု ဒေသခံတွေနဲ့ တူးဖေါ်နေတဲ့ ကုမ္ပဏီတွေကြား ပဋိပက္ခတွေ ဖြစ်ပွါးနေတာဖြစ်ပါတယ်။

အစိုးရဘက်က သတ္တုတူးဖေါ်ခွင့်မပေးခင် ဒေသရဲ့ ရေမြေ တောတောင်နဲ့ လေထုအခြေနေကအစ မူလအနေထားကို သိအောင်လုပ်ပြီး၊ သတ္တုတူးဖေါ်လို့ ရလာမယ့် အကျိုးအမြတ်နဲ့ ခံစားရမယ့် ဆိုးကျိုးကို တွက်ပြီးမှ တူးဖေါ်သင့်မသင့် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

လက်ရှိတူးဖေါ်နေဆဲ တွင်းတွေ အတွက်တော့ ထိခိုက်မှု နဲနိုင်သမျှ နဲအောင် နားလည်တတ်ကျွမ်းသူတွေနဲ့ စစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ သတ္တုတွင်း ဝန်ကြီး ဌာနအနေနဲ့လည်း ဒီလို စစ်နိုင် ဆေးနိုင်တဲ့ သတ္တုတွင်း ကျွမ်းကျင်သူတွေ၊ မိုင်းအင်ဂျင်နီယာတွေ၊ စစ်ဆေးရေးမှုးတွေ ခန့်ထားပြီး ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်တယ်လို့ ဦးစောမိုးမြင့်က ပြောပါတယ်

XS
SM
MD
LG